Connect with us

China

အမေရိကန်က ရန်စမှု တစ်ကြိမ်လုပ်ဆောင်လျှင် တရုတ်က တစ်ကြိမ်တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းအား သြဂုတ် ၁၀ ရက်က ပြုလုပ်ခဲ့သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Foreign Ministry website)

ပေကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သော အမေရိကန်၏ ပြင်းပြင်းထန်ထန် ရန်စသည့် လုပ်ရပ်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက အမေရိကန်မှ တစ်ကြိမ်လုပ်ဆောင်လျှင် တရုတ်ဘက်မှ တန်ပြန်အနေဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သြဂုတ် ၁၀ ရက်က ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် အရှုံးလမ်းကြောင်းကို အဆုံးတိုင်လျှောက်လှမ်းခြင်း မပြုရန် “ထိုင်ဝမ်ဖြင့် တရုတ်ကိုထိန်းချုပ်” မည့် ကြံစည်မှုများကို ဆောလျင်စွာ ဖယ်ရှားရန် ဝမ်းဝန်ပင်းက တိုက်တွန်းခဲ့သည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက အမေရိကန်သို့ ပြန်ရောက်ပြီး သက်ဆိုင်ရာမှတ်ချက်ပြုမှုများနှင့် ပတ်သက်၍ ဝမ်းဝင်ပန်းက ထိုနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန် လွှတ်တော်အမတ်များ ထိုင်ဝမ်သို့သွားရောက်ခြင်းကို တရုတ်နိုင်ငံက အမြဲကန့်ကွက်ကြောင်း ဝမ်းဝန်ပင်းက ဆိုသည်။ ပီလိုစီသည် အမေရိကန်၏ တတိယအဆင့်တွင်ရှိသော နိုင်ငံရေးသမားတစ်ဦးဖြစ်ရာ အမေရိကန်စစ်လေယာဉ်ဖြင့် ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီး သွားရောက်စဉ်ကာလအတွင်း အမေရိကန်ကို ကိုယ်စားပြုကြောင်းနှင့် အဆိုပါခရီးစဉ်က တရားဝင်ခရီးစဉ်ဖြစ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သလို ထိုင်ဝမ် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်များကလည်း ပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်က အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေး၏ အရေးကြီးသော အောင်မြင်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအချက်များက ပီလိုစီ၏ ခရီးစဉ်သည် အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေး မြှင့်တင်မှု၏ အရေးကြီးသော နိုင်ငံရေးအရ ရန်စမှုဖြစ်ကြောင်းကို အပြည့်အဝဖော်ပြနေပြီး အမေရိကန်အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး ကြေညာချက်တွင် ကတိပြုထားသည့် ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံရေး ထားရှိခြင်းမပြုရ ဟူသောအချက်ကို ချိုးဖောက်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားသော တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အတည်ပြုသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက် ၂၇၅၈ နှင့် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းမှ ချမှတ်ထားသည့် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟူသော နိုင်ငံတကာ ဥပဒေ စံနှုန်းများကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၄ လ ကတည်းက ပီလိုစီ၏ ထိုင်ဝမ်သို့သွားရောက်မည့် အစီအစဉ်ကို နည်းလမ်းအမျိုးမျိုး၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ ပြတ်ပြတ်သားသား ဆန့်ကျင်သည့် ရပ်တည်ချက်ကို အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အမေရိကန်က တရုတ်နိုင်ငံ၏ ဖျောင်းဖျတားမြစ်မှုများနှင့် သတိပေးချက်များကို မကြားချင်ယောင်ဆောင်ပြီး သူ့နည်းသူ့ဟန်ဖြင့်လုပ်ဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။ “ကတိကဝတ်တွေကို ချိုးဖောက်ခဲ့သူဟာ တရုတ် မဟုတ် အမေရိကန်သာ ဖြစ်တယ်၊ တရုတ်နိုင်ငံက အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်နေသည်မဟုတ်၊ အမေရိကန်ကသာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်နေခြင်းဖြစ်တယ်။ အမေရိကန် ခွဲထွက်ရေး လှုပ်ရှားမှုကို တရုတ်က ထောက်ခံနေခြင်းမဟုတ်ဘဲ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ခြင်း လှုပ်ရှားမှုတွေကို အမေရိကန်က ထောက်ခံနေခြင်းဖြစ်တယ်။ အမေရိကန်က ရန်စမှုတွေကို အရင်လုပ်ဆောင်ခဲ့သောကြောင့် တရုတ်နိုင်ငံက ယင်းအပေါ် တန်ပြန်အရေးယူ လုပ်ဆောင်ခြင်းက ကျိုးကြောင်းဆီလျော်ပြီး တရားဥပဒေနှင့် ကိုက်ညီသလို လိုအပ်ပြီး သင့်လျော်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဝေဝါးအောင်၊ ကမောက်ကမဖြစ်အောင်လုပ်နေခြင်းရဲ့ လမ်းကြောင်းမှာ လျှောက်လေ၊ ဝေးလေဖြစ်နေပြီး တရုတ်နိုင်ငံက လက်ရှိအခြေအနေကို ပြောင်းလဲလိုသည်ဟု ပြစ်တင်ခဲ့ပါတယ်။ အမေရိကန်ဟာ နှစ်စဉ်နဲ့အမျှ တရုတ်နိုင်ငံ အနီးတစ်ဝိုက်ရှိ ရေပြင်မှာ ရာနဲ့ချီတဲ့ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့သော်လည်းပဲ တရုတ်နိုင်ငံရဲ့ တုံ့ပြန်မှုဟာ ပြင်းထန်တယ်လို့ ဆိုနေပါတယ်။ အဲဒီလို ဓားပြပုံ အတွေးအခေါ်မျိုးကို တရုတ်နိုင်ငံက လက်မခံသလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လက်ခံမှာမဟုတ်ပါဘူး” ဟု ဝမ်းဝန်ပင်းက ဆိုသည်။
“တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်း၊ တရုတ်နိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း စတဲ့ ပြင်းထန်တဲ့ ရန်စမှုလုပ်ရပ်တွေကို အမေရိကန်ဘက်မှ တစ်ကြိမ်လုပ်ဆောင်လျှင် တရုတ်နိုင်ငံက တစ်ကြိမ်တိုက်ခိုက်သွားမှာဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက် ပြည့်စုံခြင်းကို အလိုရှိသည့်အတိုင်း နင်းချေဖျက်ဆီးမှုကို လုံးဝလက်ခံမှာ မဟုတ်ပါဘူး” ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။
အကယ်၍ အမေရိကန်က ၎င်းပြောသည့်အတိုင်း နိုင်ငံတကာဥပဒေကို အမှန်တကယ် လိုက်နာပြီး နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်လိုပါက တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် (၃)ရပ်ကို ရိုးရိုးသားသား ပြန်လည်လုပ်ဆောင်သင့်ကြောင်း၊ ထင်ရာစိုင်းသော လုပ်ရပ်နှင့် အရှုံးလမ်းကြောင်းကို အဆုံးတိုင်လျှောက်လှမ်းခြင်း မပြုဘဲ “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံကို ထိန်းချုပ်ခြင်း” ကြံစည်မှုများကို ဆောလျင်စွာ ဖယ်ရှားကာ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ဖွံ့ဖြိုးရန်၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ပိုမိုလေးနက်ပြီး လက်တွေ့ကျသော အရာများကို လုပ်ဆောင်သင့်ကြောင်း ဝမ်ဝန်းပင်က ထောက်ပြခဲ့သည်။ (Xinhua)
…………………………………………

(Chinese Version)
外交部发言人:只要美方挑衅一次,中方必定坚决斗争一次
新华社北京8月10日电(记者成欣)外交部发言人汪文斌10日强调,对于美方侵犯中国主权、干涉中国内政的严重挑衅行径,只要美方做一次,中方必定坚决斗争一次。美方不要一条道走到黑,而是要趁早打消“以台制华”的念头。
汪文斌是在当日例行记者会上就美国国会众议长佩洛西回国后有关言论回答提问时作出上述表示的。
汪文斌说,中方一贯反对美国议员窜访台湾。佩洛西是美国第三号政治人物,坐着美国军机赴台,在窜台期间张口闭口代表美国,声称这是一次官方访问,民进党当局更宣扬佩洛西窜台是台美关系重大突破。这些都充分表明,佩洛西窜台是升级美台交往的重大政治挑衅,违背美在中美建交公报中所作的仅与台保持非官方关系的承诺,违背国际社会广泛认可并由联大第2758号决议所确认的一个中国原则,违背联合国宪章确立的不干涉内政的国际法准则。
他说,中方4个多月前就已通过各种渠道、各个层级反复向美方表明坚决反对佩洛西窜台的严正立场,但美方对中方的劝阻和警告置若罔闻,一意孤行。“是美国违背承诺而不是中国违背承诺,是美国侵犯中国主权而不是中国侵犯美国主权,是美国纵容支持‘台独’分裂活动而不是中国纵容支持美国的分裂活动。美方挑衅滋事在前,中方正当反制在后,合理、合法、必要、适度。”
“美方在虚化、掏空、歪曲一个中国原则的道路上越走越远,却指责中方改变现状。美方每年在中国周边海域搞的军演达上百次,却指责中方反应过度。”汪文斌说,“对于这种强盗逻辑,中方不会接受,国际社会也不会认可。”
“对于美方侵犯中国主权、干涉中国内政的严重挑衅行径,只要美方做一次,中方必定坚决斗争一次,决不允许中国主权和领土完整受到肆意践踏和破坏。”他强调。
汪文斌指出,如果美方真的像其说的那样希望遵守国际法、希望维护各国主权和领土完整,就应当老老实实回到一个中国原则和中美三个联合公报上来,不要轻举妄动,不要一条道走到黑,而是要趁早打消“以台制华”的念头,为中美关系稳定发展、为台海和平稳定多做正事、实事。(完)