Connect with us

International Organizations

တွန်ဂါနိုင်ငံ မြို့တော် Nuku’alofa တွင် ဆူနာမီဖြစ်ပွားမှုကြောင့် အပျက်အစီးများပြား

တွန်ဂါနိုင်ငံ Nuku'alofa မြို့တွင် ဆူနာမီဝင်ရောက်ပြီးနောက် ပျက်စီးနေသော နေအိမ်များကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)

ဝယ်လ်လင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တွန်ဂါနိုင်ငံတွင်အဓိကကျွန်းဖြစ်သော Tongatapu ကျွန်း၏ မြောက်ဘက် ၆၅ ကီလိုမီတာအကွာရှိ ပင်လယ်ပြင်အောက်ရှိ Hunga Tonga-Hunga Ha’apai မီးတောင် ပြင်းထန်စွာ ပေါက်ကွဲပြီးနောက် ဇန်နဝါရီ ၁၅ ရက်က ဆူနာမီလှိုင်းများ ဝင်ရောက်ခဲ့သည်။

ယင်းဆူနာမီလှိုင်းများသည် တွန်ဂါရှိ ကမ်းခြေများအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့ပြီး လှေများနှင့် ကျောက်တုံးကြီးများမှာ ကမ်းခြေပေါ်သို့ ရောက်ရှိခဲ့သလို ကမ်းရိုးတန်းတစ်လျှောက်ရှိ ဈေးဆိုင်များလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

တွန်ဂါနိုင်ငံ Nuku’alofa မြို့တွင် ဆူနာမီဝင်ရောက်ပြီးနောက် ပျက်စီးနေသော နေအိမ်များနှင့် လမ်းများကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)

တွန်ဂါနိုင်ငံ Nuku’alofa မြို့တွင် ဆူနာမီဝင်ရောက်ပြီးနောက် ပျက်စီးနေသော ဧရိယာကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)

တွန်ဂါနိုင်ငံ Nuku’alofa မြို့တွင် ဆူနာမီဝင်ရောက်ပြီးနောက် ပျက်စီးနေသော နေအိမ်များကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)

တွန်ဂါနိုင်ငံ Nuku’alofa မြို့တွင် ဆူနာမီဝင်ရောက်ပြီးနောက် ပျက်စီးနေသော လမ်းမအား ရှင်းလင်းနေသည်ကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)

တွန်ဂါနိုင်ငံ Nuku’alofa မြို့တွင် ဆူနာမီဝင်ရောက်ပြီးနောက် ပျက်စီးနေသော လမ်းမအား ဒေသခံများ ရှင်းလင်းနေသည်ကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)

တွန်ဂါနိုင်ငံ Nuku’alofa မြို့တွင် မီးတောင်ပေါက်ကွဲပြီး ထွက်ပေါ်လာသော ပြာများဖြင့် ဖုံးလွှမ်းနေသည့် အဆောက်အအုံနှင့် လမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)

တွန်ဂါနိုင်ငံ Nuku’alofa မြို့တွင် မီးတောင်ပေါက်ကွဲပြီး ထွက်ပေါ်လာသောပြာမှုန်များဖြင့် ဖုံးလွှမ်းနေသော ကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ- Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)

တွန်ဂါနိုင်ငံ Nuku’alofa မြို့တွင် ဆူနာမီဝင်ရောက်ခြင်းကြောင့် ပျက်စီးနေသော လမ်းအား ရှင်းလင်းနေသည့် ဒေသခံများအား ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)

2G ကွန်ရက်များသုံးကာ ကမ္ဘာကြီးနှင့် ဆက်သွယ်ရရှိရန် တွန်ဂါနိုင်ငံတွင် ကြားဖြတ်ဆက်သွယ်ရေးစနစ်အား ထူထောင်ထားကြောင်း နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၉ ရက်၌ ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါ ဆက်သွယ်ရေးမှာ အကန့်အသတ်ရှိမည်ဖြစ်ပြီး ပုံမှန်သုံးစွဲနိုင်အား၏ ၁၀ ရာခိုင်နှုန်းခန့်သာ လွှမ်းခြုံနိုင်ကာ အသံနှင့် စာတိုပို့ ဆက်သွယ်ရေးများအတွက် ဦးစားပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

တွန်ဂါနိုင်ငံ၏ ဆက်သွယ်ရေးကြိုး ချိတ်ဆက်မှု ပြန်လည်ပြုပြင်ရန် အနည်းဆုံး ရက်သတ္တပတ် လေးပတ် အချိန်ယူရန်လိုကြောင်း အမေရိကန်နိုင်ငံ ကြေးနန်းဆက်သွယ်ရေးကုမ္ပဏီ SubCom က ပြောခဲ့သည်။

တွန်ဂါနိုင်ငံရှိ လျှပ်စစ်မီးလိုင်းအား ပြန်လည်ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း၊ သန့်ရှင်းရေးလုပ်ငန်းနှင့် အပျက်အစီးများ အကဲဖြတ်ခြင်းများမှာမူ ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ တွန်ဂါ အာဏာပိုင်များကလည်း ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………….
(English Version)
Album: Aftermath of tsunami in Tonga’s capital city Nuku’alofa
Source: Xinhua
Editor: huaxia
2022-01-20 10:50:16
WELLINGTON, Jan. 20 (Xinhua) — Tsunami waves hit Tonga on Saturday, following a series of violent eruptions from underwater Hunga Tonga-Hunga Ha’apai volcano, 65 km north of the country’s main island Tongatapu.
The tsunami had a significant impact on part of the foreshore of Tonga, with boats and large boulders washed ashore and shops along the coast damaged.
An interim telecommunication system has been set up in Tonga to allow its connection with the rest of the world using 2G networks, New Zealand’s Ministry of Foreign Affairs and Trade said on Wednesday.
However, this connection will be limited and patchy covering about 10 percent of usual capacity and prioritizing voice and SMS communications, it said.
U.S. cable company SubCom said at least four weeks are needed to repair Tonga’s cable connection.
Power in the Pacific islands country has been restored, with clean-up and damage assessments ongoing. Tongan authorities have been distributing relief supplies.
Photo 1 : Photo taken on Jan. 20, 2022 shows damaged houses after the tsunami hit Nuku’alofa, Tonga. (Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)
Photo 2 : Photo taken on Jan. 20, 2022 shows damaged houses and streets after the tsunami hit Nuku’alofa, Tonga. (Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)
Photo 3 : Photo taken on Jan. 20, 2022 shows damaged area after the tsunami hit Nuku’alofa, Tonga. (Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)
Photo 4 : Photo taken on Jan. 20, 2022 shows damaged houses after the tsunami hit Nuku’alofa, Tonga. (Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)
Photo 5 : Local residents clear up a road damaged by the tsunami in Nuku’alofa, Tonga, Jan. 20, 2022. (Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)
Photo 6 : Local residents clear up a road damaged by the tsunami in Nuku’alofa, Tonga. (Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)
Photo 7 : A building and the street are covered by ash after a volcanic eruption in Nuku’alofa, Tonga. (Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)
Photo 8 : A car is blackened out by ash after a volcanic eruption in Nuku’alofa, Tonga. (Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)
Photo 9 : Local residents clear up a road damaged by the tsunami in Nuku’alofa, Tonga, Jan. 20, 2022. (Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua) ■