Connect with us

International Organizations

အီကွေဒေါ၊ ဂျပန်၊ မောလ်တာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန် ၅ နိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်နိုင်ငံအဖြစ် ရွေးချယ်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ပဋိပက္ခနှင့်စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပနေသည်ကို မေ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Manuel Elias/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂညီလာခံက အီကွေဒေါ၊ ဂျပန်၊ မော်လ်တာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန် စသည့် ၅ နိုင်ငံအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်နိုင်ငံများအဖြစ် ဇွန် ၉ ရက်တွင် ရွေးချယ်ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်အကျအဖွဲ့ဝင်ရွေးချယ်မှုကို ကုလသမဂ္ဂညီလာခံတွင် လျှို့ဝှက်မဲပေး ရွေးချယ်ခဲ့ခြင်းဖြစ်ရာ ရွေးကောက်ခံနိုင်ငံက ကုလသမဂ္ဂညီလာခံ၏ ဆန္ဒမဲအနည်းဆုံး သုံးပုံနှစ်ပုံရရှိပါက ရွေးချယ်ခံရမည်ဖြစ်သည်။ ယခုအကြိမ် ရွေးကောက်ပွဲတွင် ပါဝင်သည့်နိုင်ငံများမှာ ပြိုင်ဘက်မရှိရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး မဲဆန္ဒစုစုပေါင်းအနေဖြင့် မိုဇမ်ဘစ်နိုင်ငံက ၁၉၂ မဲ၊ အီကွေဒေါနိုင်ငံက ၁၉၀ မဲ၊ ဆွစ်ဇာလန်နိုင်ငံက ၁၈၇ မဲ ၊ မော်လ်တာနိုင်ငံက ၁၈၅ မဲနှင့် ဂျပန်နိုင်ငံက ၁၈၄ မဲ ရရှိခဲ့ကြောင်း သိရသည်။

အသစ်ရွေးချယ်ခံရသော ကုလသမဂ္ဂလုံခြုံရေးကောင်စီအလှည့်ကျအဖွဲ့ဝင်နိုင်ငံများတွင် မိုဇမ်ဘစ်နှင့် ဆွစ်ဇာလန်တို့က ပထမဆုံးအကြိမ် ရွေးချယ်ခံရခြင်း ဖြစ်ပြီး ဂျပန်က ၁၂ ကြိမ်မြောက် ရွေးချယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းနိုင်ငံ ၅ နိုင်ငံသည် အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေ စသည့်နိုင်ငံများနေရာတွင် အစားထိုးပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ အချိန် ၂နှစ်တာကာလ တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံရှိရာ ၎င်းတို့အနက် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်တို့က အမြဲတမ်းအဖွဲ့ဝင်များဖြစ်ပြီး ကျန်အဖွဲ့ဝင် ၁၀ နိုင်ငံများမှာ အလှည့်ကျအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။ အလှည့်ကျအဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ထမ်းဆောင်သည့် သက်တမ်းမှာ ၂ နှစ်ဖြစ်ပြီး နှစ်စဉ် ၅ နိုင်ငံကို ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ရာ ဆက်တိုက် တာဝန်ထမ်းဆောင်ခွင့်မရှိကြောင်း သိရသည်။ အလှည့်ကျ အဖွဲ့ဝင်နိုင်ငံများကို အာဖရိကဒေသမှ ၃ နိုင်ငံ၊ အာရှ-ပစိဖိတ်၊ လက်တင်အမေရိကနှင့် ကာရီဘီယံဒေသမှ ၂ နိုင်ငံ ၊ အရှေ့ဥရောပဒေသမှ ၁ နိုင်ငံ စသဖြင့် အချိုးအစားအလိုက်ရွေးချယ်ခြင်း ဖြစ်သည်။

လုံခြုံရေးကောင်စီသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် တာဝန်ရှိသော ကုလသမဂ္ဂ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ (Xinhua)

……………………………………………
(Chinese Version)
(国际)厄瓜多尔等五国当选联合国安理会非常任理事国
2022-06-09 23:48:05 分类: 政治法律
新华社联合国6月9日电(记者尚绪谦)联合国大会9日选举厄瓜多尔、日本、马耳他、莫桑比克、瑞士等五国为联合国安理会非常任理事国。
安理会非常任理事国由联合国大会通过无记名投票方式选举产生,候选国需获得联大总投票数至少三分之二方可当选。此次参加选举的五个国家均没有竞争对手,莫桑比克获得192票,厄瓜多尔获得190票,瑞士获得187票,马耳他获得185票,日本获得184票,均顺利当选。
新当选的五个安理会非常任理事国中,莫桑比克和瑞士是首次当选,日本是第12次当选。这五个国家将接替印度、爱尔兰、肯尼亚、墨西哥、挪威,任期从2023年1月1日开始,为期2年。
联合国安理会共有15个成员,其中中国、法国、俄罗斯、英国和美国为常任理事国,其余10个成员为非常任理事国。非常任理事国任期2年,经选举每年更换5个,不能连选连任。10个非常任理事国席位按地区分配:非洲地区3个;亚太地区、拉美和加勒比地区、西欧和其他地区各2个;东欧地区1个。
安理会担负维持国际和平与安全的责任,是联合国主要机构之一。(完)
(220520) — UNITED NATIONS, May 20, 2022 (Xinhua) — The Security Council meeting on conflict and food security is held at the UN headquarters in New York, May 19, 2022. (Manuel Elias/UN Photo/Handout via Xinhua)
1.