Connect with us

Europe

နိုင်ငံတကာဟက်ကာအဖွဲ့အစည်းက ရုရှားအပေါ် “ဆိုက်ဘာတိုက်ပွဲ” စတင်ရန် ကြေညာ

ရုရှားနိုင်ငံ မော်စကိုမြို့ Spasskaya တာဝါအဆောက်အအုံအား ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရိ ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ဟက်ကာအဖွဲ့မှ “Anonymous ” က ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှား၏ အထူးစစ်ဆင်ရေး ကြေညာချက်ကိုပစ်မှတ်ထား၍ ရုရှားအပေါ် “ဆိုက်ဘာတိုက်ပွဲ” စတင်ကြောင်းကြေညာခဲ့ပြီး RT TV ဝက်ဘ်ဆိုက်တိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

အဆိုပါ အဖွဲ့အစည်းမှ “အဖွဲ့ဝင်အားလုံးက ရုရှားအား တရားဝင်စစ်ကြေညာ” ခဲ့ပြီး RT TV ဝက်ဘ်ဆိုက်ကို တိုက်ခိုက်ခဲ့ကြောင်း Anonymous က ဆိုရှယ်မီဒီယာတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

RT TV က မော်စကို စံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ၁၇:၀၀ နာရီမှစ၍ ဝက်ဘ်ဆိုဒ်တိုက်ခိုက်ခြင်း Denial-of-service attack (DDoS) ခံခဲ့ရပြီး ၎င်းတိုက်ခိုက်မှုအတွင်း ၂၇ ရာခိုင်နှုန်းခန့်မှာ အမေရိကန်တိုက်ခိုက်မှုပစ်မှတ်စနစ်မှ ဖြစ်ကြောင်း RT TV က သတင်းဖော်ပြထားသည်။

Anonymous သည် အလွတ်သဘောမျိုး ထိန်းချုပ်သည့် ဟက်ကာအဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင်များပြားကြောင်း၊ ၎င်းတို့မှာ ဥရောပ၊ အမေရိကတို့တွင် ပျံ့နှံကာ ဆိုက်ဘာတိုက်ခိုက်ရေး လုပ်ရှားမှုများကို မကြာခဏပြုလုပ်ခဲ့ကြောင်း သိရသည်။ အချို့ လုပ်ရှားမှုတွင် လူအနည်းငယ်သာပါဝင်ပြီး အချို့မှာ ဟက်ကာပေါင်း ရာနှင့်ချီ ပါဝင်သည်။ ယင်းအဖွဲ့အစည်းသည် နိုင်ငံအများအပြားမှ အစိုးရနှင့် ကုမ္ပဏီများ၏ အင်တာနက်ဝက်ဘ်ဆိုက်များသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ကြောင်း ၎င်းတို့က အခိုင်အမာပြောကြားခဲ့သည်။

ကရင်မလင်နန်းတော်နှင့် ရုရှားဖက်ဒရယ်ကောင်စီ(အထက်လွှတ်တော်) ၏ ဝက်ဘ်ဆိုက်သည် ဆိုက်ဘာတိုက်ခိုက်ခံရကြောင်းနှင့် ၎င်းသည် အမေရိကန် လှုပ်ရှားမှုနှင့် ယူကရိန်းအခြေအနေနှင့် ဆက်စပ်နိုင်ကြောင်း Sputnik သတင်းဌာနက ရုရှားလွှတ်တော်ဆက်စပ်သူတစ်ဦး၏ ပြောကြားချက်အရ သတင်းဖော်ပြခဲ့သည်။

ယူကရိန်းအစိုးရဌာနများနှင့် ၎င်းတို့၏သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်များက ပြီးခဲ့သည့် ရက်သတ္တပတ်က DDoS ဆိုက်ဘာတိုက်ခိုက်ခြင်း ခံခဲ့ရကြောင်းနှင့် အစိုးရဌာနဝက်ဘ်ဆိုက်အများစုမှာ ဖေဖော်ဝါရီ ၂၃ ရက်က ဝက်ဘ်ဆိုက်သို့ ဝင်၍မရကြောင်း AP ၏သတင်းဖော်ပြချက်အရ သိရသည်။

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဖေဖော်ဝါရီ ၂၄ ၇က်တွင် ဒွန်ဘတ်စ်ဒေသသို့ အထူးစစ်ဆင်ရေးတစ်ရပ် စတင်ရန် ကြေညာခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးကလည်း ထိုနေ့ ညနေပိုင်းတွင် ရုရှားနှင့် သံတမန်ဆက်ဆံရေးကိုဖြတ်တောက်လိုက်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
国际黑客团体宣布对俄罗斯发起“网络战争”
2022-02-25 13:35:30 分类: 政治法律
新华社北京2月25日电 国际黑客团体“匿名者”24日针对俄罗斯在乌克兰的军事行动宣布对俄发起“网络战争”,并承认攻击了今日俄罗斯电视台网站。
“匿名者”在社交媒体推特发表声明,称该团体“全体人员正式向俄罗斯宣战”并“攻陷”今日俄罗斯电视台网站。有黑客还在个人推文中加了“乌克兰”的标签。
据今日俄罗斯电视台报道,自莫斯科时间24日17时起,这家媒体的网站一直受到分布式拒绝服务(DDoS)攻击、即短时间内以巨大访问量瘫痪服务器。其中,大约27%的攻击发起地址位于美国。
这是1月26日在俄罗斯首都莫斯科拍摄的救世主塔楼。(新华社记者白雪骐摄)
“匿名者”是松散、扁平化的黑客团体,成员众多,遍布于欧美多地,经常发动网络攻击。一些行动只涉及几个人,一些行动则有数以百计黑客参与。该团体曾宣称入侵多国政府和企业网络。
俄罗斯卫星通讯社当天早些时候以俄议会相关人士为消息源报道,克里姆林宫和俄联邦委员会(议会上院)的网站遭到网络攻击。这名消息人士说,这可能与美国的活动和乌克兰局势相关联。
据美联社报道,乌克兰政府部门及其附属机构的网站上周开始遭到DDoS网络攻击,多个政府部门网站23日一度无法登录。
俄罗斯总统弗拉基米尔·普京24日宣布在顿巴斯地区发起特别军事行动。乌克兰总统弗拉基米尔·泽连斯基当天晚些时候宣布乌克兰与俄罗斯断绝外交关系。(胡若愚)