Connect with us

China

အာရှ-ပစိဖိတ်ဒေသက သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲနေရာမဟုတ်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်၏ အာရှ-ပစိဖိတ် မဟာဗျူဟာ အစီရင်ခံစာအား ဝေဖန်ပြောကြား

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထန်ခက်ဖေးက သတင်းထောက်များ၏မေးမြန်းမှုအား ပြန်လည်ဖြေကြားနေသည်ကို ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်း ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် အမေရိကန်က ထုတ်ပြန်သည့် 《အမေရိကန်၏ အာရှ-ပစိဖိတ် မဟာဗျူဟာ》သည် အခြားနိုင်ငံခြိမ်းခြောက်မှုဟု ချဲ့ကား အကြောင်းပြပြီး အခြားသူအား ဖယ်ကျဉ်သည့် အသိုက်အဝိုင်းငယ်၊ အဖွဲ့အစည်းငယ် တည်ဆောက်နေသည့် တစ်ချိန်တည်းတွင်ပင် ဒေသလွတ်လပ်စွာတံခါးဖွင့်လှစ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်ဟု ဆိုနေခြင်းသည် ဆီလျော်မှုမရှိ ယုတ္တိမဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထန်ခက်ဖေးက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“အသွင်အမျိုးမျိုးဖြင့် အများ၏ပါဝင်မှုက အာရှ-ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်”၊ အာရှ-ပစိဖိတ် နိုင်ငံအသီးသီးရှိ ပြည်သူများက ပွင့်လင်း၍ အများလက်ခံပါဝင်နိုင်ရန် မျှော်လင့်ခြင်း ဖြစ်ပြီး သေးသိမ်သည့် ပိတ်ဆို့မှုမဟုတ်ကြောင်း၊ တစ်ကိုယ်ကောင်းစိတ်၊ တစ်ကိုယ်တည်းအင်အားဖြင့် အာရှ-ပစိဖိတ်ဒေသကို ပုံသွင်းပြောင်းလဲလိုခြင်းကိုက ရိုင်းစိုင်း၍မာနထောင်လွှားခြင်းနှင့် ပညာမဲ့သော စဉ်းစားခြင်း ဖြစ်ကြောင်း ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထန်ခက်ဖေးက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် သက်ဆိုင်ရာနိုင်ငံက ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရေး ခေတ်ရေစီးကြောင်းကို အလိုက်သင့်နေ၍ ဒေသငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဟူသော သမိုင်းတာဝန်ကို ပခုံးတင်ထမ်းဆောင်ရန်၊ အာရှ-ပစိဖိတ်ဒေသကို အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်ရေးအင်အားကို တွန်းအားပေးရန် တိုက်တွန်းကြောင်း၊ ၎င်းမှာ သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်ရမည့် နေရာမဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏အစီရင်ခံစာတွင် ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့် အနုတ်သဘောအကြောင်းအရာများပါရှိရာ တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို ဆိုးဝါးစွာ စွက်ဖက်ခြင်း ၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးအခြေခံစည်းမျဉ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်းလည်း ဖြစ်ကြောင်း၊ ယင်းအပေါ် မိမိတို့အနေဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ထန်ခက်ဖေးက အလေးထားပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားနှင့်ဆက်စပ်နေပြီး မည်သည့် ပြင်ပစွက်ဖက်မှုကိုမျှ လက်သင့်မခံကြောင်း ၎င်းက ဆိုသည်။
အမေရိကန်က ထိုင်ဝမ်အရေး ထိလွယ်ရှလွယ်မြင့်မားမှုအတိုင်းအတာကို ရှင်းလင်းစွာ သိရှိပြီး တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို စွက်ဖက်ခြင်းအား ရပ်တန့်ရန်၊ ထိုင်ဝမ်အရေးတွင် မီးနှင့်ကစားမှုများအား ရပ်တန့်ရန် တိုက်တွန်းကြောင်း ထန်ခက်ဖေးက ပြောကြားခဲ့သည်။ (Xinhua)

………………….
(Chinese Version)
中国国防部评美印太战略报告:亚太地区不是零和博弈的角斗场
2022-02-24 21:36:22
新华社北京2月24日电(记者张汨汨)中国国防部新闻局副局长、国防部新闻发言人谭克非24日表示,美方近日发布的《美国的印太战略》以渲染他国威胁为借口,以建立封闭排他的小圈子、小集团为手段,却同时声称以推进地区自由开放、繁荣安全为目标,逻辑错乱、道理不通。
“多样性和包容性,是亚太地区繁荣发展的根基。”当日例行记者会上,谭克非说,亚太各国人民期待的是开放包容,而不是狭隘封闭。想凭借一己之私、一己之力强行塑造和改变亚太地区,本身是一种蛮横而无知的想法。我们敦促有关国家顺应和平发展、合作共赢的时代潮流,肩负起促进地区和平、稳定、繁荣的历史责任,推动亚太地区成为互利合作的动力源,而不是零和博弈的角斗场。
谭克非强调,美方报告中出现涉台消极内容,严重干涉中国内政,严重违背一个中国原则和国际关系基本准则,我们对此表示坚决反对。台湾问题事关中方核心利益,不容任何外来干涉。我们敦促美方认清台湾问题的高度敏感性,停止干涉中国内政,停止在台湾问题上玩火。(完)
图说:2月24日下午,国防部举行例行记者会,国防部新闻局副局长、国防部新闻发言人谭克非大校答记者问。