Connect with us

Politics, Law & Military

အမေရိကန်အနေဖြင့် အာဖဂန်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်းအား အမြန်ဆုံး ဖယ်ရှားသင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့၌ သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြေရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်အနေဖြင့် အာဖဂန်နိုင်ငံမှပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်းအား ဖယ်ရှားပြီး ဘက်စုံ ပိတ်ဆို့ထားမှုများအားအမြန်ဆုံးပယ်ဖျက်ပေးရေး နှင့် အာဖဂန်နစ္စတန်၌ လူသားချင်းဆိုင်ရာ အကျပ်အတည်းများကို ပြေလျော့စေရေး အတွက် ၄င်း၏ တာဝန်ယူမှုတာဝန်ခံမှုကိုပြန်လည်လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဖေဖော်ဝါရီ ၁၅ ရက်၌ ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ်၏ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇ ဘီလီယံအား အမေရိကန်ဘက်မှပိတ်ဆို့မိန့်ကို သမ္မတ ဂျိုးဘိုင်ဒန် မှ အတည်ပြုလိုက်ခြင်းအပေါ် ဆန့်ကျင့်မှုအများအပြား ရှိခဲ့ကြောင်း၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်၏ဆုံးဖြတ်ချက်သည် အဓိပ္ပါယ်မဲ့ပြီး အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေကာ အာဖဂန်နစ္စတန်အတွက် ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိရန် အတားအဆီး ဖြစ်နေကြောင်း၊ အာဖဂန် တာလီဘန်တို့က အမေရိကန်၏ လုပ်ဆောင်မှုသည် အာဖဂန်၏ ပိုင်ဆိုင်မှုများကို ခိုးယူခြင်းသာဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ပါကစ္စတန်၊ အီရန်နှင့် အခြားနိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများကလည်း အမေရိကန်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့ကြသည်။ ယင်းအပေါ် တရုတ်နိုင်ငံက မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။

အာဖဂန်ပြည်သူများ၏ သဘောတူညီချက်မပါဘဲ အမေရိကန်နိုင်ငံက အာဖဂန်ပြည်သူများ၏ ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့်ပိတ်ပင်လိုက်သည့်အပြင် ၎င်းတို့၏ အပိုင်အဖြစ်သိမ်းယူလိုက်ခြင်းသည်“ ဓားပြတွေရဲ့လုပ်ရပ်နဲ့မခြားပါဘူး” ဟု ဝမ်က ဆိုသည်။အမေရိကန်မှ စံနှုန်းအဖြစ်ထားသည့်“စည်းမျဉ်းအခြေခံသောအမိန့်”သည်အားနည်းသူနှင့်တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်းမဟုတ်ဘဲ အာဏာနှင့် ဗိုလ်ကျအုပ်စိုးမှုများအတွက်သာ ဖြစ်ကြောင်း ဝမ်းဝန်ပင်းမှမှတ်ချက်ပြု ပြောကြားခဲ့သည်။

အာဖဂန် အကျပ်အတည်း၏ ဇစ်မြစ်ဖြစ်သည့် အမေရိကန်တို့အနေဖြင့် အာဖဂန်ပြည်သူများ၏ ဘေးဒုက္ခများပိုမိုဆိုးဝါးအောင် မလုပ်ဆောင်သင့်ကြောင်း၊အမေရိကန်တို့အနေဖြင့် အာဖဂန်နိုင်ငံမှပိုင်ဆိုင်မှုများအပေါ်ပိတ်ဆို့ထားခြင်းကို ပယ်ဖျက်ရန် ဘက်စုံ ပိတ်ဆို့ထားမှုများအားအမြန်ဆုံးဖယ်ရှားသွားရမည်ဖြစ်ကြောင်း နှင့် အာဖဂန်နစ္စတန်၌ လူသားချင်းဆိုင်ရာ အကြပ်အတည်းများကို ပြေလျော့စေရေး အတွက် ၄င်း၏ တာဝန်ယူမှုတာဝန်ခံမှုကိုပြန်လည်လုပ်ဆောင်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။(Xinhua)

—————————————————–
(Chinese Version)

外交部:美方应尽快解除对阿富汗的资产冻结和单边制裁

2022-02-15 21:01:24 分类: 政治法律
新华社北京2月15日电(记者孙楠、伍岳)外交部发言人汪文斌15日在例行记者会上说,美方应尽快解除对阿富汗的资产冻结和单边制裁,为缓解阿人道危机承担起应尽的责任。

有记者问:美国总统拜登签署关于阿富汗央行被冻结70亿美元资产的行政令引发多方反对声音。俄外交部发言人表示,美方决定荒谬可笑,实际上正加剧阿富汗人道主义危机,阻碍阿恢复正常生活。阿富汗塔利班发表声明称美做法无异于盗窃。巴基斯坦、伊朗等国外交部也反对美方决定。中方对此有何评论?

汪文斌说,美方在未经阿富汗人民允许的情况下,任意处置本属于阿人民的资产,甚至将其占为己有,这无异于强盗行径,再次暴露出美方标榜的“基于规则的秩序”不是捍卫弱者和正义的规则秩序,而是维护强权和霸权的规则秩序。

“作为阿富汗危机的始作俑者,美方不应再加剧阿富汗人民的苦难,而应尽快解除对阿富汗的资产冻结和单边制裁,为缓解阿人道危机承担起应尽的责任。”汪文斌说。(完)