Connect with us

Sport

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွင်း တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့၏ ဘက်စုံစွမ်းဆောင်ရည်သည် မျှော်မှန်းချက်နှင့်ကိုက်ညီကြောင်း Ni Huizhong ကပြောကြား

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင် တရုတ်ကစားသမားများ၏ ကြည်နူးစရာ အခိုက်အတန့်များ (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့၏ ဘက်စုံစွမ်းဆောင်ရည်သည် မျှော်မှန်းချက်နှင့်ကိုက်ညီကြောင်း ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သို့ တက်ရောက်သော တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Ni Huizhong က ဖေဖော်ဝါရီ ၁၀ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ပွဲတော်၏ ပထမ ၅ ရက်တွင် ရွှေတံဆိပ် ၃ ခုနှင့် ငွေတံဆိပ်၂ ခု ဆွတ်ခူးနိုင်ခဲ့သည့် ထူးချွန်သော ရလဒ်ကောင်းများ ရရှိခဲ့ပြီး ဖွင့်ပွဲပြီးနောက် ပြိုင်ပွဲ၏ပထမနေ့တွင် ရွှေတံဆိပ်ရရှိခဲ့ခြင်း၊ အခြားပြိုင်ပွဲများတွင် ငွေတံဆိပ်များဆွတ်ခူးခဲ့ခြင်းနှင့် အချို့ပြိုင်ပွဲတွင်ပထမအကြိမ်ပါဝင်ခြင်းစသည့် သမိုင်းဝင်အောင်မြင်မှုများကို ဖန်တီးခဲ့ကြောင်း Ni Huizhongက ပြောကြားခဲ့သည်။ ထို့ပြင် ခေတ်သစ်တရုတ်နိုင်ငံ အားကစားသမားများသည် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ကမ္ဘာ့အထူးချွန်ဆုံး အားကစားသမားများနှင့် ယှဉ်ပြိုင်ရာ မိမိကိုယ်ကိုစိန်ခေါ်မှုအသစ်များရရှိခဲ့သလို အခက်အခဲများကို ရဲဝံ့စွာရင်ဆိုင်ပြီး ပွင့်လင်းမြင်သာမှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ စည်းလုံးညီညွတ်မှု၊ အများပါဝင်နိုင်မှု စိတ်ဓာတ်များကို မြင်တွေ့ရခြင်းအပေါ် ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။

ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တရုတ်အားကစား ကိုယ်စားလှယ်အဖွဲ့သည် ပြိုင်ပွဲတွင် ကောင်းမွန်စွာအစပျိုးနိုင်ခဲ့ကြောင်း Ni Huizhong က ဆိုသည်။ သို့သော် တရုတ်အားကစားသမားများက ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ရှိ ပြိုင်ပွဲပေါင်း ၁၀၉ ပွဲအနက် အများစုတွင် ကမ္ဘာ့အဆင့်အမြင့်ဆုံး အရည်အချင်းနှင့် ကွာဟမှုရှိနေဆဲကို သတိပြုမိကြောင်း၊ ထို့ကြောင့် နောက်ဆက်တွဲပြိုင်ပွဲများတွင် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့သည် စိန်ခေါ်မှုများကို ရဲဝံ့စွာရင်ဆိုင်နိုင်သည့် ဇွဲသတ္တိ၊ မိမိကိုယ်ကိုနှိမ့်ချကာ သင်ယူလေ့လာသည့်စိတ်ဓာတ်ဖြင့် ခေတ်သစ်တရုတ်အားကစားသမားများ၏ အားကစားစိတ်ဓာတ်နှင့် ယှဉ်ပြိုင်မှုအရည်အချင်းကို တက်ကြွစွာပြသနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

#WinterOlympics, #Chinese, #Athletes, #Xinhua, #Myanmar, #XinhuaMyanmar, #ဆောင်းရာသီအိုလံပစ်ပွဲတော်, #တရုတ်, #အားကစားသမားများ,#ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ

———————————–
(Chinese Version)

北京冬奥会|倪会忠:中国代表团表现整体符合预期

2022-02-10 12:43:25 分类: 体育
新华社北京2月10日电 参加北京冬奥会的中国体育代表团秘书长倪会忠10日接受媒体书面采访时表示,北京冬奥会开幕以来,中国代表团的表现整体符合预期。

中国选手比赛精彩瞬间。新华社发
倪会忠称,中国代表团在前5个比赛日取得了3金2银的优异成绩,创造了开幕后首日夺金、多个项目赢得奖牌、实现首次参赛等历史性突破。与此同时,我们也欣喜地看到,新时代中国运动员在冬奥会赛场上与世界最高水平的运动员们切磋技艺、超越自我,展现出了顽强拼搏、勇于挑战的意志品质和开放自信、团结包容的精神风貌。

倪会忠认为,北京冬奥会中国体育代表团目前开局顺利。同时,也应清醒地看到,北京冬奥会109个小项中,很多小项我们和世界最高水平还有较大差距,赛场形势瞬息万变。在后续比赛中,中国体育代表团将继续抱着顽强拼搏、虚心学习、勇于挑战自我的态度,积极展现新时代中华体育健儿的精神风貌和竞技水平。
编辑:刘阳、黄绪国、周欣