Connect with us

Europe

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက “စစ်ကူမရှိ တိုက်ပွဲဝင်နေရ”ကြောင်း ပြောကြား၊ တစ်မျိုးသားလုံး စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်ရန် အမိန့်ချမှတ်

ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်မြို့ ညဘက်မြင်ကွင်းကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၄ ရက်တွင် တစ်မျိုးသားလုံး စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။ ထို့ပြင် ဥရောပနိုင်ငံခေါင်းဆောင်များက ယူကရိန်းကို မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ဝင်အဖြစ် လက်ခံရန် တိကျသော သဘောထားထုတ်ပြန်ရန် ငြင်းဆိုခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်မြို့ရှိ မြို့ပြင်အထွက်လမ်းကြောင်းကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်မြို့တွင် မြေအောက်ရထားစီးရန် စောင့်ဆိုင်းနေသူများကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇယ်လန်းစကီး လက်မှတ်ရေးထိုးထားသော အမိန့်အရ တစ်မျိုးသားလုံး စစ်ရေးလှုပ်ရှားမှုသည် ရက် ၉၀ ကြာမြင့်မည်ဖြစ်ကြောင်းနှင့် စက်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိများက လက်ရှိ စစ်မှုထမ်းရန် သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို အရန်အင်အားအရေအတွက်၌ ထည့်သွင်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ ယူကရိန်းတွင် အသက် ၁၈ နှစ်မှ ၆၀ နှစ်အကြား အမျိုးသားများအား နိုင်ငံအတွင်းမှ ထွက်ခွာခွင့်တားမြစ်ထားကြောင်း CNN က ယူကရိန်းနိုင်ငံ နယ်စပ်ဝန်ဆောင်မှုမှ ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းဖော်ပြထားသည်။

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သားနှင့် အရပ်သား ၁၃၇ ဦးသေဆုံးပြီး ၃၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ရုရှား၏ ပထမနေ့ အထူးစစ်ဆင်ရေးကြောင့် ယူကရိန်းနိုင်ငံမြေပြင် စစ်စခန်းအဆောက်အအုံ ၈၃ ခု လည်ပတ်မှုရပ်တန့်ခဲ့ပြီး ယူကရိန်းစစ်တပ်မှ Su-27 နှင့် Su-24 တိုက်လေယာဉ် နှစ်စင်း၊ ရဟတ်ယာဉ် တစ်စင်း၊ ဒရုန်း ၄ စင်းပစ်ချနိုင်ခဲ့ကြောင်း Sputnik သတင်းဌာနမှ ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြထားသည်။

ရုရှားသမ္မတ ဗလာတီမာပူတင်က ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေးတစ်ရပ်လုပ်ဆောင်မည်ဟု ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့ပြီး ယူကရိန်းကို ရုရှားသိမ်းပိုက်ရန် အစီအစဉ်မရှိကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

ရုရှားက ယူကရိန်း စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများအား ပစ်မှတ်တိကျမှု မြင့်မားသည့် လက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ရုရှားစစ်တပ်များက ယူကရိန်းရှိ မြို့များကို အမြောက် သို့မဟုတ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း စစ်ရေးလုပ်ရှားမှုသည် အရပ်သားများအပေါ် အန္တရာယ်ဖြစ်စေမည်မဟုတ်ကြောင်း TASS သတင်းဌာနက ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီး ဖေဖော်ဝါရီ ၂၄ ရက် ထုတ်ပြန်ချက်ကို ကိုကား၍ သတင်းဖော်ပြထားသည်။

ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၄ ရက် ညဉ့်နက်ပိုင်းတွင် ပြောကြားခဲ့သည့် ဗီဒီယိုမိန့်ခွန်း၌ ယူကရိန်းသည် “စစ်ကူမရှိ တိုက်ပွဲဝင်နေရ”ကြောင်း ပြောကြားခဲ့သည်။ “ဒီနေ့ ကျွန်တော်က ဥရောပနိုင်ငံ ၂၇ နိုင်ငံက ခေါင်းဆောင်တွေကို မေးခဲ့ပါတယ်။ ယူကရိန်းက နေတိုးအဖွဲ့ထဲဝင်နိုင်သလားလို့ တိုက်ရိုက်မေးခဲ့ပါတယ်၊ အားလုံးက ကြောက်နေတော့ အဖြေမပေးခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

“ဘယ်သူက ကျွန်တော်တို့နဲ့ ပခုံးချင်းဆိုင် တိုက်ပွဲဝင်တိုက်ချင်လဲ၊ ဘယ်သူ့ကိုမှ မတွေ့ပါဘူး၊ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် ဘယ်သူကနေ ကတိပေးနိုင်ပါသလဲ၊ အားလုံးကကြောက်နေကြတယ်၊ နေတိုးက ယူကရိန်းနဲ့အတူရပ်တည်မယ်လို့ပြောပေမဲ့ ယူကရိန်းကို နေတိုးအဖွဲ့ထဲဝင်ဖို့လက်ခံမယ့် အစီအစဉ်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်ကြောင်း၊ ယူကရိန်းသို့ စစ်တပ်များစေလွှတ်ကာ ကူညီမည်မဟုတ်ကြောင်း နေတိုးနှင့် အမေရိကန်က အကြိမ်ကြိမ်ပြောကြားခဲ့သည်။

နေတိုးအရှေ့ဘက်သို့ တိုးချဲ့မှုသည် ရုရှားနိုင်ငံအမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ရုရှားကပြောကြားခဲ့ပြီး ၎င်းတို့အား အရှေ့ဘက်သို့ တိုးချဲ့မှုနှင့် ယူကရိန်းတွင် စစ်လက်နက်များ ဖြန့်ကျက်ထားခြင်းကို ရပ်တန့်ရန် တိုက်တွန်းခဲ့သော်လည်း ရုရှားက ထိုတောင်းဆိုချက်များနှင့် ကိုက်ညီသော ဆောင်ရွက်ချက်မျိုး မရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှားက ယူကရိန်းကို သိမ်းပိုက်ရန် မရည်ရွယ်ကြောင်း၊ သို့သော် ယူကရိန်းကို စစ်မဲ့ဇုန်အဖြစ် ကြိုးပမ်းသွားမည်ဟု ပူတင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် ယူကရိန်း၏ ကြားနေဇုန်နှင့် ယူကရိန်းပိုင်နက်အတွင်း စစ်လက်နက်များ ဖြန့်ကျက်ခြင်းအပါအဝင် မျဉ်းနီကိစ္စရပ်များကို ဖြေရှင်းရန် လိုလားပြီး ယူကရိန်းဘက်နှင့် ယင်းကိစ္စရပ်များကို ညှိနှိုင်းမည်ဖြစ်ကြောင်း၊ ယူကရိန်းခေါင်းဆောင်များအနေဖြင့် ညှိနှိုင်းရန် အဆင်သင့်ဖြစ်မှုရှိမရှိက အဓိကဖြစ်ကြောင်း ရုရှား သမ္မတ ပြန်ကြားရေးအတွင်းဝန် Dmitry Peskov က ဖေဖော်ဝါရီ ၂၄ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
泽连斯基称乌克兰“孤军作战” 已下令全国军事总动员
2022-02-25 13:25:09 分类: 政治法律
图片轮播
新华社北京2月25日电 乌克兰总统弗拉基米尔·泽连斯基24日下令全国军事总动员,以应对俄罗斯采取的军事行动。同日,他还表示,欧洲国家领导人拒绝就接纳乌克兰加入北大西洋公约组织做出明确表态。
根据泽连斯基签发的命令,总动员将持续90天,军方高层将查明符合条件参加现役和预备役部队的人数。美国有线电视新闻网援引乌克兰国家边防局的消息报道,乌克兰已经禁止18岁至60岁男性公民离境。
泽连斯基说,137名乌克兰军人和平民在俄军发起进攻后死亡,316人受伤。
这是2月24日拍摄的乌克兰首都基辅市街景。(新华社记者李东旭摄)
俄罗斯卫星通讯社援引俄国防部发言人的消息报道,俄军在特别军事行动首日让83处乌克兰地面军事基础设施“瘫痪”,击落乌军苏—27战机和苏—24战机各两架,以及一架直升机和4架无人攻击机。
俄罗斯总统弗拉基米尔·普京24日清晨宣布,在乌克兰东部顿巴斯地区发起特别军事行动。他强调,俄罗斯没有占领乌克兰的计划。
塔斯社援引俄罗斯国防部24日的消息报道,乌方军事基础设施受到高精度武器打击,但俄武装部队不对乌克兰城市进行炮击或空袭,行动不会危及平民。
2月24日,在乌克兰基辅,出城方向的车辆排起长龙。(新华社发,谢尔盖·斯塔拉斯坚科摄)
泽连斯基24日深夜在社交媒体发表视频讲话,说乌克兰正“孤军作战”。“今天,我问了27名欧洲领导人,乌克兰是否将能加入北约。我直接问他们,但是所有人都害怕,没有回答。”
“谁愿意与我们并肩战斗?我没有看见任何人。谁打算做出乌克兰加入北约的保证?所有人都在害怕,”他说,“我问了所有乌克兰的伙伴,他们是否与我们站在一起。他们与我们站在一起,但是他们不准备接纳我们(加入北约)。”
北约和美国已经多次明确表示,乌克兰不是北约成员,不会派遣军队进入乌克兰帮助乌方作战。
2月24日,在乌克兰基辅,一些居民准备乘坐地铁。(新华社发,谢尔盖·斯塔拉斯坚科摄)
俄罗斯指责北约坚持东扩、威胁俄方国家安全,敦促北约停止东扩及在乌克兰部署进攻性武器,但俄方要求没有获得满足。
普京24日说,俄方不打算占领乌克兰,但将寻求乌克兰非军事化。
俄罗斯总统新闻秘书德米特里·佩斯科夫24日回答记者提问时表示,俄方希望解决包括乌克兰中立地位以及乌克兰不在其境内部署武器等“红线问题”,并就这些问题同乌方谈判,关键是乌领导层是否做好谈判准备。(惠晓霜)