Connect with us

Politics, Law & Military

ယူကရိန်းအရေး သက်ဆိုင်ရာက သတင်းအတုအယောင်များဖြင့် တိုက်ခိုက်မှုကို ရပ်တန့်စေလိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းအား ဖေဖော်ဝါရီ ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝဘ်ဆိုက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

သက်ဆိုင်ရာက သတင်းအချက်အလက်အတုအယောင်များဖြင့် တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ အပြန်အလှန်ယုံကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး အကျိုးဖြစ်ထွန်းစေမည့်ကိစ္စ ပို၍ လုပ်ဆောင်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ မေးမြန်မှုအပေါ် ထည့်သွင်း ပြောကြားခဲ့သည်။ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှား-ယူကရိန်းနယ်စပ် စစ်အင်အားအချို့ကို ရုတ်သိမ်းကြောင်း ကြေညာခဲ့ရာ ယင်းလုပ်ဆောင်ချက်က အနောက်နိုင်ငံမီဒီယာများ ထိုမတိုင်မီ ကြိုတင်ခန့်မှန်းထားသည့် ယူကရိန်းသို့ ရုရှားကျူးကျော်မည့်နေ့တွင် ဖြစ်ကြောင်း ၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသလဲဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဝမ်ဝန်ပင်းက ရက်ဆက်ဆိုသလို အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုကို ဖောင်းပွအောင်ပြောကြားပြီး တင်းမာသည့်အခြေအနေဖြစ်အောင် ဖန်တီးခြင်းသည် ယူကရိန်းပြည်တွင်း လူမှုစီးပွားတည်ငြိမ်မှုနှင့်ပြည်သူလူထု နေထိုင်မှုဘဝအတွက် ပြင်းထန်သည့် ရိုက်ခတ်မှု ဖြစ်စေသလို သက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုအတွက် အတားအဆီး ထပ်တိုးစေခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ သတိထားမိပါတယ်။ ရုရှားက အနောက်နိုင်ငံတွေဟာ ယူကရိန်းအရေးမှာ ‘သတင်းအကြမ်းဖက်ဝါဒ’ဖော်ဆောင်ခဲ့တယ်၊ ဖေဖော်ဝါရီ ၁၅ ရက်ဟာ ‘အမေရိကန်၊အနောက်နိုင်ငံတွေ ဝါဒဖြန့်မှု ကျရှုံးတဲ့နေ့ပါပဲ’လို့ ပြောကြားခဲ့ပါတယ် ”ဟု ၎င်းက ဆိုသည်။

မဖြစ်မနေ ထောက်ပြပြောကြားရမည်ဆိုပါက အမေရိကန်၊အနောက်နိုင်ငံ လူအချို့က သတင်းအတုအယောင် ဖြန့်ချိမှုကြောင့် မူလ စိန်ခေါ်မှုများပြည့်နှက်နေသည့်ကမ္ဘာကို မငြိမ်မသက်၊မရေရာမှုများ ပိုတိုးစေပြီး မယုံကြည်မှုနှင့်ကွဲလွဲမှုများကို ဆိုးဝါးစေကြောင်း ဝမ်ဝန်ပင်းက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ သက်ဆိုင်ရာက ထိုကဲ့သို့သော သတင်းအတုအယောင်နဲ့တိုက်ခိုက်မှုကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ အပြန်အလှန်ယုံကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် အကျိုးရှိတဲ့ အလုပ်ကို ပိုမိုလုပ်ဆောင်စေလိုတယ်” ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(Chinese Version)

外交部就乌克兰局势答问:希望有关方面停止虚假信息攻势
2022-02-16 22:42:02
新华社北京2月16日电(记者冯歆然、董雪)外交部发言人汪文斌16日在就乌克兰局势回答记者提问时表示,希望有关方面停止虚假信息攻势,多做有利于和平、互信、合作的事。

在当日例行记者会上,有记者问:俄罗斯国防部宣布从俄乌边境撤回一些军事力量,这一举动正好发生在西方媒体此前预测俄罗斯将“入侵”乌克兰的日子,中方对此有何评论?
汪文斌说,连日来,美方炒作战争威胁、制造紧张空气,给乌克兰国内经济社会安定和民众生活带来严重冲击,也为有关方面推进对话谈判增添了阻力。

“我注意到,俄方表示,西方在乌克兰问题上实行了‘信息恐怖主义’,2月15日是‘美西方宣传失败日’。”汪文斌说,必须指出,正是美西方一些人不断煽动散播虚假信息,给这个原本充满挑战的世界增加了更多动荡和不确定性,加剧了不信任和分裂。

“我们希望有关方面停止此类虚假信息攻势,多做有利于和平、互信、合作的事。”他说。(完)