Connect with us

Africa & Middle East

တရုတ်နိုင်ငံ ရေတပ် ကပ်ဘေးထောက်ပို့ရေးသင်္ဘောအုပ်စု တွန်ဂါနိုင်ငံသို့ ဖေဖော်ဝါရီ ၁၅ ရက်က ရောက်ရှိ

တရုတ်နိုင်ငံ ရေတပ် ကပ်ဘေးထောက်ပို့ရေး သင်္ဘောအုပ်စု တွန်ဂါနိုင်ငံ နူကူးအလိုဟာဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၅ ရက်က ရောက်ရှိစဉ်(ဆင်ဟွာ)

နူကူးအလိုဟာ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

တွန်ဂါနိုင်ငံ၏ မီးတောင်ကပ်ဘေး ကယ်ဆယ်ရေး အကူအညီတောင်းခံမှုကြောင့် တရုတ်နိုင်ငံ စစ်တပ်မှ စေလွှတ်သည့် ရေတပ်သင်္ဘောအုပ်စုသည် ဒုတိယအသုတ် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန်အတွက် ဇန်နဝါရီ ၃၁ ရက်က ကွမ်ကျိုးမြို့မှ စတင်ထွက်ခွာခဲ့သည်။ပင်လယ်ရေမိုင် ၅,၂၀၀ ကျော် ဆက်တိုက်ခရီးနှင်ပြီးနောက် တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသည့် တရုတ်နိုင်ငံ ရေတပ် သင်္ဘောအုပ်စုသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် တွန်ဂါနိုင်ငံ နူကူးအလိုဟာဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ရေတပ် ကပ်ဘေးထောက်ပို့ရေး သင်္ဘောအုပ်စု တွန်ဂါနိုင်ငံ နူကူးအလိုဟာဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၅ ရက်က ရောက်ရှိစဉ်(ဆင်ဟွာ)

တွန်ဂါနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံးဝန်ထမ်းများက ကပ်ဘေးထောက်ပို့ရေး တရုတ်ရေတပ်သင်္ဘောအုပ်စုအား နူကူးအလိုဟာဆိပ်ကမ်းတွင် ကြိုဆိုနေသည်ကို ဖေဖော်ဝါရီ ၁၅ ရက် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ် ကပ်ဘေးထောက်ပို့ရေး သင်္ဘောအုပ်စု တွန်ဂါနိုင်ငံ နူကူးအလိုဟာဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၅ ရက်က ရောက်ရှိစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ် ကပ်ဘေးထောက်ပို့ရေး သင်္ဘောအုပ်စု တွန်ဂါနိုင်ငံ နူကူးအလိုဟာဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၅ ရက်က ရောက်ရှိစဉ်(ဆင်ဟွာ)

ယခုအကြိမ်ပေးပို့မှုတွင် ရွေ့လျားနေအိမ်၊ ထွန်စက်၊ မီးစက်၊ ရေစုပ်စက်၊ ရေသန့်စက်နှင့် အရေးပေါ် အစားအသောက်၊ ဆေးကုသရေးနှင့်ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ အပါအဝင် ကပ်ဘေးကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်း စုစုပေါင်းတန်ချိန် ၁,၄၀၀ ကျော် ပါရှိကြောင်း သိရသည်။ (Xinhua)

—————————————————–
(Chinese Version)

(国际)(1)中国海军舰艇编队运送救灾物资抵达汤加

2022-02-15 22:57:12
新华社照片,努库阿洛法(汤加),2022年2月15日

应汤加王国关于火山灾害救援的请求,中国军队派遣海军舰艇于1月31日从广州出发,启运第二批中国援助汤加物资。连续航行5200余海里后,赴汤加执行运送救灾物资任务的中国海军舰艇编队于2月15日抵达汤加努库阿洛法港。此次运送的救灾物资共计1400余吨,主要包括移动板房、拖拉机、发电机、水泵、净水器及应急食品、医疗防疫器材等。
新华社发(殷征 摄)

图说1:2月15日,赴汤加执行运送救灾物资任务的中国海军舰艇编队抵达汤加努库阿洛法港(无人机照片)。新华社发(殷征 摄)

图说2:2月15日,赴汤加执行运送救灾物资任务的中国海军舰艇编队抵达汤加努库阿洛法港(无人机照片)。新华社发(殷征 摄)
图说3:2月15日,在汤加努库阿洛法港,中国驻汤加使馆人员在码头迎接赴汤加执行运送救灾物资任务的中国海军舰艇编队。 新华社发(薛成清 摄)

图说4:2月15日,赴汤加执行运送救灾物资任务的中国海军舰艇编队抵达汤加努库阿洛法港。 新华社发(周演成 摄)

图说5:2月15日,赴汤加执行运送救灾物资任务的中国海军舰艇编队抵达汤加努库阿洛法港,汤方拖船协助我方军舰靠泊。 新华社发(薛成清 摄)