Connect with us

COVID-19 UPDATES

အမေရိကန်နှင့် ကနေဒါနိုင်ငံ အနောက်ပိုင်းဒေသအချို့တွင် အပူချိန် အလွန်အမင်းမြင့်မားမှုကြောင့် သေဆုံးသူ ရာနှင့်ချီရှိ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ပန်းခြံတစ်ခုတွင် ရေကစားနေကြသည့် ကလေးငယ်များအား ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းနှင့် ကနေဒါနိုင်ငံ အနောက်တောင်ပိုင်းဒေသများ၌ ယခုရက်ပိုင်းများတွင် စံချိန်တင် အပူလှိုင်းရိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အချို့ဒေသများတွင် ၁၁၀ ဒီဂရီဖာရင်ဟိုက် (၄၃.၃ ဒီဂရီစင်တီဂရိတ်ခန့်)နှင့်အထက်အထိ မြင့်တက်ခဲ့ရာ အပူလှိုင်းကြောင့် လူရာနှင့်ချီသေဆုံးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း အိုရီဂွန်ပြည်နယ်၊ ဝါရှင်တန်ပြည်နယ်နှင့် ကနေဒါနိုင်ငံနေရာအများအပြားတွင် ရက်ဆက်၍ သမိုင်းဝင်စံချိန်သစ်တင် အပူချိန်မြင့်မားခဲ့ကြောင်း သိရသည်။ အိုရီဂွန်ပြည်နယ်၏ အကြီးဆုံးမြို့ Portland တွင် အပူချိန် ၃ ရက်ဆက်တိုက် စံချိန်သစ်တင်မြင့်တက်ခဲ့ရာ အမြင့်ဆုံးအပူချိန် ၁၁၆ ဒီဂရီဖာရင်ဟိုက် (၄၆.၇ ဒီဂရီစင်တီဂရိတ်ခန့်)၊ ဝါရှင်တန်ပြည်နယ် အချို့ဒေသများတွင် အပူချိန် ၁၁၈ ဒီဂရီဖာရင်ဟိုက် (၄၇.၈ ဒီဂရီစင်တီဂရိတ်ခန့်)နှင့် ကနေဒါနိုင်ငံ အနောက်တောင်ပိုင်းဒေသများတွင် အပူချိန် ၁၁၇.၅ ဒီဂရီဖာရင်ဟိုက် (၄၇.၅ ဒီဂရီစင်တီဂရိတ်ခန့်) ဖြင့် အမြင့်ဆုံးစံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

တွေ့ကြုံခဲသည့် အပူချိန်မြင့်မားမှုများကြောင့် ဖုန်းဆက်အကူအညီတောင်းခံမှုနှင့် ဆေးရုံတွင်အရေးပေါ်ကုသသည့်လူနာအရေအတွက် တိုးပွားလာရာ အပူလျှပ်ခြင်းကြောင့် ဖြစ်ပွားသည့် ရောဂါဖြင့်သေဆုံးသူ ရာနှင့်ချီရှိကြောင်း သိရသည်။ အလွန်အမင်းအပူချိန်မြင့်မားသည့်ဒဏ်ကိုခံရသည့် အဆိုပါဒေသများတွင် ကြိုတင်ပြင်ဆင်မှုမလုံလောက်ကြောင်းနှင့် နေထိုင်သူအများစု၏နေအိမ်တွင် လေအေးပေးစက်တပ်ဆင်ထားမှုမရှိကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် အပူချိန် အလွန်အမင်းမြင့်မားရခြင်းသည် ရာသီဥတုပြောင်းလဲခြင်းနှင့်မိုးခေါင်ရေရှားသည့်အခြေအနေ ဆိုးဝါးခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံအစိုးရနှင့်သုတေသီများက ဆိုသည်။ ပင်ဆယ်ဗေးနီးယားပြည်နယ် တက္ကသိုလ် ကမ္ဘာ့လေထုသိပ္ပံ ပါမောက္ခ Michael E. Mann က ရာသီဥတုပြောင်းလဲခြင်းကြောင့် အပူချိန်အလွန်အမင်းမြင့်မားသည့် ရာသီဥတုဖြစ်ပေါ်မှု များလာပြီး ဆိုးဝါးလာခြင်းဖြစ်ကြောင်း ဆိုသည်။ ရာသီဥတုပြောင်းလဲမှုက ကမ္ဘာ့အပူချိန်ပုံစံကို ပြောင်းလဲနေစေရာ လူသားများက လေထုအတွင်းသို့ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုများလေ ရာသီဥတုစနစ်၏ စွမ်းအင်က မပြတ်မြင့်တက်လေဖြစ်ကာ အတိုင်းထက်အလွန် ပိုလျှံသည့် ယင်းစွမ်းအင်သည် အစွန်းရောက် အပူချိန်မြင့်မားသည့်ရာသီဥတုကို ဖြစ်ပေါ်စေကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲခြင်းသည် အစွန်းရောက်အပူချိန်ဖြစ်ပေါ်စေသည့် တွန်းအားဖြစ်သကဲ့သို့ တစ်ချိန်တည်းတွင်လည်း တောမီးလောင်ကျွမ်းမှုအန္တရာယ်ကို ပို၍တိုးလာစေသည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

———————————-
(Chinese Version)
(科技)罕见极端高温席卷美加西部局地致数百人死亡
2021-07-02 11:44:28
新华社华盛顿7月1日电(记者谭晶晶)近日历史性高温席卷美国西北部、加拿大西南部等地,一些地区气温飙升至110华氏度(约43.3摄氏度)以上,热浪致数百人丧生。
据报道,美国西北部俄勒冈州、华盛顿州及加拿大部分地区连日来气温创历史新高。俄勒冈州最大城市波特兰连续3天刷新气温纪录,最高达116华氏度(约46.7摄氏度);华盛顿州部分地区气温高达118华氏度(约47.8摄氏度);加拿大西南部地区气温高达117.5华氏度(约47.5摄氏度),创下加拿大历史最高气温纪录。
罕见高温使求助电话和医院急诊数量激增,数百人因高温酷暑导致的相关疾病死亡。据报道,受极端高温影响的上述地区准备不足,大部分居民家里没有安装空调。
地方政府和研究人员将近期极端高温归因于气候变化和严重干旱。美国宾夕法尼亚州立大学大气科学教授迈克尔•曼表示,气候变化使极端高温天气发生得更加频繁强烈。气候变化正在重塑地球气温模式,随着人类向大气中排放的温室气体增多,气候系统中的“能量”不断上升,这种过剩的“能量”通过极端高温天气等形式体现。
美国总统拜登6月30日表示,气候变化是极端高温的推动因素,同时增加了发生山火的风险。(完)
图说1:6月29日,孩子在美国纽约一处公园戏水降温。纽约近日持续高温,当天气温超过34摄氏度。新华社发(郭克摄)