Connect with us

Europe

အထူးစစ်ဆင်ရေးအတွင်း ရုရှားတပ်များ သေဆုံးဒဏ်ရာရမှုများ ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ယူကရိန်းနိုင်ငံ ကိဗ်မြို့ လမ်းမတစ်နေရာ၏မြင်ကွင်းအား ဖေဖော်ဝါရီ ၂၅ ရက် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

အထူးစစ်ဆင်ရေးများအတွင်း ရုရှားတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရမှုများ ရှိကြောင်း ၊ သို့သော် အရေအတွက်က ယူကရိန်း အမျိုးသားရေးဝါဒီ၊ ယူကရိန်းတပ်ဖွဲ့ဝင် သေဆုံးဒဏ်ရာရသူထက် နည်းပါးကြောင်း ရုရှားကာကွယ်ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ရုရှား-ယူကရိန်း နှစ်ဖက်စလုံးတွင် ဖမ်းဆီးခံထားရသည့် သုံ့ပန်းများရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော် သေဆုံးဒဏ်ရာရသူနှင့် ဖမ်းဆီးခံရသူအရေအတွက်ကို ဖော်ပြခြင်း မရှိကြောင်း သိရသည်။

ရုရှားစစ်ဘက် အထူးစစ်ဆင်ရေးလှုပ်ရှားမှု စတင်သည့်အချိန်မှ၍ ရုရှားတပ်သည် ယူကရိန်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၁,၀၆၇ ခုကို ပစ်မှတ်ထား ချေမှုန်းဖျက်ဆီးခဲ့ရာ ကွပ်ကဲရေးဌာနနှင့်ဆက်သွယ်ရေးစင်တာ ၂၇ ခု၊ ရေဒါစခန်း ၅၆ ခုနှင့် လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ် ၃၈ စုံ ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ဖေဖော်ဝါရီ ၂၇ ရက်တွင် လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ် ၇ စုံကို ဖျက်စီးနိုင်ခဲ့ပြီး “Banner-TB2” တိုက်ခိုက်ရေး ဒရုန်းယာဉ် ၃ စီးကို ပစ်ချနိုင်ခဲ့ကြောင်း ဆိုသည်။

လူးဟန့်စ်ခ်ဒေသခံ လက်နက်ကိုင်များက အရှေ့သို့ ၄ ကီလိုမီတာ ရှေ့တိုးနိုင်ခဲ့ပြီး ဒွန်ဘတ်စ်ဒေသခံလက်နက်ကိုင်များက ယင်းဒေသရှိ အမျိုးသားရေးဝါဒီတပ်ဖွဲ့ကို တိုက်ထုတ်ပြီး အရှေ့သို့ ၆ ကီလိုမီတာ ရှေ့တိုးနိုင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။(Xinhua)

………………………………………
(Chinese Version)

(乌克兰局势)俄罗斯国防部:俄军在特别军事行动中出现伤亡
2022-02-28 04:28:55 分类: 政治法律
新华社莫斯科2月27日电(记者黄河)俄罗斯国防部27日晚发布通报说,俄军事人员在执行特别军事行动的过程中出现伤亡,但伤亡人数远低于乌克兰民族主义分子,乌克兰武装部队也有伤亡。
根据通报,俄乌双方均有人员被对方俘虏。通报未提及具体伤亡人数和被俘人数。
通报说,自俄军开展特别军事行动以来,俄军已累计摧毁乌克兰军事设施1067处目标,包括27个指挥所和通信中心、56个雷达站以及38套防空导弹系统。其中,俄军在27日的行动中摧毁了7套防空导弹系统,击落了3架“旗手-TB2”攻击型无人机。
通报说,卢甘斯克当地武装再次向前推进了4公里,顿涅茨克当地武装击退当地民族主义部队后再次向前推进了6公里。(完)
图说:这是2月25日在乌克兰基辅拍摄的空荡荡的街头。(新华社记者鲁金博摄)