Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းနှင့် တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းတို့ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် ဟောင်ကောင်၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR)အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းနှင့် ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် ဟောင်ကောင်၌ တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုင်ရာ တာဝန်ခံများ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ နယ်ပယ်အသီးသီးရှိ လူပုဂ္ဂိုလ်များ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ကိုယ်စားလှယ်များ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဟောင်ကောင်အခြေစိုက် ဗဟိုအစိုးရဌာန၊ အဓိကတရုတ်ရင်းနှီးမြှုပ်နှံမှုဌာန တာဝန်ခံများ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ထိုသို့ တွေ့ဆုံရာတွင် သမ္မတရှီကျင့်ဖိန်က ၅ နှစ်ကြာကာလ ဗဟိုအစိုးရ၏ခိုင်မာသော ထောက်ခံမှုအောက်တွင် ကယ်ရီလမ်းအနေဖြင့် အုပ်ချုပ်ရေးမှူး၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်များကို သစ္စာရှိ ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း၊ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒနှင့်အခြေခံဥပဒေများကို ခိုင်မာစွာ ဖော်ဆောင်ခဲ့ပြီး အထူးဒေသအစိုးရအဖွဲ့ကို ဦးဆောင်ကာ ဥပဒေနှင့်အညီ စီမံအုပ်ချုပ်ခဲ့ပါကြောင်း၊ လူမှုအသိုက်အဝန်းနယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်များနှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် အကြမ်းဖက်ရှုပ်ထွေးမှုများကို တားဆီးနိုင်ခဲ့သလို ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးကို အစွမ်းကုန်ဆောင်ရွက်ကာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး ကြီးမားသောအခင်းအကျင်း၌ပေါင်းစည်းရာတွင် တက်ကြွစွာ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာ၊လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားနှင့် ဟောင်ကောင်ဒေသ သာယာဝပြော၍ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် “နိုင်ငံကို ချစ်မြတ်နိုးသူ ဟောင်ကောင်အား အုပ်ချုပ်ခြင်း” မူကို အကောင်အထည်ဖော်ဆောင်ခဲ့ကြောင်း ၊ ဟောင်ကောင်၏အခြေအနေ ရှုပ်ထွေးရာမှ စီမံခန့်ခွဲမှုသို့ အချိုးအကွေ့ဖြစ်အောင် တွန်းအားပေးဖော်ဆောင်ခဲ့ရာတွင် များစွာသော ကြိုးပမ်းအားထုတ်မှုများ ရှိပြီး အရေးကြီးသော အကျိုးဆောင်မှုများရှိခဲ့သည်မှာ တာဝန်ခံတာဝန်ယူလိုသော ရဲဝံ့သည့် သတ္တိကို ပြသခဲ့ကြောင်း ၊ ၎င်း၏ ဤ ၅ နှစ်တာ ကြိုးပမ်းအားထုတ်မှုများအပေါ် ဗဟိုအစိုးရက အပြည့်အဝ အသိအမှတ်ပြုပါကြောင်း ကယ်ရီလမ်းအား ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်က ကယ်ရီလမ်းအနေဖြင့် ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးရာထူး အသစ်ထမ်းဆောင်မည့်သူနှင့် အထူးဒေသအစိုးရအဖွဲ့သစ် ဥပဒေနှင့်အညီ စီမံအုပ်ချုပ်သည့်အခါတွင်လည်း တက်ကြွစွာဖြင့် ထောက်ခံအားပေးစေလိုကြောင်း ၊ ဟောင်ကောင်ဒေသနှင့်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကျိုးဆောင်စေလိုကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဟောင်ကောင်တွင် ကပ်ရောဂါမတည်ငြိမ်သေးသောအခြေအနေတွင် သမ္မတရှီကျင့်ဖိန် ကိုယ်တိုင်လာရောက်၍ အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်မြောက်အထိမ်းအမှတ်နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဆဋ္ဌမအကြိမ်မြောက် အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ကာ ဟောင်ကောင်သို့ လာရောက်ကြည့်ရှုစစ်ဆေးခြင်းအပေါ် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ၊ ယင်းမှာ သမ္မတ ရှီ၏ ဟောင်ကောင် တစ်နယ်တည်းသားချင်းများအပေါ် ထားရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် ဂရုစိုက်မှု ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်ဒေသသည် လွန်ခဲ့သော ၅ နှစ်တာကာလသည် သာမန်နှင့်မတူအလွန်ထူးခြားသည့် ကာလဖြစ်ပါကြောင်း ၊ မိမိအနေဖြင့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” အတွက် အကျိုးဆောင်နိုင်ခြင်းအပေါ် အထူးဂုဏ်ယူမိပါကြောင်း၊ အမိမြေ အင်အားတောင့်တင်း၊ကြွယ်ဝဖွံ့ဖြိုးပါစေကြောင်းနှင့် သမ္မတရှီကျင့်ဖိန်၏ ဟောင်ကောင်ကြည့်ရှုစစ်ဆေးမှုများ အပြည့်အဝအောင်မြင်ပါစေကြောင်း ကယ်ရီလမ်းက ဆုမွန်ကောင်းစကား ပြောကြားခဲ့သည်။

ယင်းနေ့ညနေပိုင်းတွင် သမ္မတရှီကျင့်ဖိန်က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုင်ရာ တာဝန်ခံများ၊ ဟောင်ကောင်ဒေသ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၊ ဟောင်ကောင်စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ကိုယ်စားလှယ်၊ ဟောင်ကောင်အခြေစိုက် ဗဟိုအစိုးရဌာန၊ အဓိက တရုတ်ရင်းနှီးမြှုပ်နှံမှုဌာန တာဝန်ခံများနှင့် အသီးသီး တွေ့ဆုံခဲ့ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံမှုများတွင် တင်းရွှယ်ရှန်၊ ရွှီချီလျန့်၊ စိန်ယွဲ့ယွဲ့၊ ဝမ်ရိ၊ ရှပေါင်လုန် စသည်တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ဒုတိယ ဥက္ကဋ္ဌ လျန်ကျန့်ရင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးရာထူး ဆက်ခံမည့် လီကျားချောင်း(ဂျွန်လီ)တို့ကလည်း သက်ဆိုင်ရာတွေ့ဆုံမှုများ၌ ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………
(Chinese Version)

(香港回归祖国25周年)习近平会见林郑月娥

2022-06-30 18:51:43

新华社香港6月30日电(记者陈键兴 朱基钗 查文晔)国家主席习近平30日下午在香港会见了香港特别行政区行政长官林郑月娥。
习近平指出,5年来,在中央坚定支持下,你忠诚履行行政长官的宪制责任,坚定贯彻落实“一国两制”方针和基本法,带领特别行政区政府依法施政,团结社会各界人士止暴制乱,全力抗击新冠肺炎疫情,积极融入国家发展大局,为维护国家主权、安全、发展利益和香港繁荣稳定,落实“爱国者治港”原则,推动香港局势实现由乱到治重大转折,做了大量艰苦工作,作出重要贡献,展现了勇于担当的精神。对于你这5年来的工作,中央是充分肯定的。
习近平希望林郑月娥积极支持新一任行政长官和新一届特别行政区政府依法施政,继续为香港和国家的发展作出贡献。
林郑月娥衷心感谢习近平主席在香港疫情仍然波动的情况下亲临香港出席庆祝香港回归祖国25周年大会暨香港特别行政区第六届政府就职典礼并视察香港,这充分体现习近平主席对香港同胞的亲切关怀。她表示,香港过去5年是极不平凡的5年,她能够为“一国两制”事业作出贡献,感到十分荣幸。祝愿祖国富强昌盛,习主席视察香港圆满成功。
当天下午,习近平分别会见了香港特别行政区行政、立法、司法机关负责人,香港各界代表人士,香港纪律部队代表,中央驻港机构和主要中资机构负责人。
丁薛祥、许其亮、沈跃跃、王毅、夏宝龙等参加有关会见。
全国政协副主席梁振英,香港特别行政区行政长官林郑月娥、候任行政长官李家超也参加有关会见。(完)

1. 6月30日下午,国家主席习近平在香港会见香港特别行政区行政长官林郑月娥。新华社记者 刘彬 摄
2.  6月30日下午,国家主席习近平在香港会见香港特别行政区行政、立法、司法机关负责人。新华社记者 鞠鹏 摄
3. 6月30日下午,国家主席习近平在香港会见香港各界代表人士。新华社记者 姚大伟 摄
4.  6月30日下午,国家主席习近平在香港会见香港纪律部队代表。新华社记者 刘彬 摄
5. 6月30日下午,中共中央总书记、国家主席、中央军委主席习近平在香港会见中央驻港机构和主要中资机构负责人。新华社记者 鞠鹏 摄