Connect with us

Latin America

ကိုလံဘီယာနိုင်ငံတွင် လေယာဉ် အရေးပေါ်ဆင်းသက်ပြီးနောက် ခရီးသည် ၂၁,၀၀၀ အပေါ် သက်ရောက်မှုရှိခဲ့ပြီး လေကြောင်းခရီးစဉ် ၁၃၆ ခုပယ်ဖျက်ခဲ့ရ

LATAM လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ မက်ဒယ်လ်လင်မြို့အနီး အဓိကလေဆိပ်တစ်ခု၌ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်တစ်စင်းသည် အရေးပေါ် ဆင်းသက်ခဲ့ရပြီးနောက် ခရီးသည် ၂၁,၀၀၀ ကျော်အပေါ် သက်ရောက်မှုရှိခဲ့ပြီး လေကြောင်းခရီးစဉ် ၁၃၆ ခု ပယ်ဖျက်ခဲ့ရကြောင်း မြို့ပြလေကြောင်းလိုင်း ညွှန်ကြားရေးမှူး Jair Orlando Fajardo က မတ် ၃၀ ရက်၌ ပြောကြားခဲ့သည်။

LATAM Airlines လေကြောင်းလိုင်းပိုင် Airbus A320-200 လေယာဉ်သည် မတ် ၂၉ ရက် မွန်းလွဲပိုင်းက လေဆိပ်မှ ပျံတက်ပြီး ခဏအကြာ လေယာဉ်၏ ရှေ့ပိုင်းအဆင်းဂီယာ ကောင်းစွာ လုပ်မလုပ်သဖြင့် Rionegro မြို့ရှိ Jose Maria Cordova နိုင်ငံတကာလေဆိပ်သို့ အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

လေယာဉ်အရေးပေါ် ဆင်းသက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။

Rionegro မြို့သို့ အသွားနှင့် အပြန် လေကြောင်းခရီးစဉ်များကို အချိန် ၁၂ နာရီကျော်ကြာ ပယ်ဖျက်ထားခဲ့ရာ အထူးသဖြင့် ဘိုဂိုတာရှိ El Dorado နိုင်ငံတကာလေဆိပ် အပါအဝင် အခြားသော လေဆိပ်များ၌ ခရီးစဉ်နှောင့်နှေးခြင်းနှင့် ပယ်ဖျက်ခြင်းများ ဖြစ်ပေါ်စေခဲ့ကြောင်း Fajardo က ပြောကြားခဲ့သည်။

“အဲဒီအချိန်မှာ လေဆိပ်က လည်ပတ်နေပြီး ပုံမှန်အခြေအနေမှာပဲ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် လေကြောင်းခရီးစဉ် ၁၃၆ ခု ပယ်ဖျက်ခဲ့ပြီး ခရီးသည် ၂၁,၂၄၅ ဦးအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

Fajardo ၏ ပြောကြားချက်အရ အရေးပေါ်အခြေအနေဖြစ်ပွားရခြင်း အကြောင်းရင်းများအား ခွဲခြားဆုံးဖြတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
21,000 passengers affected, 136 flights canceled in Colombia after plane’s emergency landing
2022-03-31 09:35:57 Category:Society
BOGOTA, March 30 (Xinhua) — More than 21,000 passengers were affected and 136 flights were cancelled in Colombia, following the emergency landing of a commercial plane at a major airport near the city of Medellin, Civil Aviation Director Jair Orlando Fajardo said Wednesday.
The front landing gear of the LATAM Airlines Airbus A320-200 fell off shortly after takeoff on Tuesday afternoon, forcing the plane to turn back for an emergency landing at the Jose Maria Cordova International Airport in the town of Rionegro.
No injuries were reported during the emergency landing.
Fajardo said that flights to and from Rionegro were cancelled for more than 12 hours, which led to delays and cancellations in other airports, especially in Bogota’s El Dorado International Airport.
“At this moment the airport is operating and under normal conditions,” he said, adding the 136 flights that were cancelled and the 21,245 passengers affected by this incident are being addressed.
According to Fajardo, investigations were underway to determine the causes of the emergency. Enditem
Photo : A LATAM plane lands at the Congonhas Airport, in Sao Paulo, Brazil, on September 27, 2019. (Xinhua/Rahel Patrasso)