Connect with us

Politics, Law & Military

၁၁၃ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု စတင်

ကူမင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ၏ ၁၁၃ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ပါဝင်သော တရုတ် ဥပဒေစိုးမိုးရေးရေယာဉ် ၂ စင်းသည် ဇန်နဝါရီ ၁၈ ရက်နံနက် ၉ နာရီတွင် ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ကျင်ဟားဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး ၂၀၂၂ ခုနှစ် တရုတ်-လာအို-မြန်မာ-ထိုင်းမဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး လှုပ်ရှားမှုကို စတင်ခဲ့ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနမှ သိရသည်။ယခုအချိန် ပူးတွဲကင်းလှည့်မှုသည် ၄ ရက် ၃ ညတာ ကြာမြင့်မည်ဖြစ်ပြီး စုစုပေါင်းအကွာအဝေး ၆၀၀ ကီလိုမီတာကျော် မောင်းနှင်သွားလာရမည်ဖြစ်ကြောင်း သိရသည်။ထိုလှုပ်ရှားမှုမတိုင်မီ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု ညွှန်ကြားရေးအရာရှိများ အစည်းအဝေး၊ မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေး အခြေအနေသုံးသပ်ခြင်း အစည်းအဝေးများကို ဗွီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး ယခုကာလ မြစ်ဝှမ်းဒေသ တရားဥပဒေစိုးမိုးရေးနှင့်ကပ်ရောဂါအခြေအနေများကို အတူ သုံးသပ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများ နှိမ်နင်းရေးအစီအမံများကို ညှိုနှိုင်းဆွေးနွေးခဲ့သည်။လှုပ်ရှားမှု ကာလအတွင်း လေးနိုင်ငံ ဥပဒေစိုးမိုးရေးရေယာဉ်များနှင့်အဖွဲ့ဝင်များက မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ကာ ထိတွေ့မှုမရှိသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြစ်ဝှမ်းတစ်လျှောက်ရှိ တရားမဝင်ရာဇဝတ်မှုများကို ဆက်လက်နှိမ်နင်းမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံတို့ ၁၁၃ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ပါဝင်သော တရုတ်နိုင်ငံ ဥပဒေစိုးမိုးရေးရေယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ-ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန)

နှစ်သစ်တွင် မိမိတို့က တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု ဆယ်နှစ်မြောက်နှစ်ပတ်လည်၏ အစပျိုးမှုအသစ်တွင် ရပ်တည်ပြီး လာအို-မြန်မာ-ထိုင်း တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်များနှင့် နီးနီးကပ်ကပ်ပူးပေါင်းကာ မဲခေါင်မြစ်ဝှမ်း၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အင်တိုက်အားတိုက် ကြိုးပမ်းသွားမည်ဟု ယခုကင်းလှည့်လှုပ်ရှားမှုတွင် ပါဝင်သော ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး ရေကြောင်းကင်းလှည့်တပ်ဖွဲ့မှ အရာရှိ Tan Jianhua က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

第113次中老缅泰湄公河联合巡逻执法行动启动
2022-01-18 20:04:10 分类: 社会
图片轮播
记者从云南省公安厅新闻办获悉,1月18日9时,参加第113次中老缅泰湄公河联合巡逻执法行动的2艘中方执法艇缓缓驶离云南省西双版纳傣族自治州景哈码头,拉开了2022年度中老缅泰湄公河联合巡逻执法行动的序幕。

参加第113次中老缅泰湄公河联合巡逻执法行动的中方执法艇从码头启航。(云南省公安厅新闻办供图)
此次联合巡逻执法行动预计历时4天3夜,总航程600余公里。行动前,四国执法部门以视频形式召开指挥官联席会和信息交流会,共同分析研判近期湄公河流域各类违法犯罪和疫情形势,磋商打击跨境犯罪措施。行动期间,四国执法船艇和执法队员将严格按照湄公河联合巡逻执法行动疫情防控要求,采取“非接触”方式开展联合行动,持续打击流域内各类违法犯罪活动。

参加第113次中老缅泰湄公河联合巡逻执法行动的中方执法队员列队站坡。(云南省公安厅新闻办供图)
“新的一年,我们将立足中老缅泰湄公河联合巡逻执法行动十周年的新起点,与老缅泰方执法队员通力合作、密切配合、携手并肩,全力维护好湄公河流域的安全稳定。”参加此次行动的云南省公安厅水上巡逻总队53102艇民警谭建华说。(记者王研)