Connect with us

Europe

ရုရှားက ဥရောပဝယ်ယူသူများအား “သဘာဝဓာတ်ငွေ့ဖြတ်တောက်ခြင်း” ဆောင်ရွက်မည်မဟုတ်ဟု မျှော်မှန်းထား

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားသဘာဝဓာတ်ငွေ့လုပ်ငန်း Gazprom ကုမ္ပဏီ အဆောက်အအုံအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

သဘာဝဓာတ်ငွေ့ ဝယ်ယူခြင်းဆိုင်ရာ “ရူဘယ်ငွေစာရင်း ရှင်းတမ်းအမိန့်” အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သောကြောင့် ရုရှားသဘာဝဓာတ်ငွေ့လုပ်ငန်းကုမ္ပဏီ Gazprom သည် ပိုမိုများသော ဥရောပ ဝယ်ယူသူများအပေါ် “သဘာဝဓာတ်ငွေ့ ဖြတ်တောက်ခြင်း” ဆောင်ရွက်မည်မဟုတ်ဟု မျှော်မှန်းထားကြောင်း ရုရှားအစိုးရက ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရူဘယ်ငွေသားနှင့် အကြွေစေ့များအား မတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံသို့ အထူးစစ်ဆင်ရေး လှုပ်ရှားမှုစတင်ချိန်ကတည်းက ဥရောပသမဂ္ဂသည် အမေရိကန်ဦးဆောင်မှုအောက်တွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။ ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က မတ် ၃၁ ရက်၌ လက်မှတ်ရေးထိုးခဲ့သည့် သမ္မတအမိန့်အရ ရုရှားအနေဖြင့် ဧပြီ ၁ ရက်မှစ၍ “ချစ်ကြည်ရင်းနှီးမှုမရှိသော” နိုင်ငံနှင့် ဒေသများသို့ သဘာဝဓာတ်ငွေ့ ပေးပို့ရာတွင် ရူဘယ်ငွေဖြင့် တွက်ချက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပိုလန်၊ ဘူလ်ဂေးရီးယား၊ ဖင်လန်၊ နယ်သာလန်နှင့် ဒိန်းမတ် စသည့်နိုင်ငံများရှိ အချို့စွမ်းအင်ကုမ္ပဏီများက “ရူဘယ်ငွေစာရင်းရှင်းတမ်းအမိန့်” ကို လိုက်နာရန် ငြင်းဆိုခဲ့သည့်အတွက် ရုရှား၏ “သဘာဝဓာတ်ငွေ့ ဖြတ်တောက်ခြင်း” ခံခဲ့ရသည်။

သဘာဝဓာတ်ငွေ့ ပေးပို့မှု ဖြတ်တောက်သင့်သည့် ကုမ္ပဏီများအားလုံးက လက်ရှိတွင် ရုရှားသဘာဝဓာတ်ငွေ့ မရရှိတော့ကြောင်း၊ လက်ရှိတွင် (“ရူဘယ်ငွေစာရင်းရှင်းတမ်းအမိန့်” ) စနစ် လည်ပတ်လျက်ရှိနေရာ သဘာဝဓာတ်ငွေ့ လက်ခံနိုင်သည့် ကုမ္ပဏီများအားလုံးက ယင်းစနစ်သစ်အတွင်းရှိကြောင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဇွန် ၉ ရက်တွင် မီဒီယာများထံ ပြောကြားခဲ့သည်။

ရုရှားက ပိုမိုများသော ဥရောပဝယ်ယူသူများအား သဘာဝဓာတ်ငွေ့ ပေးပို့မှု ဖြတ်တောက်သွားမည်လားဟု မေးမြန်းမှုကို ဖြေကြားစဉ် Peskov က “ဖြတ်တောက်မည်မဟုတ်” ဟု ဖြေကြားခဲ့သည်။

ဂျာမနီ၊ အီတလီနှင့် ပြင်သစ်နိုင်ငံတို့မှ စွမ်းအင်ကုမ္ပဏီအချို့က ရုရှားသဘာဝဓာတ်ငွေ့ကို ဆက်လက်ဝယ်ယူရန်အတွက် “ရူဘယ်ငွေစာရင်းရှင်းတမ်းအမိန့် ” ကို လိုက်နာထားကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ဥရောပသမဂ္ဂက ကုမ္ပဏီများအား ရုရှားသဘာဝဓာတ်ငွေ့ ဝယ်ယူမှုလမ်းညွှန် စာရွက်စာတမ်းအတွင်း “ကြားနေ ဧရိယာ” အဖြစ်ထိမ်ချန်ထားမှုရှိကြောင်း ဥရောပတိုက် ကုမ္ပဏီများအနေဖြင့် ရုရှားတွင် ဘဏ်အကောင့်ဖွင့်လှစ်မှုက ရုရှားအပေါ် ချမှတ်သော အရေးယူမှုကို ချိုးဖောက်ခြင်း ရှိမရှိနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိကြောင်း ဥရောပသမဂ္ဂ အချို့အဖွဲ့ဝင်နိုင်ငံများ၏ သံအမတ်များက ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
俄罗斯预期不会对更多欧洲客户“断气”
新华社北京6月10日电 俄罗斯政府9日说,天然气“卢布结算令”实施顺利,预期俄罗斯天然气工业股份公司不会对更多欧洲客户“断气”。
俄罗斯2月24日对乌克兰开展特别军事行动以来,欧洲联盟追随美国对俄罗斯施加多轮制裁。根据俄罗斯总统弗拉基米尔•普京3月31日签署的总统令,4月1日起,俄方向“不友好”国家和地区供应天然气时改用卢布结算。波兰、保加利亚、芬兰、荷兰和丹麦等国一些能源企业因拒绝遵守“卢布结算令”遭俄方“断气”。
俄总统新闻秘书德米特里•佩斯科夫9日告诉媒体记者,所有应被切断供应的企业现阶段都已无法接收俄罗斯天然气。他说:“(‘卢布结算令’)系统正在运转,能接收到天然气的企业均在这一新系统中。”
当被问及俄罗斯是否会切断对更多欧洲客户的天然气供应时,佩斯科夫回答:“不会。”
德国、意大利和法国一些能源企业说,为了继续购买俄罗斯天然气,已遵守“卢布结算令”。一些欧盟成员国外交官上月表示,欧盟在指导企业如何购买俄天然气的书面文件中有意保留“灰色地带”,对欧洲企业在俄银行开设卢布账户是否违反对俄制裁规定有意模糊处理。(张旌)
图说1- 这是4月28日在俄罗斯首都莫斯科拍摄的俄罗斯天然气工业股份公司办公大楼。新华社发(亚历山大摄)
图说2- 这是3月24日在俄罗斯首都莫斯科拍摄的卢布钞票和硬币。新华社记者白雪骐摄