Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်တည်ဆောက်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်တရုတ်နိုင်ငံက တတ်နိုင်သည့်အတိုင်းအတာတွင် ဆက်လက် လက်ကမ်းကူညီပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြော

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသည့်ပစ္စည်းများ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၈ ရက်တွင် ရောက်ရှိစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနှင့် စိတ်ရင်းစေတနာမှန်သော မိတ်ဆွေအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်တည်ဆောက်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်တရုတ်နိုင်ငံက တတ်နိုင်သည့်အတိုင်းအတာတွင် ဆက်လက် လက်ကမ်းကူညီပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဒီဇင်ဘာ ၁၄ ရက်၌ ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Yu နှင့် အာဖဂန်နစ္စတန် ယာယီအစိုးရ ၏ ဒုက္ခသည်ရေးရာဌာန ယာယီဒုဝန်ကြီး Alsala Haroty တို့က ဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သော တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသည့်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန် တောင်ပိုင်း ကန်ဒါဟာပြည်နယ်၌ ပျက်စီးနေသော လမ်းတံတားများ ပြန်လည်တည်ဆောက်ရေး စတင်နေသည်ကို ဒီဇင်ဘာ ၁၂ ရက် တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဒီဇင်ဘာ ၁၄ ရက်က ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ဒီဇင်ဘာ ၁၂ရက်က အာဖဂန်နစ္စတန် ယာယီအစိုးရ တရာရေး ဝန်ကြီးဌာန၏ ရေတွင်းရေကန်နှင့် အခြားပြည်သူ့စားဝတ်နေရေး စီမံကိန်းများတည်ဆေက်ခြင်း အခမ်းအနာ ကျင်းပခဲ့ကြောင်းနှင့် ဒီဇင်ဘာ ၁၃ ရက်တွင် အာဖဂန်သို့ ဒုတိယအသုတ် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တရုတ်အစိုးရ၏ ဆောင်းရာသီထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကဘူးလ်၌ ကျင်းပခဲ့သည်ကိုသတိပြုမိကြောင်း ယင်းအပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် သက်ဆိုင်ရာ အခြေအနေကို မိတ်ဆက်ပေးရန်နှင့်တရုတ်နိုင်ငံအနေဖြင့်အာဖဂန်နစ္စတန်၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် မည်သည့်စီမံချက်များ လုပ်ဆောင်မည်နည်း ဟုမေးမြန်းခဲ့သည်။

ဝမ်ဝန်ပင်းက အထက်ဖော်ပြထားသည့် ပြည်သူ့စားဝတ်နေရေးစီမံကိန်းများသည် ဒေသခံပြည်သူများ၏ ရေလိုအပ်ချက်ကို ပိုမိုလွယ်ကူစေပြီး ၎င်းတို့၏ လူနေမှုဘဝများ တိုးတက်စေမည်ဟု ပြောကြားခဲ့သည်။ ယင်းစီမံကိန်းများသည် အဆိုပြုချိန်မှ နှစ်လအတွင်း ဆောက်လုပ်ရေးစတင်ခြင်းသည် တရုတ်နိုင်ငံအနေဖြင့် ကတိကဝတ်များလိုက်နာခြင်းနှင့် အာဖဂန်ပြည်သူမျာအပေါ် ချစ်ကြည်ရင်းနှီးမှုကို ပြသကြောင်း၊ ထို့ပြင် တရုတ်အစိုးရ၊ ဒေသဆိုင်ရာနှင့် ပြည်သူ့အဖွဲ့အစည်းများသည် အာဖဂန်နစ္စတန်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများ ပေးနေဆဲဖြစ်ကြောင်း၊ တန်ချိန်သောင်းချီသော စားနပ်ရိက္ခာများ၊ ပြည်သူ့ စားဝတ်နေရေး၊ ဆောင်းရာသီအတွက် ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ကိုဗစ်ကာကွယ်ဆေးများကို အာဖဂန်နစ္စတန်နိုင်ငံသို့ ဆက်တိုက်ပံ့ပိုးပေးလျက်ရှိကြောင်း ၊အာဖဂန်နစ္စတန်သို့ ဒီဇင်ဘာ ၁၃ ရက်တွင် လွှဲပြောင်းပေးအပ်သည့် ပံ့ပိုးမှုပစ္စည်းများသည် ၎င်းတို့အနက်တစ်ခုဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“အာဖဂန်ပြည်သူတွေရဲ့ ယာယီအခက်အခဲတွေကို ကျော်ဖြတ်နိုင်စေဖို့ တရုတ်နိုင်ငံက အာဖဂန်ကို အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်ပြီး လက်တွေ့ကျတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်သွားမှာပါ” ဟု ဝမ်ဝန်ပင်းက ဆိုသည်။

တရုတ်နိုင်ငံသည်နှစ်နိုင်ငံ ကုန်သွယ်မှု တိုးချဲ့ကာအာဖဂန်ပြည်သူများအပေါ်ထိထိရောက်ရောက် ကူညီပေးမည်ဖြစ်ကြောင်း ၊ လွန်ခဲ့သည့် နှစ်လအတွင်း တန်ချိန်ထောင်ပေါင်းများစွာရှိသော အာဖဂန်ထင်းရူးသီးများသည် ထင်းရူးသီးပို့ဆောင်ရေး လေကြောင်းစင်္ကြံ မှတစ်ဆင့် တရုတ်နိုင်ငံသို့ ရောင်းချနိုင်ခဲ့ကြောင်း၊ ၎င်းမှာ အာဖဂန် လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်မှု တည်ငြိမ်ရေးနှင့် စီးပွားရေး ပြန်လည်ထူထောင်ရေးကဏ္ဍတွင် သိသာထင်ရှားသော ပံ့ပိုးကူညီမှုများ ဆောင်ကျဉ်းနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်လုံခြုံရေး အခြေအနေတည်ငြိမ်ပြီးနောက် စီးပွားရေးပြန်လည်ထူထောင်ရေးနယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်မှုများဆွေးနွေးရန်လိုလာကြောင်း၊အာဖဂန်နစ္စတန်သည်၎င်း၏ ထူးခြားသောပထဝီဝင်ဆိုင်ရာအားသာချက်ကိုအသုံးချကာဒေသတွင်း ချိတ်ဆက်မှုများ အားကောင်းလာစေရန်၊ လွတ်လပ်သော ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်မြှင့်တင်ရန်ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)
外交部:中方一直为阿富汗和平重建与经济发展提供力所能及的支持
新华社北京12月14日电(记者马卓言、温馨)外交部发言人汪文斌14日在例行记者会上说,作为阿富汗的友好近邻和真诚朋友,中方一直为阿富汗和平重建与经济发展提供力所能及的支持。
有记者问:我们注意到,12日,中国驻阿富汗使馆援建阿临时政府司法部水井等民生项目奠基仪式在当地举行;13日,中国政府援阿紧急人道主义物资项目下第二批越冬物资交接仪式也在喀布尔举行。发言人能否介绍相关情况?未来,中方将采取哪些措施继续助力阿富汗经济重建和自主发展?
汪文斌说,上述民生项目将便利当地民众用水需求,改善其生活条件。这些项目自提议到动工,不到2个月时间,显示了中方重信守诺的品格和对阿富汗人民的友好情谊。同时,中方协调政府、地方、民间等各部门向阿富汗提供一系列人道主义援助,上万吨粮食、民生、医疗越冬物资和新冠疫苗等源源不断运往阿富汗,13日交接的物资就是其中一部分。
“中方将继续向阿富汗提供紧急人道主义援助,以实际行动帮助阿富汗人民渡过暂时难关。”汪文斌说。
他说,中方还通过扩大双边贸易切实帮助阿民众。“近两个月来,上千吨的阿富汗松子已经通过‘松子空中走廊’销往中国,为阿富汗稳定社会秩序和恢复经济作出实实在在的贡献。”
他表示,中方愿在阿稳定局势、具备安全条件后,探讨开展经济重建领域合作,支持阿富汗发挥“亚洲之心”地理优势,加强同地区互联互通,增强自主发展能力。(完)
图说1- 12月8日,中国援助物资抵达阿富汗首都喀布尔国际机场。
图说2- 12月13日,中国驻阿富汗大使王愚(前右)同阿临时政府难民事务部代理副部长阿尔萨拉•哈罗提(前左)在阿富汗喀布尔出席越冬物资交接仪式。
图说3- 12月12日,工人们在阿富汗坎大哈省扎里地区施工。