Connect with us

INTERNATIONAL ORGANIZATION

အမေရိကန်စစ်တပ်က ဗိုင်းရပ်စ်များ သယ်ဆောင်လာသည့်အတွက် တောင်ကိုရီးယားအစိုးရက အချက်အလက်များ ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန် တောင်းဆို

ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

မကြာသေးမီကာလအတွင်း တောင်ကိုးရီးယား အခြေစိုက် အမေရိကန် စစ်တပ်၏ ကိုဗစ်အတည်ပြုလူနာ အရေအတွက် စံချိန်တင် မြင့်မားခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်အများစုက အားလပ်ရက်အပြီး အမေရိကန်မှ တောင်ကိုးရီးယားသို့ ပြန်ရောက်လာစဉ် ကိုရိုနာဗိုင်းရပ်စ်များ သယ်ဆောင်လာခြင်းမှာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆိုးဝါးသော အန္တရာယ်တစ်ခုဖြစ်ကြောင်း၊ ၎င်းနှင့်ပတ်သက်၍ အမေရိကန်စစ်တပ်နှင့် ညှိနှိုင်းခဲ့ပြီး ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ရရှိရန်နှင့် ကပ်ရောဂါကို ပိုမိုကောင်းမွန်စွာကိုင်တွယ်ရန်အတွက် ပွင့်လင်းမြင်သာသော အချက်အလက်များ တိုးမြှင့်သိရှိရန် မျှော်လင့်ထားကြောင်း တောင်ကိုရီးယား၏ ကူးစက်ရောဂါကာကွယ်ရေးဌာနက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။တောက်ကိုးရီးယားနိုင်ငံ ဗဟိုကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနက ၎င်းတို့သည် တောင်ကိုရီးယား အခြေစိုက်အမေရိကန်စစ်တပ်၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေး ဝန်ကြီးဌာန၊ Gyeonggi ခရိုင် ပြုံးတုံမြို့ ဒေသဆိုင်ရာ အစိုးရများနှင့် ဇန်နဝါရီ ၁၃ ရက်နေ့၌ တွေ့ဆုံခဲ့ပြီး တောင်ကိုရီးယား အခြေစိုက် အမေရိကန်စစ်တပ်၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုကို အားကောင်းစေရေးစသည့် ကိစ္စရပ်များကို ဇန်နဝါရီ ၁၄ ရက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

မကြာသေးမီက တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွင် ကပ်ရောဂါ လျင်မြန်စွာပျံ့နှံ့နေပြီး ဇန်နဝါရီ ၄ ရက်မှ ၁၀ ရက်အထိ ရက်သတ္တပတ်တစ်ပတ်အတွင်း အမေရိကန်စစ်အခြေစိုက်စခန်း၌ ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၁,၅၉၉ ဦး တွေ့ရှိခဲ့ပြီး လွန်ခဲ့သည့်သီတင်းပတ်က အတည်ပြုလူနာ ၆၈၂ ဦးထက် သိသိသာသာ တိုးလာကာ နှစ်ပတ်ဆက်တိုက် အတည်ပြုလူနာအရေအတွက် စံချိန်တင်မြင့်မားလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြို့တော်ဧရိယာတွင် တည်ရှိသော Gyeonggi-do ရှိ အမေရိကန်အခြေစိုက်စခန်းသည် ကပ်ရောဂါဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်လာခဲ့သည်။ Gyeonggi-do အစိုးရမှ ထုတ်ပြန်သည့် အချက်အလက်များအရ ပြီးခဲ့သည့်လ ၂၆ ရက်မှ ယခုလ ၁၀ ရက်နေ့အထိ အဆိုပါဒေသတွင် စခန်းချထားသည့် အမေရိကန်တပ်ဖွဲ့ဝင် ၉၅၁ ဦးတွင် ရောဂါပိုးတွေ့ရှိမှုအတည်ပြုခဲ့ရာ ဒေသဆိုင်ရာ အစိုးရကို စိုးရိမ်ပူပန်စေကြောင်း သိရသည်။

နှစ်သစ်ကူးနေ့ မတိုင်မီ ၆ ရက်အတွင်း နေ့စဉ်ပျမ်းမျှအတည်ပြုလူနာ ၃၆ ဦးနီးပါးသာရှိပြီး နှစ်သစ်ကူးနေ့နောက်ပိုင်း ၁၀ ရက်အတွင်း နေ့စဉ်ပျမ်းမျှအတည်ပြုလူနာ ၇၀ ကျော်အထိ မြင့်တက်လာခဲ့သည်။ Gyeonggi-do အစိုးရ၏ လေ့လာသုံးသပ်မှုအရ အဓိကအကြောင်းအရင်းမှာ အမေရိကန် စစ်သားများသည် နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း အမေရိကန်သို့ ပြန်သွားကြပြီး လူအများနှင့် ထိတွေ့၍ ကိုဗစ်ရောဂါကူးစက်ခံရကြောင်းဖြစ်သည်ဟု ယူဆကြသည်။

တောင်ကိုရီးယားဗဟိုကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၃ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် တောင်ကိုရီးယားသည် ၎င်းတွင်အခြေစိုက်ထားသော အမေရိကန် စစ်တပ်၏ နေ့စဉ်ကိုဗစ်ကူးစက်ခံရမှု အချက်အလက်ကို ပုံမှန်ရရှိလိုကြောင်း ပြောကြားခဲ့သည်။ ညှိနှိုင်းဆွေးနွေးပြီးနောက် အမေရိကန်စစ်တပ်သည် သတင်းစာရှင်းလင်းပွဲ သို့မဟုတ် သတင်းထုတ်ပြန်ခြင်းဖြင့် အချက်အလက်များကို ထုတ်ပြန်မည်ဖြစ်ဟု ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၄ ရက်က တောင်ကိုရီးယား အခြေစိုက် အမေရိကန်စစ်တပ်သည် ၎င်း၏တရားဝင်ဝက်ဘ်ဆိုဒ်တွင် အမေရိကန်စစ်တပ်များ တောင်ကိုရီးယားသို့ဝင်ရောက်သည့်အခါ ကူးစက်ရောဂါကာကွယ်ရေးမူဝါဒသစ်ကို ဂရုပြုရန်နှင့် ဇန်နဝါရီ ၂၀ ရက်မှစတင်၍ Nucleic acid စမ်းသပ်မှုအချိန်ကို ထွက်ခွာချိန်မတိုင်မီ ၇၂ နာရီမှ ၄၈ နာရီသို့ ပြောင်းလဲခဲ့ကြောင်း ဖော်ပြထားသည်။

တောင်ကိုရီးယား အခြေစိုက် အမေရိကန်စစ်တပ်တွင် ကပ်ရောဂါကူးစက်မှု အရေအတွက် တဟုန်ထိုး မြင့်တက်လာသည့် သတင်းသည် အံ့သြဖွယ်မဟုတ်ကြောင်း၊ ၎င်းတို့က ယခင်နှစ် ဒီဇင်ဘာ ၁၇ ရက်တွင် Pyeongtaek မြို့ရှိ Humphreys Barracks ၌ နှစ်ကုန်ပိုင်းအခမ်းအနား ကျင်းပခဲ့ရာ လူ ၄၀၀ နီးပါးပါဝင်ခဲ့သည့် ဗီဒီယိုဖိုင်သည် မကြာသေးမီက တောင်ကိုရီးယား လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။

ဗီဒီယိုဖိုင်တွင် အမေရိကန်စစ်သားများက စားပွဲဝိုင်းတွင်ထိုင်ကာ စားသောက်နေကြပြီး ကပြဖျော်ဖြေသူ အမျိုးသမီးများလည်းပါဝင်ကြောင်း၊ ဗီဒီယိုထဲမှ လူအများစုသည် နှာခေါင်းစည်းမတပ်ကြသလို တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်မှုလည်း မရှိကြောင်း တွေ့ရသည်။

အဆိုပါ ဗီဒီယိုကို ကိုရီးယား အင်တာနက် အသုံးပြုသူများက ပြင်းထန်ဝေဖန်ခဲ့ကြပြီး၊ တောင်ကိုးရီးယား၏ပြင်းထန်သော ကပ်ရောဂါဖြစ်ပွားမှုအခြေအနေတွင် အမေရိကန်စစ်တပ်သည် ကပ်ရောဂါကာကွယ်ရေးစည်းမျဉ်းများကို ဂရုမစိုက်ကြောင်း၊ နှာခေါင်းစည်းမတပ်သည့်အပြင် လူချင်းခပ်ခွာခွာနေရမည့် အကွာအဝေးစည်းမျဉ်းကို တင်းကြပ်စွာမလိုက်နာကြောင်း၊ ၎င်းသည် ကပ်ရာဂါပျံ့နှံစေခဲ့သည့် အကြောင်းအရင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

ထို့နောက် တောင်ကိုရီးယား အခြေစိုက် အမေရိကန်စစ်တပ်သည် ၎င်း၏ ကပ်ရောဂါ ကာကွယ်ရေး အစီအမံများကို ပြန်လည်တင်းကြပ်ခဲ့ပြီး တောင်ကိုရီးယားရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများအား ကုန်တိုက်ကြီးများ၊ အရက်ဘားများ၊ အားကစားရုံများ၊ ချွေးထုတ်ခန်းများ စသည့်နေရာများသို့ မသွားစေရန် တားမြစ်ထားသည်။ ဆိုးလ်မြို့သို့ တရားဝင်အလုပ်လုပ်ရန်သွားရောက်သူနှင့် ဒေသခံများမှလွဲ၍ အခြားသူများအနေဖြင့် ဆိုးလ်မြို့သို့ ခရီးသွားခွင့်မပြုထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

美军人员“带毒”赴韩 韩国政府急求“透明数据”
2022-01-15 10:05:43 分类: 社会
新华社北京1月15日电 驻韩美军近期新冠
确诊病例数连创新高,不少人员在美国度假后“带毒”返回韩国,对疫情防控造成严重威胁。韩国防疫部门14日说,已与美军协商,希望定期获得疫情信息,提高数据透明度,以便更妥善应对疫情。

韩国中央防疫对策本部14日说,这一部门13日与驻韩美军、行政安全部和京畿道平泽市等地方政府召开会议,讨论如何加强驻韩美军相关疫情防控。

驻韩美军基地疫情近期呈急速蔓延势头。1月4日至10日一周内,美军基地新增确诊病例1599例,较此前一周的682例大幅增加,连续两周刷新确诊病例数新高。

位于首都圈的京畿道成为驻韩美军疫情“震中”。根据京畿道政府发布的数据,上月26日至本月10日,驻扎在当地的美军新增确诊病例达951例,引发当地政府担忧。

以元旦为分界点来看,之前6天日均确诊病例接近36例,之后10天日均确诊病例猛增至70多例。京畿道政府分析认为,这背后主要原因可能是美军人员在岁末年初之际返回美国度假,与人接触机会较多,导致感染新冠病毒。
韩国中央防疫对策本部一名发言人说,在13日举行的会议上,韩方表示希望定期获得驻韩美军每日新增确诊病例数据。经过协商,美军方面将以发布会或新闻简报方式公布相关数据。

驻韩美军14日在官网发文,提醒美军及相关人员入境韩国时注意新的防疫政策。自20日起,入境前的核酸检测采样时间从出发前72小时缩短至48小时。
驻韩美军感染人数激增的消息并不让人意外。此前流传于韩国社交网站的一段视频显示,驻韩美军去年12月17日在位于平泽市的汉弗莱斯军营举办年底庆祝活动,近400人聚在一起吃喝玩乐。
视频中,美军士兵围坐在圆桌旁大快朵颐,多名女性舞者随着流行歌曲热舞。视频中绝大多数人没有戴口罩,更没有保持社交距离。
这段视频引发韩国网友批评。一些人指责美军不重视防疫规定,在韩国疫情严峻的背景下不戴口罩、没有严格保持社交距离,导致疫情蔓延。
驻韩美军随后收紧防疫措施,禁止驻韩美军相关人员前往基地外的商场、酒吧、健身房和桑拿房等设施。除执行公务和居住在首尔的人员外,其他人不得前往首尔。(张旌)
图说1-2021年11月29日,佩戴口罩的市民在韩国首尔乘坐公交车。(新华社记者王益亮摄)
图说2-2015年3月25日,在韩国京畿道抱川,驻韩美军士兵在演习中。(新华社发,姜惺彬摄)
…………………………………………
(Zawgyi Version)

အေမရိကန္စစ္တပ္က ဗိုင္းရပ္စ္မ်ား သယ္ေဆာင္လာသည့္အတြက္ ေတာင္ကိုရီးယားအစိုးရက အခ်က္အလက္မ်ား ပြင့္လင္းျမင္သာစြာထုတ္ျပန္ေပးရန္ ေတာင္းဆို

ေပက်င္း၊ ဇန္နဝါရီ ၁၅ ရက္ (ဆင္ဟြာ)

မၾကာေသးမီကာလအတြင္း ေတာင္ကိုးရီးယား အေျခစိုက္ အေမရိကန္ စစ္တပ္၏ ကိုဗစ္အတည္ျပဳလူနာ အေရအတြက္ စံခ်ိန္တင္ ျမင့္မားခဲ့ေၾကာင္း၊ တပ္ဖြဲ႕ဝင္အမ်ားစုက အားလပ္ရက္အၿပီး အေမရိကန္မွ ေတာင္ကိုးရီးယားသို႔ ျပန္ေရာက္လာစဥ္ ကို႐ိုနာဗိုင္းရပ္စ္မ်ား သယ္ေဆာင္လာျခင္းမွာ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ဆိုးဝါးေသာ အႏၲရာယ္တစ္ခုျဖစ္ေၾကာင္း၊ ၎ႏွင့္ပတ္သက္၍ အေမရိကန္စစ္တပ္ႏွင့္ ညႇိႏႈိင္းခဲ့ၿပီး ကပ္ေရာဂါဆိုင္ရာ သတင္းအခ်က္အလက္မ်ားကို ရရွိရန္ႏွင့္ ကပ္ေရာဂါကို ပိုမိုေကာင္းမြန္စြာကိုင္တြယ္ရန္အတြက္ ပြင့္လင္းျမင္သာေသာ အခ်က္အလက္မ်ား တိုးျမႇင့္သိရွိရန္ ေမွ်ာ္လင့္ထားေၾကာင္း ေတာင္ကိုရီးယား၏ ကူးစက္ေရာဂါကာကြယ္ေရးဌာနက ဇန္နဝါရီ ၁၄ ရက္တြင္ ေျပာၾကားခဲ့သည္။

ေတာက္ကိုးရီးယားႏိုင္ငံ ဗဟိုကူးစက္ေရာဂါ ကာကြယ္ေရးႏွင့္ ထိန္းခ်ဳပ္ေရးဌာနက ၎တို႔သည္ ေတာင္ကိုရီးယား အေျခစိုက္အေမရိကန္စစ္တပ္၊ အုပ္ခ်ဳပ္ေရးႏွင့္ လုံၿခဳံေရး ဝန္ႀကီးဌာန၊ Gyeonggi ခ႐ိုင္ ၿပဳံးတုံၿမိဳ႕ ေဒသဆိုင္ရာ အစိုးရမ်ားႏွင့္ ဇန္နဝါရီ ၁၃ ရက္ေန႔၌ ေတြ႕ဆုံခဲ့ၿပီး ေတာင္ကိုရီးယား အေျခစိုက္ အေမရိကန္စစ္တပ္၏ ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္မႈကို အားေကာင္းေစေရးစသည့္ ကိစၥရပ္မ်ားကို ဇန္နဝါရီ ၁၄ ရက္က ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

မၾကာေသးမီက ေတာင္ကိုရီးယားႏိုင္ငံရွိ အေမရိကန္စစ္အေျခစိုက္စခန္းတြင္ ကပ္ေရာဂါ လ်င္ျမန္စြာပ်ံ႕ႏွံ႔ေနၿပီး ဇန္နဝါရီ ၄ ရက္မွ ၁၀ ရက္အထိ ရက္သတၱပတ္တစ္ပတ္အတြင္း အေမရိကန္စစ္အေျခစိုက္စခန္း၌ ထပ္တိုးကိုဗစ္အတည္ျပဳလူနာ ၁,၅၉၉ ဦး ေတြ႕ရွိခဲ့ၿပီး လြန္ခဲ့သည့္သီတင္းပတ္က အတည္ျပဳလူနာ ၆၈၂ ဦးထက္ သိသိသာသာ တိုးလာကာ ႏွစ္ပတ္ဆက္တိုက္ အတည္ျပဳလူနာအေရအတြက္ စံခ်ိန္တင္ျမင့္မားလာခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕ေတာ္ဧရိယာတြင္ တည္ရွိေသာ Gyeonggi-do ရွိ အေမရိကန္အေျခစိုက္စခန္းသည္ ကပ္ေရာဂါျဖစ္ပြားမႈ၏ ဗဟိုခ်က္ျဖစ္လာခဲ့သည္။ Gyeonggi-do အစိုးရမွ ထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ ၿပီးခဲ့သည့္လ ၂၆ ရက္မွ ယခုလ ၁၀ ရက္ေန႔အထိ အဆိုပါေဒသတြင္ စခန္းခ်ထားသည့္ အေမရိကန္တပ္ဖြဲ႕ဝင္ ၉၅၁ ဦးတြင္ ေရာဂါပိုးေတြ႕ရွိမႈအတည္ျပဳခဲ့ရာ ေဒသဆိုင္ရာ အစိုးရကို စိုးရိမ္ပူပန္ေစေၾကာင္း သိရသည္။

ႏွစ္သစ္ကူးေန႔ မတိုင္မီ ၆ ရက္အတြင္း ေန႔စဥ္ပ်မ္းမွ်အတည္ျပဳလူနာ ၃၆ ဦးနီးပါးသာရွိၿပီး ႏွစ္သစ္ကူးေန႔ေနာက္ပိုင္း ၁၀ ရက္အတြင္း ေန႔စဥ္ပ်မ္းမွ်အတည္ျပဳလူနာ ၇၀ ေက်ာ္အထိ ျမင့္တက္လာခဲ့သည္။ Gyeonggi-do အစိုးရ၏ ေလ့လာသုံးသပ္မႈအရ အဓိကအေၾကာင္းအရင္းမွာ အေမရိကန္ စစ္သားမ်ားသည္ ႏွစ္သစ္ကူးအားလပ္ရက္ကာလအတြင္း အေမရိကန္သို႔ ျပန္သြားၾကၿပီး လူအမ်ားႏွင့္ ထိေတြ႕၍ ကိုဗစ္ေရာဂါကူးစက္ခံရေၾကာင္းျဖစ္သည္ဟု ယူဆၾကသည္။

ေတာင္ကိုရီးယားဗဟိုကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူက ဇန္နဝါရီ ၁၃ ရက္တြင္ ျပဳလုပ္ေသာ အစည္းအေဝးတြင္ ေတာင္ကိုရီးယားသည္ ၎တြင္အေျခစိုက္ထားေသာ အေမရိကန္ စစ္တပ္၏ ေန႔စဥ္ကိုဗစ္ကူးစက္ခံရမႈ အခ်က္အလက္ကို ပုံမွန္ရရွိလိုေၾကာင္း ေျပာၾကားခဲ့သည္။ ညႇိႏႈိင္းေဆြးေႏြးၿပီးေနာက္ အေမရိကန္စစ္တပ္သည္ သတင္းစာရွင္းလင္းပြဲ သို႔မဟုတ္ သတင္းထုတ္ျပန္ျခင္းျဖင့္ အခ်က္အလက္မ်ားကို ထုတ္ျပန္မည္ျဖစ္ဟု ေျပာၾကားခဲ့သည္။

ဇန္နဝါရီ ၁၄ ရက္က ေတာင္ကိုရီးယား အေျခစိုက္ အေမရိကန္စစ္တပ္သည္ ၎၏တရားဝင္ဝက္ဘ္ဆိုဒ္တြင္ အေမရိကန္စစ္တပ္မ်ား ေတာင္ကိုရီးယားသို႔ဝင္ေရာက္သည့္အခါ ကူးစက္ေရာဂါကာကြယ္ေရးမူဝါဒသစ္ကို ဂ႐ုျပဳရန္ႏွင့္ ဇန္နဝါရီ ၂၀ ရက္မွစတင္၍ Nucleic acid စမ္းသပ္မႈအခ်ိန္ကို ထြက္ခြာခ်ိန္မတိုင္မီ ၇၂ နာရီမွ ၄၈ နာရီသို႔ ေျပာင္းလဲခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ေတာင္ကိုရီးယား အေျခစိုက္ အေမရိကန္စစ္တပ္တြင္ ကပ္ေရာဂါကူးစက္မႈ အေရအတြက္ တဟုန္ထိုး ျမင့္တက္လာသည့္ သတင္းသည္ အံ့ၾသဖြယ္မဟုတ္ေၾကာင္း၊ ၎တို႔က ယခင္ႏွစ္ ဒီဇင္ဘာ ၁၇ ရက္တြင္ Pyeongtaek ၿမိဳ႕ရွိ Humphreys Barracks ၌ ႏွစ္ကုန္ပိုင္းအခမ္းအနား က်င္းပခဲ့ရာ လူ ၄၀၀ နီးပါးပါဝင္ခဲ့သည့္ ဗီဒီယိုဖိုင္သည္ မၾကာေသးမီက ေတာင္ကိုရီးယား လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔ခဲ့သည္။

ဗီဒီယိုဖိုင္တြင္ အေမရိကန္စစ္သားမ်ားက စားပြဲဝိုင္းတြင္ထိုင္ကာ စားေသာက္ေနၾကၿပီး ကျပေဖ်ာ္ေျဖသူ အမ်ိဳးသမီးမ်ားလည္းပါဝင္ေၾကာင္း၊ ဗီဒီယိုထဲမွ လူအမ်ားစုသည္ ႏွာေခါင္းစည္းမတပ္ၾကသလို တစ္ဦးႏွင့္တစ္ဦး ခပ္ခြာခြာေနထိုင္မႈလည္း မရွိေၾကာင္း ေတြ႕ရသည္။

အဆိုပါ ဗီဒီယိုကို ကိုရီးယား အင္တာနက္ အသုံးျပဳသူမ်ားက ျပင္းထန္ေဝဖန္ခဲ့ၾကၿပီး၊ ေတာင္ကိုးရီးယား၏ျပင္းထန္ေသာ ကပ္ေရာဂါျဖစ္ပြားမႈအေျခအေနတြင္ အေမရိကန္စစ္တပ္သည္ ကပ္ေရာဂါကာကြယ္ေရးစည္းမ်ဥ္းမ်ားကို ဂ႐ုမစိုက္ေၾကာင္း၊ ႏွာေခါင္းစည္းမတပ္သည့္အျပင္ လူခ်င္းခပ္ခြာခြာေနရမည့္ အကြာအေဝးစည္းမ်ဥ္းကို တင္းၾကပ္စြာမလိုက္နာေၾကာင္း၊ ၎သည္ ကပ္ရာဂါပ်ံ႕ႏွံေစခဲ့သည့္ အေၾကာင္းအရင္းျဖစ္ေၾကာင္း စြပ္စြဲခဲ့သည္။

ထို႔ေနာက္ ေတာင္ကိုရီးယား အေျခစိုက္ အေမရိကန္စစ္တပ္သည္ ၎၏ ကပ္ေရာဂါ ကာကြယ္ေရး အစီအမံမ်ားကို ျပန္လည္တင္းၾကပ္ခဲ့ၿပီး ေတာင္ကိုရီးယားရွိ အေမရိကန္ စစ္ဘက္ဆိုင္ရာ ဝန္ထမ္းမ်ားအား ကုန္တိုက္ႀကီးမ်ား၊ အရက္ဘားမ်ား၊ အားကစား႐ုံမ်ား၊ ေခြၽးထုတ္ခန္းမ်ား စသည့္ေနရာမ်ားသို႔ မသြားေစရန္ တားျမစ္ထားသည္။ ဆိုးလ္ၿမိဳ႕သို႔ တရားဝင္အလုပ္လုပ္ရန္သြားေရာက္သူႏွင့္ ေဒသခံမ်ားမွလြဲ၍ အျခားသူမ်ားအေနျဖင့္ ဆိုးလ္ၿမိဳ႕သို႔ ခရီးသြားခြင့္မျပဳထားေၾကာင္း သိရသည္။ (Xinhua)

#SouthKorea, #US, #Military, #COVID_19, #Xinhua, #Myanmar, #XinhuaMyanmar, #ေတာင္ကိုးရီးယား, #အေမရိကန္, #စစ္တပ္, #ကိုဗစ္_၁၉, #ဆင္ဟြာ, #ျမန္မာ #ဆင္ဟြာျမန္မာ

ပုံစာ – ၂၀၁၅ ခုနှစ် မတ် ၂၅ ရက်က တောင်ကိုးရီးယားနိုင်ငံ Gyeonggi-do ၊ Pocheon မြို့ အခြေစိုက် အမေရိကန်စစ်တပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ် (ဆင်ဟွာ)