Connect with us

Africa & Middle East

ဆော်ဒီရေနံသိုလှောင်ကန်တိုက်ခိုက်ခံရ၊ နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က ယီမင် ဟူသီလက်နက်ကိုင်များကို တိုက်ခိုက်

ယီမင်နိုင်ငံ၊ မြို့တော်ဆန်နာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အပျက်အစီးများအား ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျဦးဆောင်သည့် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က မတ် ၂၅ ရက်ညပိုင်းမှ ၂၆ ရက် နံနက်အထိ ယီမင် ဟူသီလက်နက်ကိုင်များ၏ ယီမင်မြို့တော် ဆာနာနှင့် အနောက်ပိုင်းဆိပ်ကမ်းမြို့ ဟူဒေးဒါရ်ရှိ ပစ်မှတ်အများအပြားကို လေကြောင်းတိုက်ခိုက်ခဲ့သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ၊ မြို့တော်ဆန်နာနှင့် ဟူဒေးဒါရ်အကြားဆက်သွယ်ထားသည့် လမ်းဘေးရှိ “မြေမြှုပ်မိုင်းများ သတိပြုပါ” ဟူသော သတိပေးဆိုင်းဘုတ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဆော်ဒီအာရေးဗျနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမြို့ ဂျတ်ဒါး(Jeddah) မြောက်ဘက်ရှိ ရေနံသိုလှောင်ကန်သည် မတ် ၂၅ ရက်အစောပိုင်းတွင် တိုက်ခိုက်ခံရပြီး ယင်းမှာ ဟူသီလက်နက်ကိုင်တို့၏ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်မှုဖြစ်ကြောင်း ဆော်ဒီအာရေဗျက ထုတ်ဖော်ခဲ့သည်။ ထို့နောက် ဟူသီလက်နက်ကိုင်တို့က ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း Al-Masirah ရုပ်သံမှတစ်ဆင့် ဖော်ပြခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဂျတ်ဒါးမြောက်ဘက်ရှိ ရေနံသိုလှောင်ကန်နှစ်ခု မီးလောင်ပျက်စီးသွားကြောင်းနှင့် လက်ရှိတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။ ယခုအကြိမ်တိုက်ခိုက်မှုသည် အဆိုပါသိုလှောင်ကန်အား တစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။ ယင်းသိုလှောင်ကန်တွင် ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်သုံးဆီများ သိုလှောင်ထားပြီး ‌ဆော်ဒီအာရေဗျ စုစုပေါင်း ရေနံထောက်ပံ့မှု၏ ၂၅ ရာခိုင်နှုန်းကျော်ရှိကြောင်း နိုင်ငံပေါင်းစုံ ညွန့်ပေါင်းတပ် ပြောရေးဆိုခွင့်ရှိသူ Turki Al-Maliki က ပြောကြားခဲ့သည်။

နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်မှ ပစ်မှတ်ထားတိုက်ခိုက်သည့်နေရာများသည် ဆော်ဒီအာရေဗျလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဖြစ်စေသော နေရာများဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်သည် ဟူသီထိန်းချုပ်မှုအောက်ရှိ ဟူဒေးဒါရ်အရပ်သား ရေနံအဆောက်အအုံမှ ပစ်လွှတ်ခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော ဒရုန်းနှစ်စင်းကိုလည်း ကြားဖြတ်ဖျက်ဆီးခဲ့ကြောင်း Turki Al-Maliki က ပြောကြားခဲ့သည်။

နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆာနာဓာတ်အားပေးစက်ရုံ၊ လောင်စာဆီထောက်ပံ့ရေးစခန်းနှင့် ယီမင်လူမှုဖူလုံရေးရုံးတို့ကို ထိမှန်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်က ပြောကြားခဲ့သည်။ ၎င်းတို့အနက် လူမှုဖူလုံရေးရုံး အစောင့်များ၏ နေအိမ်ထိမှန်ခဲ့ရာလူ ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အခြားအရင်းအမြစ်မှ အတည်ပြုခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်သည် ဟူဒေးဒါရ်ရှိ ရေနံအဆောက်အအုံကို တိုက်ခိုက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း ဟူသီလက်နက်ကိုင်များက ပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်များ၏ပြောကြားချက်ကိုTurki Al-Maliki ကတုံ့ပြန်ခြင်းမရှိကြောင်းသိရသည်။

၂၀၁၄ ခုနှစ်တွင် ယီမင် ဟူတီလက်နက်ကိုင်များသည် မြို့တော် ဆန်နာကို သိမ်းယူခဲ့ပြီး ယီမင်တောင်ပိုင်းဒေသများကို သိမ်းပိုက်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်တွင် ဆော်ဒီအာရေဗျ စသည့်နိုင်ငံများက ဟူတီလက်နက်ကိုင်များကို မုန်တိုင်းစစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကုလသမဂ္ဂ၏ ညှိနှိုင်းမှုဖြင့် ယီမင်အစိုးရနှင့် ဟူတီလက်နက်ကိုင်အကြား အပစ်ခတ်ရပ်စဲရေးနှင့် စစ်သုံ့ပန်းပြန်လည်လဲလှယ်ရေး စသည့်အချက်များတွင် သဘောတူညီမှုရခဲ့သော်လည်း မကြာမီမှာပင် ပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်သည်ဟုဆိုကာ နှစ်ဖက်အကြား အပြန်အလှန်အပြစ်တင်စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

ယခုကာလအတွင်း ဖြစ်ပေါ်သော ပဋိပက္ခများက ကုလသမဂ္ဂ ယီမင်ပြဿနာ အထူးကိုယ်စားလှယ် Hans Grundberg တွန်းအားပေးလုပ်ဆောင်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များကို ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အာရပ် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကောင်စီ (GCC) သည် ယီမင်ပဋိပက္ခ သက်ဆိုင်ရာနိုင်ငံများအကြား ဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရန် တွန်းအားပေးလိုသော်လည်း ဟူသီလက်နက်ကိုင်က GCC ဌာနချုပ်တည်ရှိရာ ဆော်ဒီမြို့တော် ရီယာ့ဒ်သို့ သွားရန် ငြင်းဆိုထားကြောင်း သိရသည်။ (Xinhua)

………………………………………..
(Chinese Version)
沙特油库遭袭 多国联军对也门胡塞武装发起打击
新华社北京3月27日电 沙特阿拉伯主导的多国联军25日夜至26日晨对也门胡塞武装在也门首都萨那和西部港口城市荷台达的多处目标实施空中打击。胡塞武装称,多国联军空袭致死至少7人。
1月18日,在也门首都萨那,人们查看空袭过后的废墟。新华社发(穆罕默德摄)
25日早些时候,位于沙特西部海滨城市吉达的北吉达油库遭袭,沙特指认胡塞武装发动导弹袭击。胡塞武装运营的马西拉电视台后来证实这一袭击。
多国联军发言人图尔基·马勒基说,袭击致北吉达油库两个油罐烧毁,大火已被扑灭,没有人员伤亡。这是一周以来北吉达油库第二次遭到袭击。这一油库储存有柴油、汽油和航空煤油,供油量占沙特供应总量的25%以上。
马勒基说,多国联军打击对象是对沙特构成安全威胁的目标。另外,多国联军拦截并摧毁两架装载炸药的无人机,它们从胡塞武装控制的荷台达民用石油设施起飞。
胡塞武装称,多国联军空袭击中萨那一座发电厂、一座燃油供应站和也门社保办事处。其中,社保办事处警卫住所遭到空袭,导致至少7人死亡、3人受伤。这一伤亡情况尚未获得其他渠道证实。
另外,胡塞武装称,多国联军还攻击了荷台达的石油设施,违反2018年达成的停火协议。
2021年11月21日,在连接也门首都萨那和重要港口城市荷台达的公路旁,竖立着“小心地雷”的警示牌。新华社发(穆罕默德摄)
马勒基未就胡塞武装说法予以回应。
胡塞武装2014年夺取也门首都萨那,继而占领也门南部地区。2015年3月,沙特牵头组建多国联军,对胡塞武装发起代号为“果断风暴”的军事行动。2018年12月,在联合国斡旋下,也门政府和胡塞武装就停火、交换战俘等条件达成一致,但双方不久就互相指责对方破坏停火协议。
近期冲突可能影响联合国也门问题特使汉斯·格伦德贝里正推动的人道主义停火。
另外,海湾阿拉伯国家合作委员会希望促成也门冲突相关方会谈,但胡塞武装已拒绝前往海合会总部所在的沙特首都利雅得参加对话。
北吉达油库25日遭袭时,2022赛季一级方程式锦标赛(F1)沙特大奖赛练习赛正在吉达举行。赛事相关方紧急磋商后决定,赛事安排将按原计划继续。(陈立希)