Connect with us

China

(ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး မဟာချက္ကရီ သီရိဒုံနှင့် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပေကျင်းဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန် ရောက်ရှိလာသည့် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး သီရိဒုံနှင့် ဖေဖော်ဝါရီ ၄ ရက်က ကျောက်ယုထိုင်နိုင်ငံတော် ဧည့်ဂေဟာတွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပေကျင်းဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန် ရောက်ရှိလာသည့် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး သီရိဒုံနှင့် ဖေဖော်ဝါရီ ၄ ရက်က ကျောက်ယုထိုင်နိုင်ငံတော် ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက ယနေ့သည် တရုတ်နွေဦးရာသီသို့ရောက်ရှိပြီဖြစ်ရာ နွေဦး၏ အရာအားလုံးသစ်လွင်လန်းဆန်းခြင်း အနက်အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း၊ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲကို တက်ရောက်ရန် ရောက်ရှိလာသည့်အတွက် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။ အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်း ဖြစ်သလို “တရုတ်-ထိုင်း မိသားစုသဖွယ် ချစ်ကြည်ရင်းနှီးမှု”၏ ကိုယ်စားပြုသင်္ကေတဟု ပို၍ပင် ပြောနိုင်ကြောင်း ၊ တရုတ်နိုင်ငံအပေါ် ထိုင်း တော်ဝင်မိသားစု၏ အစဉ်အမြဲ ချစ်ကြည်ရင်းနှီးသော မူဝါဒကို အထူးပင်နှစ်သက်မိပါကြောင်း ၊ တရုတ်-ထိုင်း ဆက်ဆံရေး ကောင်းမွန်သည်ထက်ကောင်းမွန်အောင်၊ ရင်းနှီးသည်ထက်ပို၍ ရင်းနှီးအောင် ထိုင်းနိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

သီရိဒုံက ထိုင်းနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ အားသွန်ခွန်စိုက်ကူညီပံ့ပိုးပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ထိုင်း-တရုတ် ကဏ္ဍစုံဖလှယ်မှုပူးပေါင်းဆောင်ရွက်ရေးအပေါ် ထိုင်းနိုင်ငံက အထူးအလေးထားကြောင်း ပြောကြားခဲ့သည်။ မိမိအနေဖြင့် တရုတ်နိုင်ငံသို့ လာရောက်သည်မှာ အကြိမ် ၅၀ နီးပါး ရှိပြီဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ သမိုင်းနှင့်အောင်မြင်မှုရလဒ်များ စာအုပ်သစ်ကို ထိုင်းနိုင်ငံတွင် ထုတ်ဝေရန် စီစဉ်ထားရာ ထို့အတွက်လည်း တရုတ်နိုင်ငံ နေရာအသီးသီးကို ဆက်လက် သွားရောက်ကာ ထဲထဲဝင်ဝင် ထပ်မံလေ့လာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက ရာစုနှစ်ကပ်ရောဂါကို ရင်ဆိုင်ကြရာတွင် တရုတ်-ထိုင်း နှစ်နိုင်ငံတို့သည် တစ်လှေတည်းစီး၊တစ်ခရီးတည်းသွားလျက် အခက်အခဲများကို အတူကျော်ဖြတ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံသို့ ကာကွယ်ဆေး အစောဆုံးပံ့ပိုးပေးသည့် နိုင်ငံဖြစ်သလို ထိုင်းနိုင်ငံ၏ ကာကွယ်ဆေး အကြီးဆုံး အရင်းအမြစ်နိုင်ငံလည်း ဖြစ်ကြောင်း၊ ကာကွယ်ဆေးကို ကမ္ဘာ့ပြည်သူ့ကုန်စည်ဖြစ်စေရမည်ဟုသော ကတိကဝတ်ကို တရုတ်နိုင်ငံက အကောင်အထည်ဖော်ကာ နိုင်ငံအသီးသီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကာကွယ်ဆေး ၂.၁ ဘီလီယံကျော် ပံ့ပိုးပေးခဲ့ပါကြောင်း ၊ ကမ္ဘာတစ်ဝန်း လက်ရှိ အသုံးပြုနေသည့် ကာကွယ်ဆေးများတွင် နှစ်လုံးလျှင် တစ်လုံးက တရုတ်နိုင်ငံမှ ဖြစ်ကြောင်း ၊ လိုအပ်သည်များကိုလည်း ကပ်ရောဂါတိုက်ပွဲကို လုံးဝ အနိုင်ရသည်အထိ တရုတ်နိုင်ငံက ထိုင်းနိုင်ငံသို့ ဆက်လက် အားပေးပံ့ပိုးသွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီနှင့်တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးရလဒ်သစ်များ စာအုပ်ကို ရေးသားပြုစုမည့်ပေါ် အထူး နှစ်သက်ချီးကျူးပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံကို သိရှိနားလည်မည်ဆိုပါက တရုတ်ကွန်မြူနစ်ပါတီကို ဦးစွာ သိနားလည်ရန် လိုအပ်ပါကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများ၏ သွေးသားချင်းဆက်စပ်မှုကို သိရှိမည်ဆိုလျှင် တရုတ်နိုင်ငံ၏တောက်ပသော အနာဂတ်အလားလာကို သိမြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝမ်ရိက သီရိဒုံအား တရုတ်ကွန်မြူနစ်ပါတီ သမိုင်းစာအုပ်နှင့်ပန်းချီကားချပ်များအား လက်ဆောင်ပေးအပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်စလုံးက ပညာရေးယဉ်ကျေးမှု၊ လူငယ်ဖလှယ်ရေး၊ ရိုးရာတိုင်းရင်းဆေး၊ သိပ္ပံနည်းပညာဆန်းသစ်ဖန်တီးမှု စသည့် ကဏ္ဍအသီးသီးတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ဖက်ဆက်ဆံရေးအတွက် အဆက်မပြတ်အားသစ်လောင်းရန်နှင့် တရုတ်-ထိုင်းချစ်ကြည်ရေး ပို၍ဖွံ့ဖြိုးအောင် ပျိုးထောင်ရန် ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
(北京冬奥会)王毅会见泰国公主诗琳通
2022-02-04 14:40:01
新华社北京2月4日电2月4日,国务委员兼外长王毅在钓鱼台国宾馆会见来华出席北京冬奥会开幕式的泰国公主诗琳通。
王毅说,今天是农历立春,象征春回大地,万象更新。欢迎诗琳通公主来华出席北京冬奥会开幕式。你是中国人民的老朋友、好朋友,更是“中泰一家亲”的象征。中方高度赞赏泰王室一贯坚持奉行对华友好政策,愿同泰方共同努力,使中泰关系好上加好、亲上加亲。
诗琳通表示,感谢中方为泰抗疫提供大力支持,泰方高度评价泰中各领域交流合作。我访华已近50次,计划在泰出版介绍中国共产党历史和成就的新书,为此已经并将继续走访中国各地,进一步深入研究。
王毅说,面对世纪疫情,中泰同舟共济,共克时艰。中国是最早向泰国提供疫苗的国家,也是泰最大疫苗来源国。中方切实履行将疫苗作为国际公共产品的承诺,已向各国特别是发展中国家提供了超过21亿剂疫苗。全球目前使用的疫苗每两剂中就有一剂来自中国。中方愿继续根据泰方需要提供支持,直至彻底战胜疫情。
王毅赞赏诗琳通有意编纂出版介绍中国共产党和中国新发展成就的书籍,表示要了解中国就要先了解中国共产党。认知中国共产党和中国人民的血肉联系,就能认清中国未来的光明前景。王毅向诗琳通赠送了中共党史书籍和画册。
双方表示将继续加强教育文化、青年交流、传统医药、科技创新等各领域务实合作,为双边关系不断注入动力,为中泰友好培养更多接班人。(完)
图说1:2月4日,国务委员兼外长王毅在北京钓鱼台国宾馆会见来华出席北京冬奥会开幕式的泰国公主诗琳通。 新华社记者 高洁 摄