Connect with us

China

တရုတ်နိုင်ငံ တောင်ပိုင်းစစ်ဒေသကြီး တည်ရှိရာ တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် လက်တွေ့စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

နိုဝင်ဘာ ၂၅ ရက်

နှစ်စဉ်လေ့ကျင့်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တောင်ပိုင်းစစ်ဒေသကြီး ကြည်းတပ် တပ်ဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်မှစ၍ တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် လက်တွေ့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထိုသို့လေ့ကျင့်မှုမှာ ယင်းဒေသအတွင်း တပ်ဖွဲ့၏လျင်မြန်စွာ တုံ့ပြန်နိုင်မှု၊ နယ်စပ်ဒေသကို ပိတ်ဆို့ထိန်းချုပ်မှု၊ ပစ်ခတ်တိုက်ခိုက်ရေးစွမ်းရည်တို့ စစ်ဆေးနိုင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး သတင်းနှင့်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ လေတပ် အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွင်းလီ က ပြောကြားခဲ့သည်။

တောင်ပိုင်းစစ်ဒေသကြီး တပ်ဖွဲ့သည် ရုတ်ခြည်းဖြစ်ပွားလာနိုင်မည့်အခြေအနေ အမျိုးမျိုးအား ရင်ဆိုင်ရန် အသင့်ပြင်ထားမည်ဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
………………………….
(Chinese Version)

【南部战区位中缅边境我方一侧展开实战化演训活动】中国人民解放军南部战区新闻发言人田军里空军大校表示,根据年度训练计划,中国人民解放军南部战区组织陆军部队于11月25日起,位中缅边境我方一侧举行实战化演训活动,旨在检验战区部队快速机动、边境封控、火力打击能力。战区部队时刻做好应对各类突发情况准备,坚决维护国家主权、边境稳定和人民生命财产安全。