Connect with us

Social

“ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းစတင်ခြင်း အခမ်းအနားကျင်းပ

"ကျောက်ဖြူအနာဂတ်" ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (CITIC)

ကျောက်ဖြူ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီက ၎င်း၏လူမှုတာဝန်ဝတ္တရားကို အခြေခံကျကျ ဖြည့်ဆည်းပေးရန်နှင့် လူထုသဘောဆန္ဒကို အခြေခံသည့် ကျောက်ဖြူစီမံကိန်းအဖြစ် စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲရန် “ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာစီမံကိန်းကို CITIC Group မှ လုပ်ငန်းပူးတွဲအဖွဲ့က ရေးဆွဲကာ ဇူလိုင်လ ၃၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပထမဆုံး ဆေးကုသမှုပေးခဲ့သည့် ကျေးရွာတွင် ကျေးရွာသူ/သား ၇၀ နီးပါးကို ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံမှ အထွေထွေဆရာဝန် သုံးဦးက စစ်ဆေးကုသမှု ဆောင်ရွက်ပေးခဲ့သည်။ စီမံကိန်း စတင်ဆောင်ရွက်မှု မတိုင်မီ CITIC Group မှ လုပ်ငန်းပူးတွဲအဖွဲ့က ဒေသဆိုင်ရာ ကျန်းမာရေးဌာန၊ သက်ကြီးရွယ်အိုအသင်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများ၏ စီမံကိန်းအပေါ် အမြင်နှင့် အကြံပြုချက်များ သိရှိရန် သီးသန့်လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

“ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (CITIC)

“ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းကို ယူနန်ပြည်နယ် နိုင်ငံခြား အကူအညီပေးရေးဌာနမှ ရန်ပုံငွေထောက်ပံ့ပြီး ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံမှ ဒေသခံအရပ်ဘက်အဖွဲ့အစည်း KSEDAA က တာဝန်ယူ အကောင်အထည်‌ဖော်ခဲ့ကြောင်းသိရသည်။ အဆိုပါ စီမံကိန်းသည် လာမည့် ၄ လအတွင်း ကျောက်ဖြူစီမံကိန်း အနီးတစ်ဝိုက်ရှိ ကျေးရွာပေါင်း ၂၀ အား ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသမှုများကို အခမဲ့ ဆောင်ရွက်ပြီး ဒေသခံပြည်သူများ၏ ဆေးဝါးကုသမှုနှင့် ဆေးဝါးချို့တဲ့မှုပြဿနာကို ကူညီဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (CITIC)

ဒေသခံပြည်သူများက ထိုနေ့တွင် ဆောင်ရွက်ခဲ့သည့် ရောဂါစစ်ဆေးကုသခြင်းဝန်ဆောင်မှုများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး အချို့အနီးတစ်ဝိုက်ရှိ ရွာသားများကပါ ကားဖြင့်အထူးတလည် လာရောက်ပြသခဲ့ကြောင်း သိရသည်။ ကျောက်ဖြူဒေသခံပြည်သူများနှင့် မေးမြန်းပြောဆိုရာတွင် CITIC ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်အထွေထွေမန်နေဂျာ မာချွမ်ဖူက ကျောက်ဖြူစီမံကိန်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှု့တာဝန်အရ ပြည်သူ့စားဝတ်နေရေးအတွက် ဝန်ဆောင်မှုပေးခြင်းက အပြန်အလှန် မြှင့်တင်ပေးကြောင်း၊ သက်ဆိုင်ရာ အသီးသီးမှ အရင်းအမြစ်များကို ပေါင်းစည်းကာ အားလုံးပါဝင်သည့် ပရဟိတစီမံကိန်းကို ဆန်းသစ်သော အတွေးအမြင်ဖြင့် အကောင်အထည်ဖော်ခဲ့ကြောင်းနှင့် CITIC Group မှ လုပ်ငန်းပူးတွဲအဖွဲ့၏ နှစ်ဝက်နီးပါးကြာ စေ့စပ်သော သုတေသနပြုမှု၊ စီစဉ်ပြင်ဆင်မှုနှင့် အကောင်အထည်ဖော်သည့် အကြောင်းကို မိတ်ဆက်ပေးခဲ့ပြီး CITIC Group အနေဖြင့် ကျောက်ဖြူဒေသခံများနှင့်အတူ လက်တွဲကာ သာယာလှပသော အနာဂတ်ကို ဖန်တီးပေးလိုသော ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ရာ ဒေသခံပြည်သူများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။

“ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (CITIC)

“ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (CITIC)

“ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (CITIC)

“ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (CITIC)

“ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (CITIC)

“ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (CITIC)

“ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (CITIC)

ယူနန်ပြည်နယ် နိုင်ငံခြားအကူအညီကဲ့သို့သော အကူအညီပေး‌ရေး အရင်းအမြစ်များနှင့် ပေါင်းစည်းပြီး ကျောက်ဖြူ၌ စီမံကိန်းများအဖြစ် လုပ်ဆောင်ကာ ကုမ္ပဏီ၏ လူမှုတာဝန်ထမ်းဆောင်မှု ပုံစံသစ်များကို ကျေပွန်အောင်လုပ်ဆောင်လျက်ရှိကြောင်း ၊ ကျောက်ဖြူစီမံကိန်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်မှုအတွက် အပြုသဘောဆောင်သော ပြည်သူ့ဆန္ဒ ပတ်ဝန်းကျင်ကို ဖန်တီးရန် ဒေသခံပြည်သူစားဝတ်နေရေးဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် CITIC Group နှင့် ဒေသခံများအကြား ဆက်ဆံရေးကောင်းမွန်စေရေး၊ ကျောက်ဖြူဆိုင်ရာ CITIC Group မှ တာဝန်ရှိ ကုမ္ပဏီ၏ အပြုသဘောဆောင်သော ပုံပန်းသဏ္ဌာန်ကို မြှင့်တင်ပေးရေးစသည်တို့လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

#Kyaukphyu #MobileClinic #CITIC #Xinhua #Myanmar #XinhuaMyanmar #ကျောက်ဖြူ #တရုတ်ကုမ္ပဏီ #ရွေ့လျား‌ဆေးခန်းစီမံကိန်း #ဆင်ဟွာ
…………………………………………
“皎漂未来”移动诊所公益项目启动
为扎实履行企业社会责任,不断夯实皎漂项目民意基础,中信联合体团队策划并组织的“皎漂未来”移动诊所公益项目于7月31日正式启动。首个问诊村庄近70名村民接受了来自皎漂县人民医院3位全科医生的诊疗服务。项目启动前中信联合体团队专门举行了民众见面会,听取当地卫生部门、父老协会、社会组织和志愿者对项目的意见和建议。
“皎漂未来”移动诊所公益项目由云南援外提供资金,由皎漂县人民医院和皎漂本地民间社会组织KSEDAA负责具体实施。项目将在未来4个月内为皎漂项目周边20个村庄提供免费健康咨询与诊疗服务,帮助当地民众解决缺医少药的问题。
当天的诊疗服务受到了当地村民的热烈欢迎,甚至有村民专程从邻村乘车赶来就诊。在与皎漂民众交流过程中,中信缅甸副总经理马传福分享了皎漂项目发展经济与履行企业社会责任服务民生互相促进、整合各方资源并动员各方参与公益项目实施的创新理念,介绍了中信联合体团队近半年来精心开展调研、策划、筹备并组织实施项目的历程,表达了中信与皎漂民众携手共创美好未来的愿望,赢得当地民众一致认可。
履行企业社会责任新模式,统筹整合云南援外等各类公益资源落地皎漂,以实施民生项目拉近中信团队与当地社区关系,提升中信在皎漂负责任企业的正面形象,为皎漂项目顺利推进营造良好的民意氛围。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.