Connect with us

Europe

အမေရိကန်-ယူကရိန်း နှစ်နိုင်ငံသမ္မတများ ယူကရိန်းအရေး ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

အမေရိကန် သမ္မတ ဘိုင်ဒန်က အိမ်ဖြူတော်တွင် ယူကရိန်းအရေး မိန့်ခွန်းပြောကြားပြီး ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ကြေညာနေသည်ကို ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ယူကရိန်း သမ္မတ ဇယ်လန်းစကီးတို့သည် အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။အိမ်ဖြူတော်၏ ထုတ်ပြန်ချက်များအရ ဇယ်လန်းစကီးက ဘိုင်ဒန်အား ဖုန်းဖြင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် ဘိုင်ဒန်က ရုရှားစစ်တပ်သည် “ရန်စမှုမရှိသည့် အခြေအနေတွင်”ယူကရိန်းကို ထိုးစစ်ဆင်ခြင်း ဖြစ်ကြောင်း ပြစ်တင် ရှုတ်ချခဲ့သည်။ အမေရိကန်အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းကို ရုရှားအား ပြစ်တင်ရှုတ်ချဖို့အတွက် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ဆိုသည်။

ဇယ်လန်းစကီးက ဘိုင်ဒန်အား ရုရှား၏ အတင့်ရဲစွာ ကျူးကျော်မှုကို အတိအလင်း ပြစ်တင်ရှုတ်ချရေး ကမ္ဘာ့နိုင်ငံအသီးသီး ခေါင်းဆောင်များကို တိုက်တွန်းပေးရန်နှင့် ယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ပေးရန် တောင်းဆိုခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းအစိုးရနှင့်ပြည်သူများအား ကူညီထောက်ပံ့မှုများ ဆက်ပေးမည် ဖြစ်ကြောင်း ဘိုင်ဒန်က ဆိုသည်။

မော်စကို စံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက်နေ့မနက်ပိုင်းတွင် ရုရှား သမ္မတ ပူတင်က ရုပ်သံမိန့်ခွန်းပြောကြားခဲ့ရာ၌ ဒွန်းဘတ်စ်ဒေသအား အထူးစစ်ဆင်ရေး လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြောကြားခဲ့သည်။ ပူတင်က ရုရှားတွင် ယူကရိန်းအား ကျူးကျော်မည့်အစီအစဉ်မရှိကြောင်း ဆိုသည်။ ထို့နောက် မကြာမီ ဘိုင်ဒန်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အမေရိကန်နှင့်မဟာမိတ်အဖွဲ့များက တစ်သမတ်တည်း ခိုင်မာစွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

———————————————–
(Chinese Version)

(国际)美乌总统通话讨论乌克兰局势
2022-02-24 14:16:47
新华社华盛顿2月24日电(记者邓仙来)美国总统拜登于美东时间24日凌晨与乌克兰总统泽连斯基通电话,讨论乌克兰局势。
根据白宫发表的声明,电话由泽连斯基打给拜登。拜登在通话时谴责俄罗斯军队“在没有受到挑衅的情况下”对乌克兰发动攻击。他向泽连斯基通报了美国在呼吁国际社会谴责俄罗斯方面采取的措施。
泽连斯基请求拜登呼吁世界各国领导人明确谴责俄方的“悍然侵略”行为,并与乌克兰人民站在一起。
拜登说,美国将继续为乌克兰政府和人民提供支持和援助。
莫斯科时间24日清晨,俄罗斯总统普京发表电视讲话说,决定在顿巴斯地区发起特别军事行动。普京说,俄罗斯没有占领乌克兰的计划。拜登随后发表声明说,美国及其盟友和伙伴将作出一致且坚决的回应。(完)
图说: 2月22日拍摄的视频画面显示,美国总统拜登在白宫就乌克兰局势发表讲话,宣布对俄罗斯实行经济制裁。(新华社记者刘杰摄)