Connect with us

China

အမေရိကန်၏လုပ်ရပ်ကသာ “နိုင်ငံကြီးက နိုင်ငံငယ်ကို အနိုင်ကျင့်”သည့် စံနမူနာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား မတ် ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ မတ် ၁၇ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ရုရှား-ယူကရိန်း ပဋိပက္ခတွင် ”နိုင်ငံကြီးက နိုင်ငံငယ်ကို အနိုင်မကျင့်ရ”ဟူသည့် နိုင်ငံတကာအခြေခံစည်းမျဉ်းဖျက်ဆီးခံရကြောင်း ပြောကြားအပေါ် တရုတ်နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်၏လုပ်ရပ်ကသာ “နိုင်ငံကြီးက နိုင်ငံငယ်ကို အနိုင်ကျင့်”သည့် စံနမူနာဖြစ်ကြောင်း မတ် ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမေးမြန်းမှုတွင် ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်တော် မေးချင်တာက အမေရိကန် ကိုယ်၌က ၁၉၆၀ ပြည့်နှစ်တွေမှာ ကျူးဘားနဲ့ပနားမားကိုလည်းကောင်း၊ ၁၉၈၀ ပြည့်နှစ်တွေမှာ ဂရီနေဒါကိုလည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်တွေမှာ ယူဂိုဆလားဗီးယားကိုလည်းကောင်း၊ ယခုရာစု နှစ်ဆန်းပိုင်းတွင် အာဖဂန်နှင့် အီရတ်ကိုလည်းကောင်း၊ နောက်ပိုင်းတွင် ဆီးရီးယား ၊ လစ်ဗျားကိုလည်းကောင်း ဘာတွေလုပ်ခဲ့သလဲဆိုတာပါပဲ။ အမေရိကန်၏လုပ်ရပ်တွေကသာ ကမ္ဘာသိထားတဲ့ ‘နိုင်ငံကြီးက နိုင်ငံငယ်ကို အနိုင်ကျင့်ခြင်း’စံနမူနာ၊ သင်ရိုးညွှန်းတမ်းအဆင့် နမူနာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့ အမေရိကန်က ဒီကိစ္စရပ်တွေကိုတော့ နှုတ်ပိတ်နေသလဲ? ကြီးနိုင်ငယ်ညှဉ်းဆိုတဲ့ ဦးထုပ်ကို အမေရိကန်ကိုယ်တိုင် တည့်မတ်အောင်တပ်ဆင်ပြီးမှ ထပ်ပြောပါ ”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေး၏ ထွက်လမ်းအရင်းအမြစ်သည် တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး မိမိစံနှုန်းဖြင့် တစ်ဖက်သတ် “နိုင်ငံတကာစည်းမျဉ်းစည်းကမ်းကို အခြေခံခြင်း”မဟုတ်သလို နိုင်ငံအသီးသီးကို အဖွဲ့ရွေးရပ်တည်ခိုင်းခြင်း၊ မိတ်ဆွေမဟုတ်လျှင်ရန်သူဟူသော စည်းဘောင်မဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခြင်း ပို၍မဟုတ်ကြောင်း ကျောက်လိကျန်းက ဆိုသည်။

ကမ္ဘာကြီးက ငြိမ်းချမ်းရမည်ဖြစ်ပြီး စစ်ဖြစ်ရမည်မဟုတ်ကြောင်း၊ မျှတရမည်ဖြစ်ပြီး ဗိုလ်ကျစိုးမိုးရမည်မဟုတ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး ထိတ်တိုက်ရင်ဆိုင်ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းမှာ နိုင်ငံတကာ အသိုက်အဝန်း အများစုသောနိုင်ငံများ၏ တူညီသည့်ဆန္ဒဖြစ်ကြောင်း ၊ ကမ္ဘာတွင် စနစ်တစ်မျိုးတည်းရှိရာ ၎င်းမှာ ကုလသမဂ္ဂကိုဗဟိုပြုသည့် နိုင်ငံတကာစနစ် ဖြစ်ပြီး စည်းစနစ်တစ်ခုတည်းရှိရာ ၎င်းမှာ နိုင်ငံတကာဥပဒေကို အခြေခံသည့် စည်းစနစ် ဖြစ်သလို စည်းမျဉ်းစည်းကမ်း တစ်ခုတည်းရှိရာ ၎င်းမှာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့်မူကို အခြေခံသည့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူဖြစ်ကြောင်း ဆိုသည်။

အမေရိကန်အနေဖြင့် စိတ်ရင်းမှန်ကန်မှုရှိစွာ ယူကရိန်းအခြေအနေ ပြေလျော့စေလိုပါက ကမ္ဘာနိုင်ငံအများစုနှင့်အတူ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုဘက်က ရပ်တည်သင့်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)

(外事)外交部:美方所作所为才是“大国欺负小国”的典型例证
2022-03-16 22:57:39 分类: 政治法律
新华社北京3月16日电(记者王宾、成欣)针对美国国务院发言人近日称在俄乌冲突中“大国不能欺负小国”的国际秩序基本规则遭到破坏,外交部发言人赵立坚16日在例行记者会上答问时表示,美方此前所作所为才是“大国欺负小国”的典型例证。
“我想问问美方,想一想美国自己上世纪60年代对古巴和巴拿马,80年代对格林纳达,90年代对南联盟,本世纪初对阿富汗和伊拉克,后来还有叙利亚、利比亚,他们都做了什么。美方的所作所为,才是世所公认的‘大国欺负小国’的典型例证,是教科书级别的例证。为什么美国对这些事情倒是闭口不提了?以大欺小的帽子还是请美方自己先戴正了再说。”赵立坚说。
赵立坚表示,解决乌克兰危机的根本出路在于对话谈判,而不是以自己为标准单方面定义“基于规则的国际秩序”,更不是逼迫各国选边站队、制造非友即敌的“寒蝉效应”。
他表示,世界要和平,不要战争;要公道,不要霸道;要合作,不要对抗。这是国际社会绝大多数国家的共同愿望。世界上只有一个体系,就是以联合国为核心的国际体系;只有一个秩序,就是以国际法为基础的国际秩序;只有一套规则,就是以联合国宪章宗旨和原则为基础的国际关系基本准则。“美国如果真心希望推动乌克兰局势缓和的话,就应该同世界上多数国家一道,站在和平与正义的一边。”(完)