Connect with us

North America

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့ရှိ သေနတ်အရောင်းဆိုင်တစ်ခုတွင် ရောင်းချထားသည့် သေနတ်များကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဝါရှင်တန်ရှိ မြို့နယ်တစ်ခု၌ ဇွန် ၉ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါမြို့နယ် ရဲစခန်းက ထိုနေ့မွန်းလွဲပိုင်းတွင် တိုင်ကြားချက်ရရှိခဲ့ပြီး ချက်ချင်းပင် အခင်းဖြစ်ပွားရာ ကွန်ကရစ်ထုတ်ကုန်ပစ္စည်းများကုမ္ပဏီသို့ သွားရောက်ခဲ့ရာ ထိခိုက်သူ ၄ ဦးတွေ့ရှိခဲ့ပြီး ၎င်းအနက် ၃ ဦး သေဆုံးခဲ့ကြောင်း ဝါရှင်တန်ခရိုင်ရဲအရာရှိရုံးက ပြောကြားခဲ့သည်။

သတင်းဖော်ပြချက်များအရ သံသယတရားခံက ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာသို့ မရောက်ရှိမီ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ မေရီလန်းပြည်နယ် ရဲတပ်ဖွဲ့က သံသယတရားခံမောင်းနှင်လာသည့် မောင်တော်ယာဉ်ကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့တစ်ဦးက သံသယတရားခံနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဘက်စလုံးမှ ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။ FBI အပါအဝင် အဖွဲ့အစည်းများက စုံစမ်းစစ်ဆေးမှုတွင် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မကြာသေးမီကာလအတွင်း အမေရိကန်၌ ပြင်းထန်သော ပစ်ခတ်မှုအများအပြား ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့်လ ၂၄ ရက်တွင် အသက် ၁၈ နှစ် အမျိုးသား သေနတ်သမားတစ်ဦးက တက္ကဆက်စ်ပြည်နယ် Uvalde မြို့ ရှိ မူလတန်းကျောင်းသို့ ဝင်ရောက်ကာ ကလေးငယ် ၁၉ ဦးနှင့် ဆရာနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ရာ အမေရိကန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အံ့ဩထိတ်လန့်ခဲ့သည်။

အမေရိကန်၏ ပြင်းထန်သော သေနတ်အကြမ်းဖက်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်အောက်လွှတ်တော်က ပြီးခဲ့သည့်ရက်များတွင် သေနတ်ထိန်းချုပ်ရေးအားကောင်းမှုဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။ သို့သော် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလီကန်ပါတီများကြား သေနတ်ကိစ္စနှင့်ပတ်သက်၍ ပြင်းထန်သော သဘောထားကွဲလွဲမှုများကြောင့် ယင်းဥပ‌ဒေမှုကြမ်းက အထက်လွှတ်တော်တွင် အတည်ပြုနိုင်ရန် ခက်ခဲမည်ဖြစ်သည်။

အမေရိကန် ဝက်ဘ်ဆိုက် “Archives of Gun Violence” ၏ နောက်ဆုံးအချက်အလက်များအရ ယခုနှစ်အစပိုင်းမှစတင်၍ အမေရိကန်နိုင်ငံတွင် အနည်းဆုံး လူ ၄ ဦး သေဆုံးဒဏ်ရာရရှိခဲ့သည့် သေနတ်ပစ်ခတ်မှု ၂၅၄ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၉,၀၀၀ ကျော်က သေနတ်ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

美国马里兰州发生枪击事件致3死1伤
新华社华盛顿6月9日电(记者孙丁)美国马里兰州华盛顿县一个小镇9日发生一起枪击事件,造成3人死亡、1人重伤。
华盛顿县警长办公室通报说,该县史密斯伯格镇警察局当天下午接到报警后迅速出警,警察抵达一家混凝土制品设备公司后发现4名受害者,其中3人已死亡。
据通报,嫌疑人在警察抵达前逃离现场。马里兰州警方遇到嫌疑人驾驶的车辆,一名警察同嫌疑人交火,双方均受伤并被送往医院。美国联邦调查局等机构正协助调查此事。
美国近期发生多起严重枪击事件。上月24日,一名18岁男性枪手闯入得克萨斯州尤瓦尔迪市罗布小学,枪杀19名儿童和两名教师,震惊美国及国际社会。
美国国会众议院日前表决通过一揽子加强枪支监管的法案草案,旨在应对美国严重的枪支暴力问题。然而,由于民主、共和两党在枪支问题上分歧严重,这一法案草案预计难以在参议院推进。
据美国网站“枪支暴力档案”最新数据,今年以来,美国已经发生254起造成至少4人死伤的枪击事件,超过1.9万人因枪支暴力失去生命。(完)
2017年10月4日在美国拉斯维加斯的“新前线”枪械商店拍摄的待售枪支。新华社记者王迎摄