Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှား အောက်လွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin အား မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ အောက်လွှတ်တော် (State Duma) ဥက္ကဋ္ဌ Vyacheslav Volodin နှင့် ပေကျင်းမြို့၌ နိုဝင်ဘာ ၂၂ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အကြီးဆုံးအိမ်နီးချင်းနိုင်ငံ အချင်းချင်း ဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်များလည်း ဖြစ်ကြကာ ဘုံအကျိုးစီးပွားများကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေလျက်ရှိကြောင်း ရှီက ပြောခဲ့သည်။
“ယခုနှစ်အတွင်း မိမိနဲ့ သမ္မတ ပူတင်တို့ နှစ်ကြိမ်တိုင်တိုင် မျက်နှာချင်းဆိုင် တွေ့ဆုံကာ နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ခဲ့ကြပြီး နယ်ပယ်စုံမှာ ညှိနှိုင်းဆောင်ရွက်မှုနဲ့ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် သဘောတူညီချက်အသစ်တွေ အများကြီး ရရှိခဲ့ပါတယ်” ဟု ရှီက ဆိုသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှား အောက်လွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin အား မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ထို့ပြင် လာမည့်နှစ်သည် တရုတ်-ရုရှား သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံ တိုးတက်မှုအား တွန်းအားသစ်ဖြည့်တင်းရန် အိမ်နီးချင်းကောင်း ချစ်ကြည်ရေး၊ ဘက်စုံမဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှု အသွင်အပြင်ဖြင့် နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းစေရေးနှင့် ကမ္ဘာကြီး သာယာဝပြောမှုနှင့် တည်ငြိမ်မှုကို ပံ့ပိုးကူညီရေးအတွက် ဆောင်ရွက်ရန် အသင့်ရှိကြောင်း သမ္မတ ရှီက ပြောခဲ့သည်။
နှစ်နိုင်ငံ ဥပဒေပြုအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းခြင်းက တရုတ်-ရုရှား ဆက်ဆံရေး၏ တည်ငြိမ်၍ ကာလရှည် တိုးတက်မှုခိုင်မာစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်းလည်း ရှီက အလေးထားပြောခဲ့သည်။

နှစ်နိုင်ငံ လွှတ်တော်များအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်၊ ယူရေးရှား စီးပွားရေးသမဂ္ဂ ပေါင်းစည်းမှုအင်အား ခိုင်မာစေရန်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ BRICS ၊ G20 နှင့် အခြား နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းများ၌ ဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေရန် သမ္မတ ရှီက ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ရုရှားနိုင်ငံ အောက်လွှတ်တော် (State Duma) ဥက္ကဋ္ဌ Vyacheslav Volodin က ရုရှားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လိုက်နာကြောင်းနှင့် နိုင်ငံအချုပ်အခြာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တရုတ်နိုင်ငံကို အခိုင်အမာထောက်ခံကြောင်း၊ နှစ်နိုင်ငံရှိ ဥပဒေပြုလွှတ်တော်များကြား၊ နိုင်ငံရေးပါတီများကြား ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိထားသည့် အရေးကြီး သဘောတူညီချက်များကို တက်ကြွစွာ အကောင်အထည်ဖော်ရန်၊ နှစ်နိုင်ငံ ပြည်သူများကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းမှုရှိစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi meets chairman of Russian State Duma
BEIJING, Nov. 22 (Xinhua) — Chinese President Xi Jinping met with Chairman of the Russian State Duma Vyacheslav Volodin in Beijing on Wednesday.
Xi said that China and Russia, each other’s largest neighbors and both permanent members of the UN Security Council, share extensive common interests.
“This year, President Putin and I had face-to-face in-depth exchanges twice and reached a lot of new consensus on deepening the China-Russia comprehensive strategic partnership of coordination and practical cooperation in various fields,” said Xi.
Noting that next year marks the 75th anniversary of the establishment of China-Russia diplomatic ties, Xi said China is ready to work with Russia to deepen bilateral relations featuring permanent good-neighborly friendship, comprehensive strategic coordination and mutually beneficial cooperation to inject new impetus into the development of the two countries and contribute to the prosperity and stability of the world.
Xi stressed that strengthening cooperation between legislative bodies plays an important role in ensuring the steady and long-term development of China-Russia relations.
He called on the two legislatures to ensure the synergy of the Belt and Road Initiative and the Eurasian Economic Union, and deepen communication and coordination in the Shanghai Cooperation Organization, BRICS, G20 and other multilateral platforms.
Russia firmly pursues the one-China policy and firmly supports China in safeguarding national sovereignty and territorial integrity. Russia is willing to strengthen exchanges and cooperation between the legislatures and between the political parties of the two countries, actively implement the important consensus reached by the two heads of state, deepen friendship and mutual trust between the two peoples, said Volodin.
Photo 1,2: Chinese President Xi Jinping meets with Chairman of the Russian State Duma Vyacheslav Volodin at the Great Hall of the People in Beijing, capital of China, Nov. 22, 2023. (Xinhua/Liu Weibing)