Connect with us

Africa & Middle East

အာဖဂန် ယာယီဝန်ကြီးချုပ်က တာလီဘန်အစိုးရကို အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်တွင် ပြင်ပထွက်ခွာရန်ကြိုးပမ်းနေသည့် လူထုအား ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၏ ယာယီဝန်ကြီးချုပ် Mullah Hassan Akhund က တာလီဘန် က ဖွဲ့စည်းထားသည့် အိမ်စောင့်အစိုးရကို အသိအမှတ်ပြုရန်နှင့် ၎င်းနှင့်သံတမန်ဆက်ဆံရေးထူထောင်ရန် နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုကြောင်း ဇန်နဝါရီ ၁၉ ရက်က အာဖဂန်နစ္စတန်ယာယီအစိုးရ ကျင်းပသော စီးပွားရေးဆိုင်ရာအစည်းအဝေး တွင်ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသမိုင်း၏ အရေးပါသော အဆင့်သို့ ရောက်ရှိနေပြီး အစိုးရအနေဖြင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို အတက်နိုင်ဆုံး ဖြေရှင်းသွားမည်ဟု Hassan Akhund ကဆိုသည်။ လူ့အခွင့်အရေးကာကွယ်သူဟု အမည်ခံသည့်နိုင်ငံများက အာဖဂန်၏ ပြည်ပပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားပြီး အာဖဂန်နစ္စတန်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများဖြစ်ပေါ်စေခဲ့ကြောင်း ၎င်းက ဆိုသည်။
အစည်းအဝေးတွင် အာဖဂန်နစ္စတန်နိုင်ငံ၏ ယာယီဒုဝန်ကြီးချုပ် Abdul Salam Hanafi က ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း အာဖဂန်နစ္စတန်၏ စီးပွားရေးသည် ပြည်ပအကူအညီပေးမှုကိုသာ အဓိကအားထားရကြောင်း၊ ယင်းအကူအညီပေးမှုများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးမရှိသည့်အပြင် အဂတိလိုက်စားမှုများဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့သည် အကူအညီပေးမှုကို အမြဲအားကိုး၍မရ၊ ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုနှင့် မိမိကိုယ်ကို အားကိုးသော အခြေခံပေါ်တွင် အာဖဂန်စီးပွားရေး ထူထောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaki က အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ ၌ အာဖဂန်သည် ကြားနေပြီး ဟန်ချက်ညီသော နိုင်ငံခြားရေးမူဝါဒ နှင့် စီးပွားရေးကို အဓိကထားသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကြောင်း၊ အပြန်အလှန်အကျိုးစီးပွား ဖြစ်ထွန်းသော အခြေခံပေါ်တွင် နိုင်ငံအသီးသီးနှင့် ဆက်ဆံရေးထူထောင်ခြင်း၊ တစ်ချိန်တည်းတွင် အာဖဂန်နစ္စတန်နိုင်ငံကို ဒေသစီးပွားရေး အချက်အခြာအဖြစ် တိုးတက်အောင် ဆောင်ရွက်ရန် ရည်ရွယ်ပြီး အာဖဂန်သို့ လာရောက်ရင်းနှီးမြှုပ်နှံသူများကို ပိုမိုလုံခြုံသော ပတ်ဝန်းကျင်ဖန်တီးပေးရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန် အနေဖြင့် အာဖဂန်နစ္စတန်ဗဟိုဘဏ်၏ ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်မှုကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။

၂၀၂၁ ခုနှစ် သြဂုတ် ၃၀ ရက်တွင် အမေရိကန်စစ်တပ်က အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီး အာဖဂန်အား နှစ်ပေါင်း ၂၀ ကျော် ကျူးကျော်မှုကို အဆုံးသတ်ခဲ့ကြောင်း၊ ထိုနှစ် စက်တင်ဘာ ၇ ရက်တွင် အာဖဂန်တာလီဘန်က Mullah Hassan Akhund အား ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကာ အာဖဂန်နစ္စတန်၏ ယာယီအစိုးရ ဖွဲ့စည်းမှုကို ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua )

…………………………………………
(Chinese Version)
(国际)阿富汗代总理呼吁国际社会承认塔利班政权
2022-01-20 00:13:09 分类: 政治法律
新华社喀布尔1月19日电(记者史先涛)阿富汗临时政府19日召开经济会议,代理总理哈桑•阿洪德在讲话中呼吁国际社会承认塔利班建立的临时政府并与其建交。
哈桑•阿洪德说,阿富汗处于本国发展史上的关键阶段,政府将尽力解决经济问题。那些自称人权捍卫者的国家冻结了阿富汗的海外资产,导致阿富汗民众面临人道主义危机。
阿富汗临时政府代理副总理阿卜杜勒•萨拉姆•哈纳菲在讲话中表示,过去20年,阿富汗经济主要依赖外国援助,这种援助不仅对经济发展无益,还滋生腐败。阿富汗不能一直依赖援助,阿经济建设应建立在国内发展和自给自足的基础上。
阿富汗临时政府代理外交部长穆塔基在会议上发言时表示,阿富汗奉行中立、平衡和以经济为中心的外交政策,目标是在经济互利的基础上与各国建立关系,同时将阿富汗发展为地区经济枢纽。他说,阿富汗临时政府将尽力为投资者创造更加安全的环境。他还呼吁美国解冻阿富汗中央银行的海外资产。
2021年8月30日,一架美军运输机载着最后一批美国军人离开喀布尔,美国结束长达20年的阿富汗战争。同年9月7日,阿富汗塔利班宣布组建临时政府,哈桑•阿洪德出任临时政府代理总理。(完)
图说:2021年8月30日,美军全部撤离阿富汗,美国发动的长达20年的阿富汗战争以失败告终。这是2021年8月16日,大量民众聚集在阿富汗喀布尔机场试图离开阿富汗。(新华社发)