Connect with us

China

ဟောင်ကောင်က “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူလဆန္ဒနှင့် မှန်ကန်သောလမ်းစဉ်သို့ ပြန်လည်ရောက်ရှိခြင်း၏ စတင်မှတ်သစ်တွင် ရပ်တည်လျက်ရှိကြောင်း ကယ်ရီလမ်းပြော

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းအား ဧပြီ ၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ယခုနှစ်သည် ဟောင်ကောင်၏ တရုတ်နိုင်ငံ အမိမြေသို့ပြန်ရောက်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်ကြောင်းနှင့် မိမိတို့က “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူလဆန္ဒနှင့် မှန်ကန်သောလမ်းစဉ်သို့ ပြန်လည်ရောက်ရှိခြင်း၏ စမှတ်အသစ်တွင် ရပ်တည်လျက်ရှိရာ လူတိုင်းက ဟောင်ကောင်၏ အနာဂတ်အပေါ် မျှော်လင့်ချက် အပြည့်အဝရှိနေကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဇွန် ၉ ရက်တွင် ၎င်း၏ တာဝန်ထမ်း‌ဆောင်စဉ်ကာလအတွင်း နောက်ဆုံးအကြိမ်အနေဖြင့် ဥပဒေပြုကောင်စီ အုပ်ချုပ်ရေးမှူး တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ကယ်ရီလမ်းက တာဝန်ထမ်းဆောင်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ၎င်းကို ရဲဝံ့စွာ ရှေ့သို့လျှောက်လှမ်းရန် တွန်းပို့ပေးခဲ့သည်မှာ သမိုင်းတာဝန်နှင့် ခေတ်ကာလတာဝန် အသိစိတ်ဖြစ်‌ကြောင်း ပြောကြားခဲ့သည်။ လူမှုအသိုက်အဝန်းက မိမိ၏ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် မှတ်ချက်ပြုမှုများက ကွဲပြားမှုရှိသော်လည်း မိမိအနေဖြင့် ကျေနပ်ဖွယ်ကောင်းသော ရလဒ်ရရှိခဲ့သည်ဟု ရဲရဲရင့်ရင့်ပြောနိုင်ကြောင်း ၎င်းကဆိုသည်။

“Hong Kong protests” ဖြစ်ရပ်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ဥပဒေပြုမှုသည် “တစ်နိုင်ငံ”၏ မူဝါဒအပေါ်တွင် အခြေခံရမည်ကို ပေါ်လွင်ကြောင်းနှင့် ဗဟိုအစိုးရနှင့် အထူးအုပ်ချုပ်ခွင့်ရဒေသအကြား မှန်ကန်သော ဆက်ဆံရေးကို လက်ကိုင်ပြုရမည်ဖြစ်ကြောင်း ၎င်းက အတွေ့အကြုံ ခံစားမှုနှင့်ပတ်သက်၍ မျှဝေစဉ် ပြောကြားခဲ့သည်။ အုပ်ချုပ်ရေးနှင့် ဥပဒေပြုမှုအကြား ဆက်ဆံမှုနည်းလမ်းကို လုံးဝဖြေရှင်းရန် “ဟောင်ကောင်ကို မျိုးချစ်စိတ်ရှိသူ အုပ်ချုပ်” ရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂ နှစ်အတွင်း ဟောင်ကောင်က ဗဟိုအစိုးရမှ ပြတ်ပြတ်သားသား လုပ်ဆောင်သည့် ဟောင်ကောင်အမျိုးသား လုံခြုံရေးဥပဒေနှင့် ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ် ပြည့်စုံကောင်းမွန်ရေးတို့တွင် ဘက်စုံပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဟောင်ကောင်အတွက် ကောင်းမွန်သော အုပ်ချုပ်ရေး ကဏ္ဍသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

“ဟောင်ကောင်ကို မျိုးချစ်စိတ်ရှိသူ အုပ်ချုပ်” ခြင်းကို အာမခံသော ဥပဒေပြုကောင်စီက အထူးအုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများအတွက် ရည်မှန်းချက်နှင့် ယုံကြည်ချက် ပိုမိုရှိစေနိုင်ကြောင်း ကယ်ရီလမ်းက ပြောကြားခဲ့သည်။ ထိုအာမခံချက်နှင့် ယုံကြည်ချက်ရှိခြင်းကြောင့် ဟောင်ကောင်က ၎င်း၏တမူထူးခြားသော အားသာချက်များကို ကောင်းမွန်စွာ အသုံးချနိုင်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းသို့ ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်မည်ဖြစ်သည်။

ဟောင်ကောင်ပြည်သူများအတူလက်တွဲကာ လမ်းစဉ်သစ်သို့တက်လှမ်းနိုင်ပြီး “တစ်နိုင်ငံ စနစ်နှစ်မျိုး” ၏ ပိုမိုထွန်းလင်းတောက်ပသော အနာဂတ်ကို ဖန်တီးနိုင်ကြရန် ဆန္ဒရှိကြောင်း ကယ်ရီလမ်းကဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)
林郑月娥:香港正站在回到“一国两制”初心和正确轨道的新起点
新华社香港6月9日电(记者刘明洋)香港特区行政长官林郑月娥9日出席任内最后一次立法会行政长官答问会时表示,今年是香港回归祖国25周年,我们正站在回到“一国两制”初心和正确轨道的新起点上,任何人都对香港未来充满期待。
林郑月娥说,这五年来,驱动她勇往直前的是一份强烈的历史使命感和时代责任感。“尽管社会对我的工作评价不一,但我可以大胆说一句,我已交出一张无愧于自己的成绩表。”
她在现场分享体会时表示,一场“修例风波”说明了良好的行政和立法关系必须建基于“一国”原则,须正确掌握中央和特区的关系。要彻底改善行政和立法的关系,必须确保“爱国者治港”。过去两年中央果断出手,特区全面配合落实香港国安法、完善选举制度,为香港开启良政善治新篇章。
林郑月娥指出,一个确保“爱国者治港”的立法会,令特区政府官员更有志气、更有底气。有了这些保障和底气,香港更有把握可以用好自身独特优势,更好融入国家发展大局。
“祝愿香港市民携手再上新征程,开创‘一国两制’事业更辉煌的未来。”林郑月娥说。(完)
4月4日,香港特区行政长官林郑月娥出席新闻发布会。 新华社发