Connect with us

Europe

ရုရှားက ယူကရိန်းတွင် စစ်အင်အားပြန်လည်နေရာချစုစည်းနေကြောင်း နေတိုးအဖွဲ့ ပြော

ဂျာမနီနိုင်ငံ၊Munsterမြို့တွင်နေတိုးအရေးပေါ်တုံ့ပြန်ရေးတပ်ဖွဲ့၏“Leopard 2” တင့်ကားများ လေ့ကျင့်နေသည်ကို၂၀၁၉ ခုနှစ် မေ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံရှိ ရုရှားတပ်ဖွဲ့သည် စစ်အင်အားများ ပြန်လည်နေရာချစုစည်းကာ ဒွန်ဘတ်စ် ဒေသသို့ အသစ်ထိုးစစ်ဆင်မှု ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ကိဗ်အနီးနှင့် ယူကရိန်းမြောက်ပိုင်း စစ်ရေးလှုပ်ရှားမှုများကို လျှော့ချသွားမည်ဟု မကြာသေးမီက ကြေညာခဲ့သော်လည်း နေတိုးအဖွဲ့ ထောက်လှမ်းရေးမှ အချက်အလက်များအရ ရုရှားသည် တပ်ဆုတ်နေသည်မဟုတ်ဘဲ စစ်အင်အားပြန်လည်နေရာချနေခြင်းဖြစ်ကြောင်း Stoltenberg က ထိုနေ့တွင် ကျင်းပသော ၂၀၂၁ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရုရှားက ဒွန်ဘတ်စ်ဒေသ စစ်ဆင်မှုအားကောင်းစေရန် စစ်အင်အားပြန်လည်စုစည်းနေသည့်တစ်ချိန်ထဲတွင်ပင် ကိဗ် စသော မြို့များအပေါ် ဖိအားဆက်လက်ပေးနေရာ ပိုမိုများသော တိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

မကြာသေးမီက တူရကီတွင် ရုရှားနှင့် ယူကရိန်းအကြား ဆွေးနွေးမှုများ အပါအဝင် စစ်ရေးပဋိပက္ခအဆုံးသတ်ရန် ရည်ရွယ်သည့် ကြိုးပမ်းမှုအားလုံးကို ကြိုဆိုကြောင်း Stoltenberg က ပြောကြားခဲ့သည်။ ရုရှားအနေဖြင့် စစ်ဆင်ရေးလှုပ်ရှားမှု အားလုံးအဆုံးသတ်ပြီး တပ်ဖွဲ့ဝင်အားလုံး ရုပ်သိမ်းကာ သဘောထားမှန်မှန်နှင့် ဆွေ့ဆုံဆွေးနွေးမှု စတင်ရန် ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။

မကြာသေးမီနှစ်များက နေတိုးအဖွဲ့သည် ယူကရိန်းစစ်တပ်အား လေ့ကျင့်မှု၊ ခေတ်မီလက်နက်ကိရိယာများ ထောက်ပံ့ခဲ့ပြီး ၎င်းတို့ပြုပြင်းပြောင်းလဲရန်အတွက်လည်း ပံ့ပိုးခဲ့သည့် ထောက်ခံအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ရာ ယခုယူကရိန်းစစ်တပ်သည် ယခင်မည်သည့်ကာလထက်မဆို အင်အားကြီးပြီး ခေတ်မီသော လက်နက်တပ်ဆင်ထားနိုင်ကြောင်း Stoltenberg က ပြောကြားခဲ့သည်။
နေတိုးအဖွဲ့သည် “အရေးပေါ်ဖိအားတစ်ရပ်”ခံစားနေရပြီး “လုံခြုံရေးဖြစ်ရပ်မှန်အသစ်” နှင့်ရင်ဆိုင်နေရကြောင်း၊ နေတိုးအဖွဲ့သည် ယခုနှစ် ဇွန်လတွင် မက်ဒရစ် ထိပ်သီးအစည်းအဝေး၌ “နေတိုး ၂၀၃၀ ပြည့်နှစ် အစီအစဉ်” အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး မဟာဗျူဟာမြောက် အတွေးအမြင်အသစ် ဖော်ဆောင်ကာ ၎င်းအားနေတိုးအဖွဲ့၏ အနာဂတ် ၁၀ နှစ် လမ်းညွှန်စာတမ်း ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Stoltenberg က ပြောကြားခဲ့သည်။

ထို့ပြင် နေတိုး ဥရောပမဟာမိတ်နိုင်ငံများနှင့် ကနေဒါတို့၏ ကာကွယ်ရေးအသုံးစရိတ်သည် ၇ နှစ် ဆက်တိုက်တိုးမြှင့်လာရာ ၂၀၂၀ ပြည့်နှစ်တွင် ၃.၁ ရာခိုင်နှုန်း တိုးမြှင့်လာပြီး ၂၀၁၄ ခုနှစ်မှ စတင်ကာ စုစုပေါင်း ဒေါ်လာ ၂၇၀ ဘီလီယံခန့် တိုးလာသည်ဟု Stoltenberg က ၂၀၂၁ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)

……………………….
(Chinese Version)
北约:俄军正在乌克兰进行重新部署和集结
新华社布鲁塞尔3月31日电(记者任珂)北约秘书长斯托尔滕贝格3月31日说,在乌克兰的俄罗斯军队正在重新部署和集结,准备在顿巴斯地区发动新的攻势。
斯托尔滕贝格在当天举行的2021年度报告新闻发布会上说,俄罗斯最近宣布将减少在基辅周边和乌克兰北部的军事活动,根据北约的情报,俄军不是在撤退,而是在重新部署。俄军正试图重新集结并获得补给,以加强其在顿巴斯地区的攻势。与此同时,俄军仍保持着对基辅等城市的压力,这意味着俄军可能发动更多进攻。
斯托尔滕贝格表示,他欢迎旨在结束这场军事冲突的所有努力,包括最近俄乌双方在土耳其的谈判。他呼吁俄罗斯结束军事行动,撤离所有军队,带着诚意展开对话。
斯托尔滕贝格说,北约近年加大了对乌克兰的支持力度,为乌军提供训练,提供现代化装备,支持其改革。乌军现在比以往任何时候都更加庞大,装备更先进。
斯托尔滕贝格还表示,北约感受到一种“新的紧迫感”,正面临“新的安全现实”。北约将在今年6月马德里峰会上采取进一步措施,实施“北约2030年议程”,并将制定新的战略构想,使之成为北约未来十年的指导文件。
此外,斯托尔滕贝格在当天发布的2021年度报告中表示,北约欧洲盟国和加拿大的国防预算连续第7年上升,相比2020年增长3.1%,自2014年以来总共增加约2700亿美元。
图说- 2019年5月20日,在德国蒙斯特,北约快速反应部队的“豹2”坦克参与演示。(新华社记者单宇琦摄)