Connect with us

Europe

အီတလီနိုင်ငံ Capri ကျွန်းတွင် ဘတ်စ်ကားလမ်းချော်မှုကြောင့် လူ ၁ ဦး သေဆုံး၊ ၂၈ ဦး ဒဏ်ရာရရှိ

အီတလီနိုင်ငံ Capri ကျွန်းတွင် ယာဉ်လမ်းချော်မှုဖြစ်ပွားခဲ့သည့်အချင်းဖြစ်နေရာအား ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Italian Firefighters/Handout via Xinhua)

ရောမ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ တောင်ပိုင်း Capri ကျွန်းတွင် ဇူလိုင် ၂၂ ရက်က ဘတ်စ်ကားတစ်စီး လမ်းချော်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံ Capri ကျွန်းတွင် ယာဉ်လမ်းချော်မှုဖြစ်ပွားခဲ့သည့်အချင်းဖြစ်နေရာအား ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Italian Firefighters/Handout via Xinhua)

အီတလီနိုင်ငံ Capri ကျွန်းတွင် ဒဏ်ရာရရှိသူများအား အရေးပေါ်ကယ်ဆယ်ရေးသမားများ သယ်ဆောင်နေသည်ကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ Capri ကျွန်းတွင် ဒဏ်ရာရရှိသူများအား အရေးပေါ်ကယ်ဆယ်ရေးသမားများ သယ်ဆောင်နေသည်ကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Capri ကျွန်းတွင် ဇူလိုင် ၂၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က လူ ၁၁ ဦး တင်ဆောင်လာသည့် ဘတ်စ်ကားငယ်တစ်စီးသည် လမ်းချော်ကာ လမ်းနံဘေးအကာအရံကို ဖောက်ထွက်ပြီး ပင်လယ်ကမ်းခြေအနီးသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်ကြောင့် ယာဉ်မောင်း သေဆုံးခဲ့ပြီး ခရီးသည်နှင့် လမ်းသွားလမ်းလာ စုစုပေါင်း ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အရွယ်မရောက်သေးသည့် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ အချင်းမဖြစ်ပွားမီ ဘတ်စ်ကားသည် ရုတ်ခြည်းဦးတည်ချက်ပြောင်းသွားခြင်းဖြစ်ပြီး အချင်းဖြစ်နေရာ၏အခြေအနေအရ ယာဉ်မောင်းမှာ ရုတ်တရက် ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်းနိုင်ကြောင်း ကနဦးယူဆထားကြောင်း သတင်းများက ဖော်ပြထားသည်။ (Xinhua)

———————————–
(Chinese Version)
(社会)意大利卡普里岛一小巴冲出公路致1死28伤
2021-07-23 04:03:12
新华社罗马7月22日电(记者叶心可)意大利南部卡普里岛22日发生一起小巴冲出公路事故,造成1人死亡、28人受伤。
据意大利媒体报道,当天11时30分左右,一辆载有11人的小巴在卡普里岛行驶时冲出公路,撞破防护栏并滚落数米至附近海滩,造成小巴司机死亡,乘客和路人共28人受伤。伤者中两人伤势较重,其中包括一名未成年人。
警方已对事故原因展开调查。据报道,事发前这辆小巴曾突然转向,专家根据现场情况初步判断,事故可能与小巴司机突发疾病有关。(完)
图说1,2:这是7月22日在意大利卡普里岛拍摄的事故现场。新华社发(意大利消防部门供图)
图说3,4:7月22日,应急人员在意大利卡普里岛转移伤者(手机照片)。 新华社发