Connect with us

Europe

(ယူကရိန်းအခြေအနေ အချိန်နှင့်တစ်ပြေးညီ ဖြစ်စဉ်များ) ဥရောပသမဂ္ဂတွင် ယူကရိန်း ပါဝင်နိုင်ရန် ဇယ်လန်းစကီး တိုက်တွန်း၊ ပါဝင်နိုင်ရေး စစ်ပွဲပြီးမှ ဆွေးနွေးမည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ ပြောကြား

ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenအား မတ်လ ၁ ရက် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်၌ကျင်းပသည့် ဥရောပ ပါလီမန် မျက်နှာစုံညီအစည်းအဝေးတွင် အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ် (European Union/Handout via Xinhua)

ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ)

ယူကရိန်း၏ ပါဝင်မှုကို ဥရောပသမဂ္ဂက လက်ခံဖို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မတ် ၁ ရက်တွင် ထပ်မံတိုက်တွန်းခဲ့သည်။ ဥရောပသမဂ္ဂသို့ ယူကရိန်းဝင်ရောက်ရေးတွင် ပထမဦးဆုံး စစ်ပွဲ အဆုံးသတ်ရန် လိုအပ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။___ မတ် ၁ ရက်တွင် ကျင်းပသည့် ဥရောပ ပါလီမန် မျက်နှာစုံညီအစည်းအဝေးတွင် ဖိတ်ကြားချက်အရ ယူကရိန်းသမ္မတ ဇယ်လန်းစကီး အမှာစကားပြောကြားခဲ့ရာ ယူကရိန်း၏ပါဝင်မှုကို ဥရောပသမဂ္ဂက လက်ခံသဘောတူပေးရန် ထပ်မံတိုက်တွန်းခဲ့သည်။

ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelအား မတ်လ ၁ ရက် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်၌ကျင်းပသည့် ဥရောပ ပါလီမန် မျက်နှာစုံညီအစည်းအဝေးတွင် အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ် (European Union/Handout via Xinhua)

___ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenက ယနေ့ ဥရောပသမဂ္ဂနှင့်ယူကရိန်း၏ ဆက်ဆံရေးသည် ယခင်မည်သည့်အချိန်ထက်မဆို နီးကပ်မှုရှိကြောင်း၊ ရှေ့ဆက်ရမည့် ခရီးက ရှည်လျားနေဆဲဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ဤစစ်ပွဲကို အဆုံးသတ်ရမည်ဖြစ်ပြီး နောက်အစီအစဉ်များကို ထပ်မံ ဆွေးနွေးသင့်ကြောင်း မတ် ၁ ရက် ဥရောပ ပါလီမန် မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

___ ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelက ဥရောပသမဂ္ဂတွင် ယူကရိန်းဝင်ရောက်ခွင့်ကို အလေးအနက်စဉ်းစားမည်ဖြစ်ကြောင်း၊ ၎င်းမှာ အမှတ်သညာပြု အနက်အဓိပ္ပါယ်ရှိ၍ သင့်လျော်သည့် နိုင်ငံရေးလိုအပ်ချက် ဖြစ်ကြောင်း၊ သို့သော်လည်း သမဂ္ဂသို့ ဝင်ရောက်ရေး လုပ်ငန်းစဉ်က အလွန် ခဲယဉ်းကြောင်း မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်း သမ္မတ ဇယ်လန်းစကီးက အဝေးမှတစ်ဆင့် မတ်လ ၁ ရက် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်၌ကျင်းပသည့် ဥရောပ ပါလီမန် မျက်နှာစုံညီအစည်းအဝေးတွင် အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ် (European Union/Handout via Xinhua)

___ ရုရှား ကချက်ချင်းအပစ်ခတ်ရပ်စဲရန်နှင့် ယူကရိန်းမှတပ်များ အားလုံးရုပ်သိမ်းကာ သံတမန်ရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်းဖြေရှင်းရန် နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက မတ် ၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။ နေတိုးအဖွဲ့အနေဖြင့် ရုရှားနှင့် ပဋိပက္ခဖြစ်မည်မဟုတ်ကြောင်း ၎င်းက အလေးထား ထပ်မံပြောကြောင်းခဲ့သည်။

___ အမေရိကန်သမ္မတ ဘိုင်ဒန်က အမေရိကန်တပ်များ ယူကရိန်းနယ်နမိတ်သို့ ဝင်ရောက်ပြီး ရုရှားတပ်နှင့် တိုက်ပွဲဆင်နွှဲမည်မဟုတ်ကြောင်း မတ် ၁ရက်တွင် ထပ်မံပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက အမေရိကန် လေပိုင်နက်သို့ ရုရှားလေယာဉ်ပျံသန်းခွင့်ကို တားမြစ်မည်ဖြစ်ကြောင်း ဆိုသည်။ ထိုလုပ်ဆောင်ချက်က “ရုရှားကို နောက်ထပ် အထီးကျန်လာစေရန်နှင့် စီးပွားရေးကို နောက်တစ်ဆင့်တိုး ဖိနှိပ်ရန်အတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

___ ကိဗ် ရုပ်မြင်သံကြား မျှော်စင်ကို ရုရှားတပ်များ အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း နိုင်ငံတော် အရေးပေါ်အခြေအနေရေးရာဌာနက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ ရုပ်မြင်သံကြားမျှော်စင် အမြောက်ဖြင့် ပစ်ခတ်ခံရပြီးနောက် ယာယီပိတ်ထားခဲ့ရရာ ပုံမှန် ရုပ်သံလှိုင်းမထုတ်လွှတ်နိုင်တော့ကြောင်း ဆိုသည်။

___ ရုရှား၏ စီးပွားရေးတည်ငြိမ်ရန်အတွက် ရုရှားသမ္မတ ပူတင်က ဘဏ္ဍာရေးတည်ငြိမ်မှု ဖြည့်စွက်ချက် ယာယီနည်းလမ်း သမ္မတအမိန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားသမ္မတ ပြန်ကြားရေးဌာနက မတ် ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်နှင့် အချို့ အမေရိကန်နောက်လိုက်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ရုရှားပြည်သူများနှင့်တရားဝင်အဖွဲ့အစည်းများအပေါ် ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုကဲ့သို ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် လှုပ်ရှားမှုများအပေါ် ဖြည့်စွက်နည်းလမ်းများလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

___ ဘီလာရုဇ်က ရုရှား၏ ယူကရိန်းစစ်ရေးလှုပ်ရှားမှုကို ထောက်ခံသည်ဟု ယူဆခြင်းကြောင့် ဘီလာရုဇ် ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ ၄ ဦးနှင့် နိုင်ငံပိုင်လုပ်ငန်း ၂ ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ဗြိတိန်အစိုးရက မတ် ၁ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
——————————-

(Chinese Version)

(乌克兰局势)最新动态:泽连斯基呼吁欧盟接纳乌克兰 欧委会主席说战事结束再议入盟

2022-03-02 13:18:42 分类: 政治法律
新华社北京3月2日电综合新华社驻外记者报道:乌克兰总统泽连斯基1日再次呼吁欧盟同意接纳乌克兰入盟。欧盟委员会主席冯德莱恩1日在谈及乌克兰加入欧盟一事时表示,首先必须结束战事。
——在3月1日的欧洲议会全会上,乌克兰总统泽连斯基应邀远程发表演讲,再次呼吁欧盟同意接纳乌克兰入盟。

——欧盟委员会主席冯德莱恩1日在欧洲议会发表演讲说,如今欧盟与乌克兰的关系比以往任何时候都紧密,“前面仍有很长的路要走。我们必须结束这场战事。我们应该讨论接下来的步骤”。
——欧洲理事会主席米歇尔1日表示,欧盟将会认真对待乌克兰(入盟)这一“极具象征意义的、合理的政治请求”,但同时承认入盟过程将很艰难。

——北约秘书长斯托尔滕贝格1日呼吁俄罗斯立即停火、从乌克兰全部撤军并通过外交手段解决乌克兰危机。他还重申,北约不会与俄罗斯发生冲突。

——美国总统拜登1日重申,美军不会进入乌境内与俄军交战。他同时称,美国将禁止俄罗斯飞机进入美国领空。此举的目的是“进一步孤立俄罗斯、进一步打压(俄罗斯)经济”。

——乌克兰国家紧急情况部1日表示,俄罗斯军队当天对基辅电视塔发动炮击,造成至少5人死亡,5人受伤。遭炮击后该电视塔已暂时关闭,无法正常传输电视信号。

——俄罗斯总统新闻局1日发布消息说,俄总统普京签署了关于保障金融稳定补充临时措施的总统令,旨在维护俄罗斯金融稳定。消息说,美国和一些追随美国的国家及国际组织对俄公民和法人实体采取限制措施,针对此类不友好及违反国际法的行动,俄罗斯决定采取补充措施。

——英国政府1日宣布制裁白俄罗斯4名国防部高级官员和两家国有企业,原因是英方认定白俄罗斯支持俄罗斯对乌克兰发起军事行动。(参与记者:李骥志、郭春菊、耿鹏宇、李东旭、李铭、杜鹃、邓仙来)(完)

图说1:3月1日,欧盟委员会主席冯德莱恩在比利时布鲁塞尔举行的欧洲议会全会上讲话。新华社发(欧盟供图)
图说2:3月1日,欧洲理事会主席米歇尔在比利时布鲁塞尔举行的欧洲议会全会上讲话。新华社发(欧盟供图)
图说3:3月1日,在比利时布鲁塞尔举行的欧洲议会全会上,乌克兰总统泽连斯基远程发表演讲。新华社发(欧盟供图)