Connect with us

Europe

ယူကရိန်းတပ်များ ကိဗ်မြို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း ဆို

ယူကရိန်းနိုင်ငံ ကိဗ်မြို့ ကောင်းကင်ယံတွင် မီးခိုးလိပ်များတက်နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကိဗ်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ရုရှားတပ်များက ကိဗ်မြို့ကို ကြိမ်ဖန်များစွာ ထိုးစစ်ဆင်နေသော်လည်း အောင်မြင်ခြင်းမရှိကြောင်း ယူကရိန်းကြည်းတပ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ရုရှားတပ်များသည် ညပိုင်းတွင် ကိဗ်မြို့ ဆင်ခြေဖုံးကို ထိုးဖောက်ရန်အတွက် အဖန်တလဲလဲကြိုးစားခဲ့သော်လည်း လှုပ်ရှားမှုအားလုံး အရေးနိမ့်ခဲ့ရကြောင်း ယူကရိန်းကြည်းတပ်၏ Facebookစာမျက်နှာတွင် ဖော်ပြထားသည်။ ရုရှားတပ်များ အထိနာခဲ့ကြောင်းနှင့် လက်ရှိ ကိဗ်မြို့သည် ယူကရိန်းတပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယူကရိန်းတပ်များက ရုရှားတပ်များ၏ လမ်းကြောင်းစုံ ထိုးစစ်ဆင်မှုကို ဆုတ်ခွာသွားအောင် တိုက်ထုတ်နိုင်ခဲ့ပြီး လက်ရှိ ဒေသအသီးသီးရှိ အချက်အချာမြို့သည် ယူကရိန်းတပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိကြောင်း ယူကရိန်း လွှတ်တော် (Verkhovna Rada )အမျိုးသားလုံခြုံရေးကော်မတီ အဖွဲ့ဝင် Venislavskyက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု Ukrinformသတင်းအေဂျင်စီက ဖော်ပြထားသည်။အထက်ပါအချက်အလက်များကို ရုရှားဘက်က အတည်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)

………………………………………
(Chinese Version)

(乌克兰局势)乌克兰军队称仍完全控制基辅

2022-02-28 14:44:33 分类: 政治法律
新华社基辅2月28日电(记者李东旭)乌克兰陆军28日表示,俄军多次试图攻入首都基辅,但均遭挫败。
乌克兰陆军在其脸书账号上发文说,俄军夜里一再试图攻入基辅郊区,但所有行动均遭失败。俄军遭到重大人员损失,目前基辅仍在乌军控制之下。

另据乌克兰国家通讯社报道,乌克兰最高拉达(议会)国家安全委员会成员韦尼斯拉夫斯基28日表示,乌军击退了俄军的全线进攻,目前各地区中心城市均在乌军控制之下。

上述消息尚未得到俄方证实。(参与记者:李铭)(完)

图说:这张乌克兰总统办公室提供的照片显示,2021年4月8日,乌克兰总统泽连斯基(中)在顿巴斯地区乌政府军阵地视察。新华社发(乌克兰总统办公室供图)
(220227) — KIEV, Feb. 27, 2022 (Xinhua) — Photo taken on Feb. 27, 2022 shows smoke rising in the sky in Kiev, Ukraine. (Xinhua/Lu Jinbo)