Connect with us

International Organizations

မတ်လတွင် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းအညွှန်းကိန်းက နှစ် ၃၀ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာ

ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ဧပြီ ၈ ရက် ထုတ်ပြန်သည့် မတ်လ စားသောက်ကုန်ဈေးနှုန်းအညွှန်းကိန်းသည် ၁၅၉.၃ ဖြစ်ပြီး ဇန်နဝါရီလထက် ၁၂.၆ ရာခိုင်နှုန်း တိုးလာရာ စားရင်းစတင်ပြုစုသည့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အမြင့်ဆုံးတန်ဖိုးအထိရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းအနက် ဟင်းသီးဟင်းရွက်ဆီ၊ ကောက်နှံပင် စျေးနှုန်းအညွှန်းကိန်းသည်လည်း စံချိန်တင်မြင့်တက်ခဲ့သည်။ ထိုသို့မြင့်တက်ခြင်းသည် ယူကရိန်းအရေးကြောင့် ထောက်ပို့ရေးကွင်းဆက် ပိတ်ဆို့မှုဖြစ်ပေါ်ခြင်းနှင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုနှင့် သက်ဆိုင်ကြောင်း သိရသည်။ပင်လယ်နက်ဒေသမှ ကုန်ပစ္စည်းတင်ပို့မှုမရှိ

FAO စားသောက်ကုန်ဈေးနှုန်းအညွှန်းကိန်းသည် စားသောက်ကုန်၏ နိုင်ငံတကာဈေးနှုန်း လစဉ်အပြောင်းအလဲကို တွက်ချက်ခြင်းဖြစ်ကြောင်း ၊ ယင်းညွှန်းကိန်းအား ကောက်နှံပင်၊ ဟင်းသီးဟင်းရွက်ဆီ ၊ နို့ထွက်ပစ္စည်း ၊ အသားငါး နှင့် သကြား စသည့် ကုန်ပစ္စည်း ၅ မျိုး ဈေးနှုန်းအညွှန်းကိန်း၏ Weighted arithmetic mean ဖြင့် တည်ဆောက်ထားကြောင်း သိရသည်။ စားနပ်ရိက္ခာစျေးနှုန်းအညွှန်းကိန်းသည် ယခုနှစ် ဇန်နဝါရီ၌ အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး မတ်လတွင်မူ စံချိန်သစ်တစ်ခု ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။

ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ် ရှိစူပါမားကတ်တစ်ခု မြင်ကွင်းအား ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အညွှန်းကိန်းအသီးသီးအနက် မတ်လတွင် ကောက်နှံပင်ဈေးနှုန်းမှာ ၁၇.၁ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ ကောက်နှံပင်တွင် ဂျုံ၊ အုတ်ဂျုံ၊ ပြောင်းဖူး၊ ပြောင်းမျိုးနှံစားပင် စသည်တို့ပါဝင်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၃ နှစ်အတွင်း ရုရှား၊ ယူကရိန်းမှ တင်ပို့သည့် ဂျုံနှင့် ပြောင်း စသည်တို့သည် ကမ္ဘာ့တင်ပို့မှုနှုန်း စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း အသီးသီးရှိကြောင်း FAO က ထုတ်ပြန်ထားသည်။

အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော် Algiers တွင် ကျင်းပသည့် နိုင်ငံတကာ စိုက်ပျိုးရေးပြပွဲမြင်ကွင်းကို မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟင်းသီးဟင်းရွက်ဆီစျေးနှုန်းအညွှန်းကိန်းမှာ ၂၃.၂ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ရာ ကုန်စည်ငါးမျိုးအနက် မြင့်တက်မှု အများဆုံးဖြစ်ခဲ့သည်။ ယူကရိန်းသည် ကမ္ဘာပေါ်ရှိ နေကြာဆီ တင်ပို့မှု အများဆုံး နိုင်ငံဖြစ်ပြီး ရုရှားမှာ ဒုတိယဖြစ်ကြောင်း AP ၏ သတင်းဖော်ပြချက်အရ သိရသည်။

ပင်လယ်နက်ဒေသတွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေကြာဆီတင်ပို့မှု လျော့ကျခဲ့ပြီး စားအုန်းဆီ၊ ပဲဆီနှင့် ဟင်းသီးဟင်းရွက်ဆီများ ဝယ်လိုအား မြင့်တက်လာရာ ဈေးနှုန်းလည်း မြင့်တက်လာခဲ့သည်ဟု FAO က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ Vinnitsa တွင် ဂျုံများရိတ်သိမ်းနေသည်ကို ၂၀၀၈ ခုနှစ် ဇူလိုင် ၁၇ ရက် တွင် တွေ့ရစဉ် (ဆင်ဟွာ)

FAO ၏ စျေးကွက်နှင့် ကုန်သွယ်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး Joseph Schmidhuber က လက်ရှိတွင် ထောက်ပံ့ရေးကွင်းဆက် ပိတ်ဆို့မှုနှင့် ကြုံတွေ့နေရပြီး အထူးသဖြင့် ပင်လယ်နက်ဒေသတွင် ပြင်းထန်ကြောင်း၊ “အခု ပင်လယ်နက်ဒေသမှာ ကုန်ပစ္စည်းတင်ပို့မှု မရှိဘူး၊ ဘောလ်တစ်ပင်လယ်ဒေသရဲ့ တင်ပို့မှုကလည်း ရပ်တော့မယ်” ဟု မီဒီယာများအား ပြောကြားခဲ့သည်။

စားသုံးဆီ ထောက်ပံ့မှု လျော့နည်းခြင်းကြောင်း စျေးနှုန်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ စားသုံးသူများ ကုန်ပစ္စည်းသိုလှောင်ခြင်းကြောင့် ထောက်ပို့မှုကွင်းဆက် ပြတ်တောက်မှုမှ ကာကွယ်ရန် စပိန်နိုင်ငံမှ စူပါမားကတ်အချို့သည် နေကြာဆီဝယ်ယူမှု ကန့်သတ်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။ ရုရှားမှ ငါးနှင့် ယူကရိန်း စားသုံးဆီ ဝယ်ယူရေးအခက်အခဲဖြစ်မှု၊ ဈေးနှုန်းမြင့်တက်မှုကြောင့် ဗြိတိန်ဟင်းလျာဖြစ်သည့် “ငါးနှင့်အာလူးချောင်းကြော်” ရောင်းချသည့်စားသောက်ဆိုင်သည်လည်း အခက်အခဲနှင့် ကြုံတွေ့နေရသည်။ ယင်းအခက်အခဲများကြောင့် ဗြိတိန်၏ သုံးပုံတစ်ပုံ “ငါးနှင့်အာလူးချောင်းကြော်” ဆိုင်ပေါင်း ၃,၀၀၀ ခန့်မှာ ခြောက်လအတွင်း ပိတ်သိမ်းသွားနိုင်ကြောင်း စက်မှုလုပ်ငန်းအသင်းမှ ခန့်မှန်းထားသည်။

ယူကရိန်း၏ နွေဦးစိုက်ပျိုးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဂရုပြု

ရုရှား-ယူကရိန်း ပဋိပက္ခသည် မတ်လ စားသောက်ကုန်စျေးနှုန်းအညွှန်းကိန်းအပေါ် မည်မျှသက်ရောက်မှုရှိသည်နှင့် ပတ်သက်၍ တွက်ချက်ရန်မှာခက်ခဲကြောင်း Schmidhuber က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ စသည့် ဒေသများမှ ဆိုးဝါးသော ရာသီဥတုကြောင့် လူများက ယင်းဒေသမှ ထွက်သည့်သီးနှံအခြေအနေအပေါ်စိုးရိမ်မှု ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းမြင့်တက်လာစေသော်လည်း အဓိကမှာ သယ်ယူပို့ဆောင်ရေး ပြဿနာများကြောင့် ဈေးနှုန်းအညွှန်းကိန်း အဆမတန်မြင့်တက်လာရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ လကုန်တွင် ရုရှားမှ ယူကရိန်းသို့ အထူးစစ်ဆင်ရေးစတင်ချိန်ကတည်းက နှစ်နိုင်ငံ စားသောက်ကုန် တင်ပို့မှု လျော့ကျခဲ့ပြီး ကမ္ဘာ့စားသောက်ကုန်စျေးနှုန်း မြင့်တက်လာကာ အာရှတိုက် အရှေ့ပိုင်း၊ အလယ်ပိုင်း နှင့် အာဖရိကမြောက်ပိုင်း ဒေသအချို့တွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူက ပြောကြားခဲ့သည်။

မတ်လတွင် စားသောက်ကုန်စျေးနှုန်း ဆက်လက်မြင့်မားနိုင်သည်ဟု မျှော်မှန်းထားသော်လည်း အမှန်တကယ်ဖြစ်ပေါ်လာသည့် မြင့်တက်မှုကိုမူ လွန်စွာအံ့အားသင့်မိကြောင်း Schmidhuber မှ ပြောကြားခဲ့ပါသည်။

အလယ်ပိုင်းနှင့် အနောက်အာဖရိကရှိ စားသောက်ကုန် ထောက်ပံ့မှု ပြဿနာသည် သိသိသာသာ ဆိုးရွားလာနေပြီး ကလေးသူငယ် ၆ သန်းခန့်သည် အာဟာရချို့တဲ့မှု ဒဏ်ခံနေပြီး မြို့ပြနေထိုင်လူ ၁၆ သန်းနီးပါးမှာ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကြုံတွေ့နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ အကြီးတန်းသုတေသီ Sib Ollo က ပြောကြားခဲ့သည်။

အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဩစတေးလျနှင့် အာဂျင်တီးနားစသည့် အဓိက ကောက်နှံထွက်ကုန် ထွက်ရှိသည့် နိုင်ငံများသည် ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တိုးမြင့်ထုတ်လုပ်နိုင်စွမ်းရှိမရှိကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများက စောင့်ကြည့်နေကြသည်။

ထို့ပြင် လောင်စာဆီနှင့် ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ကမ္ဘာ့လယ်ယာထွက်ကုန်အပေါ် သက်ရောက်မှုရှိသည်။ ရုရှားသည် ဓာတ်မြေသြဇာ အဓိကတင်ပို့သည့် နိုင်ငံဖြစ်သည်။

ပင်လယ်နက်ဒေသရှိ လယ်သမားများက ဓာတ်မြေသြဇာ ရရှိနိုင်မှုအပေါ် အထူးစိုးရိမ်နေကြကြောင်း ၊ ယူကရိန်း အကျပ်အတည်းကြောင့် ဒေသတွင်း နေရာအများစုရှိ ဓာတ်မြေသြဇာဈေးနှုန်းသည် ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာကြောင်း Ollo က ပြောကြားခဲ့သည်။

ဒေသတွင်း နွေဦးမျိုးစေ့ချသည့် ရာသီတွင် ဒေသခံများက ယခုနှစ်ယူကရိန်း၏ စိုက်ပျိုးရိတ်သိမ်းမှုသည် စစ်ပွဲကြောင့် နောက်ပြန်ဆွဲနိုင်မည်ကို စိုးရိမ်နေကြသည်။

ယူကရိန်းအစိုးရသည် ယူကရိန်းလယ်သမားများအတွက် လောင်စာဆီ၊ မျိုးစေ့၊ ဓာတ်မြေသြဇာများနှင့် လယ်ယာသုံးကိရိယာများ ကူညီပေးရန် ဥရောပသမဂ္ဂကို ဧပြီ ၆ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

全球3月食品价格指数创30余年新高

新华社北京4月9日电 联合国粮食及农业组织8日发布的3月食品价格指数达到159.3点,比2月增长12.6%,为1990年开始编制指数以来的最高值,其中植物油、谷物价格指数也创下新高,均与乌克兰局势及其引发的供应链受阻、俄罗斯受制裁等因素有关。

黑海地区无出口
粮农组织食品价格指数用于衡量一揽子食品类商品国际价格月度变化,由谷物、植物油、乳制品、肉类、食糖5类商品价格指数加权平均数构成。今年2月的食品价格指数就创下新高,3月再度刷新纪录。

各项商品指数中,3月谷物价格指数环比增长17.1%。谷物包括小麦、燕麦、玉米、高粱等。俄乌均为谷物出口大国。粮农组织说,过去3年,俄乌合计出口小麦占全球出口总量的30%,玉米占全球20%。
植物油价格指数环比增长23.2%,为5类商品中最大增幅。据美联社数据,乌克兰是世界上葵花籽油出口量最大的国家,俄罗斯排名第二。

粮农组织说,黑海地区持续冲突导致葵花籽油出口供应减少,而这又令棕榈油、大豆油和菜籽油需求上升,价格上涨。  粮农组织市场及贸易司副主任约瑟夫·施米德胡贝告诉媒体记者,目前供应链严重受阻,特别是黑海地区,“黑海地区现在没有商品出口,波罗的海地区的出口也快要停止了”。

受食用油供应减少、价格猛增影响,西班牙一些超市已经针对葵花籽油发出限购令,以免顾客囤货加重供应短缺。售卖英国国菜“炸鱼薯条”的餐馆也遇上难题。因俄罗斯鳕鱼和乌克兰食用油采购困难、价格飙升等问题,行业协会预测,半年内全英三分之一、大约3000家炸鱼薯条店可能倒闭。
乌克兰春播受关注

对于俄乌冲突在多大程度上影响3月食品价格指数,施米德胡贝说,这很难计算。他说,美国等地恶劣的天气造成人们对其作物状况的担忧,也助推价格上涨,不过,物流问题是导致价格指数猛涨的重要原因。
联合国官员此前说,俄罗斯2月底对乌克兰发起特别军事行动以来,两国粮食出口减少,全球食品价格飞涨,中亚、中东和北非一些地区已经出现粮食短缺。

施米德胡贝说,尽管预料到3月食品价格将持续上涨,但实际涨幅还是让人惊讶,“这么高的食品价格意味着人们需要马上行动起来”。

世界粮食计划署高级研究员西布·奥略说,中部和西部非洲的食品供应问题正在急剧恶化,大约600万儿童营养不良,近1600万城镇人口面临粮食不足风险。
相关国际组织正在观察美国、加拿大、法国、澳大利亚、阿根廷等谷物生产大国能否提高产量,补足缺口。
此外,全球农业生产都受到燃料和化肥价格上涨影响。俄罗斯是化肥出口大国。
奥略说,黑海地区的农民尤其担心他们无法获得化肥,“受乌克兰危机影响,该地区许多地方化肥成本已经增长三成”。  正值当地春播时节,人们担心,乌克兰今年农业收成将受战事拖累。乌克兰政府6日呼吁欧盟帮助乌克兰农民筹措燃料、种子、化肥和农耕用具。(郭倩)
图说1-这是4月8日在匈牙利布达佩斯一个市场拍摄的水果和蔬菜。

图说2-4月1日,顾客在比利时布鲁塞尔的一家超市选购面粉。新华社记者郑焕松摄
图说3-3月16日,人们在阿尔及利亚首都阿尔及尔举行的国际农业展上参观。新华社发
图说4- 2008年7月17日,在乌克兰西南部的文尼察州,大型联合收割机在收割小麦。新华社记者宋宗利摄