Connect with us

Europe

ကာရစ်ဘီယံပင်လယ်တွင် အမေရိကန်-ကိုလံဘီယာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဗင်နီဇွဲလားရှုတ်ချ

USS Connecticut (SSN-22) ကိုတွေ့ရစဉ် (file photo ဆင်ဟွာ)

ကာရာကက်စ်၊ မတ် ၂ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Vladimir Padrino Lopez က ကာရစ်ဘီယံပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည့် အမေရိကန်နှင့် ကိုလံဘီယာကို ရှုတ်ချကြောင်း လူမှုမီဒီယာတွင် ဖေဖော်ဝါရီ ၂၈ ရက်က ရေးသားဖော်ပြခဲ့သည်။ကိုလံဘီယာနှင့် အမေရိကန်တို့သည် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ ကာရစ်ဘီယံပင်လယ်တွင် ပူးတွဲ ရေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟု ကိုလံဘီယာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ ယခင်က ကြေညာခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘောများ ပါဝင်ကြောင်း သိရသည်။ ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုရည်ရွယ်ချက်မှာ“မူးယစ်ဆေးဝါးရောင်းဝယ်မှုစသည့် တရားမဝင် ရာဇဝတ်မှုများကို နှိမ်နင်းရေးနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး”ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှုစသည့် တရားမဝင် ရာဇဝတ်မှုများကို နှိမ်နင်းရေးအတွက် နျူကလီးယား ရေငုပ်သင်္ဘောများ စေလွှတ်ရန် လိုအပ်ပါသလားဟု Lopez က မေးခွန်းထုတ်ခဲ့သည်။ ၎င်းက အမေရိကန်၏ရည်ရွယ်ချက်ကို တစ်ဖန်ပေါ်လွင်စေကြောင်း၊ “လေ့ကျင့်မှု” သည် “လက်တင်အမေရိကတွင် နေတိုး၏ အရှေ့ဖက်သို့ ချဲ့ထွင်ခြင်းပုံစံ” နှင့် တူညီနေကြောင်းပြောကြားခဲ့သည်။

ကိုလံဘီယာသည် ဗင်နီဇွဲလားနှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ကိုလံဘီယာအစိုးရက အမေရိကန်ကို ကူညီ၍ ဗင်နီဇွဲလား ပြည်တွင်းရေးကို စွက်ဖက်သည်ဟုဆိုကာ ဗင်နီဇွဲလားအစိုးရက ကိုလံဘီယာနှင့် သံတမန်ရေးဖြတ်တောက်လိုက်ကြောင်း ကြေညာခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ဆက်တိုက်တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ဗင်နီဇွဲလားပိုင်နက်ပင်လယ်ပြင်အနီးတွင် “မူးယစ်ဆေးဝါးတိုက်ဖျက်ရေး” အမည်ခံဖြင့် ၎င်း၏စစ်အင်အားကို တိုးမြှင့်ချထားခဲ့ကြောင်း သိရသည်။ (Xinhua)

——————————-
(Chinese Version)

(国际)委内瑞拉谴责美国和哥伦比亚在加勒比海联合军事演习
新华社加拉加斯2月28日电(记者徐烨 王瑛)委内瑞拉国防部长洛佩斯2月28日在社交媒体上发文,谴责美国同哥伦比亚在加勒比海举行联合军事演习。
哥伦比亚国防部此前宣布,2月27日起哥方同美方在加勒比海举行联合海上军事演习,有美军核潜艇参加演习,此次演习旨在“打击贩毒等犯罪活动,维护国家主权”。
洛佩斯表示,打击贩毒等违法活动,为何要出动核潜艇?这再次显示美国的野心,所谓“演习”相当于“北约东扩在拉美地区的版本”。
哥伦比亚同委内瑞拉接壤。2019年2月,委内瑞拉政府指责哥伦比亚政府协助美国对委内政进行干涉,宣布与哥断交。
近年来,美国不断加大对委经济制裁,并以“禁毒”为名加强在委领海附近的军事部署。(完)