Connect with us

Europe

အနောက်နိုင်ငံများနှင့် သံတမန်ရေးနည်းလမ်းဖြင့် လုံခြုံရေးအာမခံမှုဆိုင်ရာ ဆွေးနွေးသွားမည်ဟု ပူတင် ပြောကြား

ရုရှား သမ္မတ ပူတင်အား မော်စကိုမြို့၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

ရုရှားအနေဖြင့် သံတမန်ရေးနည်းလမ်းဖြင့် အနောက်နိုင်ငံများနှင့် လုံခြုံရေးအာမခံမှုဆိုင်ရာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ကရင်မလင် ဝဘ်ဆိုက် သတင်းများအရ ပူတင်သည် ယင်းနေ့က မော်စကိုသို့ ရောက်ရှိလာသည့် ဂျာမနီ ဝန်ကြီးချုပ်Olaf Scholzနှင့် တွေ့ဆုံပြီး နှစ်ဖက်ဆက်ဆံရေးနှင့်နိုင်ငံတကာဂရုပြုသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြရာ ဥပဒေကန့်သတ်ထိန်းချုပ်မှုရှိသည့် ရေရှည်လုံခြုံရေးအာမခံချက်အား ရုရှားကို ပေးရန်နှင့် ယူကရိန်းအရေးအခြေအနေများကို ဆွေးနွေးထားကြောင်း ဖော်ပြထားသည်။

တွေ့ဆုံပွဲအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပူတင်က ရုရှားအနေဖြင့် ဥရောပတိုက်၌ စစ်ဖြစ်ခြင်းကို မလိုလားကြောင်း၊ သံတမန်ရေးနည်းလမ်းဖြင့် သက်ဆိုင်ရာပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းသွားမည်ဖြစ်ရာ နေတိုးချဲ့ထွင်ခြင်းကို ရန်တန့်ရန်၊ ရုရှားနယ်စပ်အနီး တိုက်ခိုက်ရေးလက်နက်အင်အား ဖြန့်ကျက်မှု မလုပ်ဆောင်ရန်၊ ဥရောပတိုက်ရှိ နေတိုး၏ စစ်ရေးအခြေခံအဆောက်အအုံများ ၁၉၉၇ ခုနှစ်က ရုရှား-နေတိုး သဘောတူညီခဲ့သည့် အခြေခံဆက်ဆံရေးစာရွက်စာတမ်းက အခြေအနေတိုင်း ပြန်လည်ထားရှိရန်တို့ ပါဝင်ကြောင်း ဆိုသည်။

နေတိုးအဖွဲ့သို့ ယူကရိန်း နိုင်ငံ ဝင်ရောက်ခွင့်မပြုရေး အာမခံမှု ပြဿနာကို ယခုပင် ဖြေရှင်းရမည်ဖြစ်ကြောင်း ပူတင်က ဆိုသည်။ အမေရိကန်နှင့်နေတိုးအဖွဲ့၏ ရုရှားလုံခြုံရေးအာမခံချက်အကြုံပြုချက် အကြောင်းပြန်လွှာတွင် ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးရန် ရုရှားက ပြင်ဆင်ထားပြီဖြစ်ကြောင်း ၊ သို့သော်လည်း ပြဿနာရပ်အားလုံးကို ခြုံငုံစဉ်းစားရန်လိုအပ်ရာ ရုရှားအတွက် ဦးစားပေးအနက်အဓိပ္ပါယ်ရှိသည့် အခြေခံနှင့် ကင်းကွာ၍ မရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျာမနီ ဝန်ကြီးချုပ် Olaf Scholzက ဥရောပတိုက် လုံခြုံရေးသည် ရုရှားနှင့်အတူတကွ တည်ဆောက်မှသာ ရနိုင်မည်ဖြစ်ပြီး နေတိုးအရှေ့သို့ ချဲ့ထွင်ခြင်းသည် လက်ရှိအစီအစဉ်တွင် မပါဝင်ကြောင်း ဆိုသည်။ အနောက်နိုင်ငံများအနေဖြင့် ရုရှားစစ်တပ် ယူကရိန်းနယ်စပ် ချဉ်းကပ်ခြင်းအပေါ် အထူး စိတ်မအေး ဖြစ်ရကြောင်း၊ သို့သော် သံတမန်ရေးအခွင့်အလမ်း လမ်းဆုံးသည်ဟု မယူဆကြောင်း၊ ယခုအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် အတူကြိုးပမ်းသင့်ကြောင်း ပြောကြားခဲ့သည်။

ယခုကာလများတွင် ရုရှား-ယူကရိန်း ဆက်ဆံရေး ဆက်တိုက် တင်းမာလျက်ရှိရာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် နှစ်ဖက်စလုံးက စစ်အင်အား အများအပြား ဖြန့်ကျက်ထားသည်။ အမေရိကန်၊ ယူကရိန်းနှင့်နေတိုးအဖွဲ့တို့က ယူကရိန်း အရှေ့ဘက် နယ်စပ် ကပ်လျက်တွင် ရုရှား စစ်အင်အား အလုံးအရင်းချထားခြင်းသည် ကျူးကျော်မည့် အနေအထားရှိသည်ဟု ဆိုသည်။ ထို့အပေါ် ရုရှားက ငြင်းဆိုထားပြီး နေတိုး၏လှုပ်ရှားမှုက ရုရှားနယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်နေသဖြင့် နယ်မြေပိုင်နက်ကို ကာကွယ်ရန်အတွက် ပိုင်နက်အတွင်း တပ်ဖွဲ့ စီမံဖြန့်ကျက်ခွင့် ရုရှားတွင် ရှိကြောင်း အလေးထားပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၊ အခြားအနောက်နိုင်ငံများနှင့် လုံခြုံရေးအာမခံမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု ကြေညာချက် ထုတ်ပြန်ခဲ့ရာ နေတိုးအရှေ့ဘက်သို့ တစ်ဆင့်တိုး ချဲ့ထွင်သည့် ဖြစ်နိုင်ခြေကို ပယ်ဖျက်ရန်အတွက် ဥပဒေအာမခံချက်ပေးဖို့ အမေရိကန်နှင့်နေတိုးကို တောင်းဆိုခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်တွင် ရုရှားသည် အမေရိကန်၊ နေတိုးအဖွဲ့နှင့်အတူ လုံခြုံရေးအာမခံမှုအကြုံပြုချက်ဆွေးနွေးပွဲ အသီးသီး ပြုလုပ်ခဲ့သော်လည်း လက်တွေ့ရလဒ် မရရှိခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၆ ရက်တွင် အမေရိကန်နှင့် နေတိုးအဖွဲ့က ရုရှားအဆိုပြုသည့် လုံခြုံရေးအာမခံချက်အကြုံပြုချက် အကြောင်းပြန်လွှာကို အသီးသီး ပြန်လည်ပေးပို့ခဲ့သည်။ အနောက်နိုင်ငံများ၏ အကြောင်းပြန်လွှာအတွက် မူကြမ်းတစ်စောင်ကို ရုရှားက အသင့်ပြင်ထားပြီးဖြစ်ရာ ပြည့်စုံသည့်အကြောင်းအရာပါ အချက်အလက်များကို သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————————–
(Chinese Version)

(国际)普京:俄方将通过外交渠道与西方国家就安全保障问题进行对话
2022-02-16 07:56:55
新华社莫斯科2月15日电(记者胡晓光 耿鹏宇)俄罗斯总统普京15日表示,俄方将通过外交渠道与西方国家就安全保障问题进行对话。

据克里姆林宫网站消息,普京当天在莫斯科与到访的德国总理朔尔茨举行会晤,讨论双边关系和国际热点问题,包括向俄提供具有法律约束力的长期安全保障和乌克兰局势等。

普京在会晤后举行的联合记者会上说,俄不希望欧洲发生战争,俄方将努力与西方国家通过外交渠道解决相关问题,包括北约停止扩张、不在俄边境附近部署打击性武器、北约在欧洲的军事基础设施恢复至1997年俄与北约签署基本关系文件时的状态等。

普京表示,俄罗斯认为关于保证乌克兰不加入北约的问题应该“现在”就加以解决。俄方已准备好讨论美国和北约就俄安全保障建议给出的书面回复中提到的其他问题,但所有问题都需要整体考虑,而不能脱离对俄来说具有优先意义的基本问题。

朔尔茨表示,欧洲安全只能与俄罗斯共同构建,北约东扩现在不在日程上。他说,西方对俄军在靠近乌克兰边境附近集结非常不安,但不认为外交机会耗尽,应该为和平解决这场危机而努力。

近期,俄乌关系持续紧张,双方在两国边境地区部署了大量军事人员和武器装备。美国、乌克兰和北约声称俄罗斯在靠近乌东部边境地区集结重兵,有“入侵”之势。俄方予以否认,强调北约活动威胁俄边境安全,俄方有权在境内调动部队以保卫领土。

2021年12月,俄外交部就与美国和其他西方国家开展安全保障对话发表声明,要求美国、北约就排除北约进一步东扩的可能提供法律保障。今年1月10日至13日,俄分别与美国、北约就安全保障建议开展对话,但未取得实质性成果。1月26日,美国和北约分别向俄方递交关于安全保障建议的书面答复。据报道,俄罗斯已就西方答复准备一份文件草案,俄方将在完善文件内容后递交相关方。(完)
图说: 2021年12月23日,俄罗斯总统普京在莫斯科召开年度记者会。 新华社发(叶甫盖尼•西尼岑摄)