Connect with us

Africa & Middle East

နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က ဟူသီပိုင်ဂြိုဟ်တုစခန်းတစ်ခုအား ဖျက်ဆီးခဲ့

ယီမင်နိုင်ငံ၊ မြို့တော်ဆန်နာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အပျက်အစီးများအား ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်နာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဆော်ဒီဦးဆောင်သော နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်သည် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ယီမင်နိုင်ငံ မြို့တော် ဆန်နာရှိ ဆက်သွယ်ရေးဝန်ကြီးဌာန အဆောက်အအုံအနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဟူသီလက်နက်ကိုင်များ၏ မောင်းသူမဲ့လေယာဉ်များ ထိန်းချုပ်ရန် အသုံးပြုသည့် မြေပြင်ပေါ်ရှိ ဂြိုဟ်တုစခန်းတစ်ခု ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“မောင်းသူမဲ့ လေယာဉ် ထိန်းချုပ်ရေး စခန်း လည်ပတ်ဖို့ လိုအပ်တဲ့ ဆက်သွယ်ရေး စနစ်တွေကို ကျွန်တော်တို့ ဖျက်ဆီးခဲ့တယ်၊ ဟူသီတွေက ဆန်နာရှိ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနကို အသုံးချပြီး ရန်ပြုသည့်ဆောင်ရွက်ချက်တွေ ပြုလုပ်ခဲ့တယ်” ဟု ဆော်ဒီ သတင်းအေဂျင်စီ က နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ယီမင်နိုင်ငံ၊ မြို့တော်ဆန်နာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အပျက်အစီးများအား ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယီမင်နိုင်ငံ၊ မြို့တော်ဆန်နာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အပျက်အစီးများအား ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လေကြောင်းပစ်မှတ်သည် ဆန်နာမြောက်ပိုင်း ဆက်သွယ်ရေးဝန်ကြီးဌာန အဆောက်အဦ အနီးရှိ မြေပြင်ဂြိုဟ်တုစခန်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဆန်နားရှိ ဒေသခံများ၏ ပြောဆိုမှုဖြင့် သတင်းတွင် ဖော်ပြထားသည်။ ဟူသီလက်နက်ကိုင်တို့၏ Al-Masirah ရုပ်သံကလည်း လေကြောင်းပစ်မှတ်က ဆက်သွယ်ရေးဝန်ကြီးဌာနဖြစ်ပြီး ယီမင်ဆက်သွယ်ရေးကုမ္ပဏီ၏ အဆောက်အအုံ နှင့် အနီးရှိ အဆောက်အအုံတစ်ခုပါ ဖျက်ဆီးခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

AFP ၏ အဆိုအရ ယခုအကြိမ် တိုက်ခိုက်မှုသည် အရပ်သားအဆောက်အအုံကို နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်ဖွဲ့က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်က ဟူသီထိန်းချုပ်ထားသော ယီမင်ကာကွယ်ရေးဝန်ကြီးဌာနကိုသာ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုလ ၁၀ ရက်က ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ပိုင်းရှိ Abha လေဆိပ်အား မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် ယခုလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပေါင်းစုံ ညွန့်ပေါင်းတပ်ဖွဲ့က ဆိုသည်။ ဆော်ဒီက ၎င်းတို့စစ်တပ်သည် အဆိုပါပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်ထားသည့် ဒရုန်းအား ပစ်ချခဲ့ပြီး ကျန်ရစ်နေသော ပေါက်ကွဲမှု အစိတ်အပိုင်းများကြောင့် လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံပေါင်းစုံ ညွန့်ပေါင်းတပ်ဖွဲ့က ဟူသီလက်နက်ကိုင်အဖွဲ့၏ ဆန်နာရှိ မောင်းသူမဲ့ လေယာဉ်ထိန်းချုပ်သောနယ်မြေကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ယီမင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ စစ်ရေးပစ်မှတ်နှင့် ခပ်ဝေးဝေးနေရန် သတိပေးထားကြောင်း သိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ဟူသီလက်နက်ကိုင်များက ယီမင်နိုင်ငံ၏ မြို့တော်ဆန်နာကို သိမ်းပိုက်ခဲ့ပြီးနောက် ယီမင်တောင်ပိုင်းဒေသများကို ဆက်လက်သိမ်းပိုက်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီစသည့် နိုင်ငံများက ဟူသီလက်နက်ကိုင်များအား “Decisive storm” အမည်ဖြင့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

多国联军摧毁胡塞武装的一座卫星站

2022-02-14 18:36:10 分类: 军事
新华社北京2月14日电 沙特阿拉伯主导的多国联军14日凌晨对也门首都萨那的电信部大楼附近实施空袭,摧毁胡塞武装用于操控无人驾驶飞机的一座卫星地面站。

“我们摧毁了一个无人机控制站运行所需的通信系统,”沙特通讯社援引联军声明报道,“胡塞武装利用萨那的电信和信息技术部从事敌对行动。”

路透社以数名萨那居民为消息源报道,空袭目标是萨那北部电信部大楼旁边的一座卫星地面站。胡塞武装运营的马西拉电视台当天晚些时候报道,空袭目标是电信部,也门电信公司的办公楼以及相邻的一座建筑被摧毁。

按照法新社的说法,这是多国联军首次攻击一个民用部门的办公楼,此前只是空袭胡塞武装控制的也门国防部。

多国联军说,这次空袭旨在回应本月10日沙特西南部靠近也门边境的艾卜哈机场遭无人机袭击。沙特方面说,沙特军队击毁那架“装载炸药”的无人机,溅落的碎片导致12人受伤。

多国部队先前警告,将空袭胡塞武装从萨那操作起飞无人机的地点,警告也门民众远离相关军事目标附近的居民点。

2014年9月,胡塞武装夺取萨那,随后占领也门南部地区。2015年3月,沙特牵头成立多国联军,对胡塞武装发起代号为“果断风暴”的军事行动。(胡若愚)

图说1- 1月18日,在也门首都萨那,人们查看被以沙特阿拉伯为首的多国联军空袭后的废墟。 新华社发(穆罕默德摄)

图说2- 1月18日,在也门首都萨那,人们查看空袭过后的废墟。 新华社发(穆罕默德摄)
图说3- 1月18日,在也门首都萨那,人们查看空袭过后的废墟。 新华社发(穆罕默德摄)