Connect with us

Europe

ရုရှားနိုင်ငံ Belgorod ပြည်နယ် ကျေးရွာတစ်ခု အမြောက်ဖြင့် တိုက်ခိုက်ခံရ၍ ၁ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရရှိ

ရုရှားနိုင်ငံ Gladkovမြို့ရှိ ရေနံချက်စက်ရုံတစ်ခု မီးခိုးငွေ့များထွက်လာသည်ကို ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ မေ ၁၂ ရက် (ဆင်ဟွာ)

ယူကရိန်းနယ်စပ်အနီး ရုရှားနိုင်ငံ Belgorod ပြည်နယ်ရှိ ကျေးရွာတစ်ခု ကို ယူကရိန်းဘက်က အမြောက်ဖြင့်တိုက်ခိုက်မှုကြောင့် လူ ၁ ဦး သေဆုံးပြီ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ် အုပ်ချုပ်ရေးမှူး Gladkov က မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

Belgorod ပြည်နယ်ရှိ Solokhiကျေးရွာကို ယူကရိန်းဘက်က အမြောက်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း Gladkov က လူမှုကွန်ရက်မီဒီယာတွင် ယင်းနေ့၌ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး၊ ၆ ဦး ဒဏ်ရာရရှိခဲ့ရာ လူနေအဆောက်အအုံတစ်လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း၊ Solokhi ကျေးရွာနေထိုင်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ဆိုသည်။

Belgorod ပြည်နယ်ရှိ Zhuravlevka နှင့် Nekhoteevka ကျေးရွာ နှစ်ခုကို ယူကရိန်းဘက်က အမြောက်ဖြင့်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လူနေအိမ်ခြေအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၊ သို့သော်လည်း လူသူသေဆုံဒဏ်ရာရမှုမရှိကြောင်း အချင်းဖြစ်ပွားသောနေ့ မေ ၅ ရက်တွင် Gladkovက ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)
(乌克兰局势)俄罗斯别尔哥罗德州一村庄遭炮击致1死6伤
2022-05-12 05:05:57
新华社莫斯科5月11日电(记者李奥)靠近乌克兰边界的俄罗斯别尔哥罗德州州长格拉德科夫11日说,该州一村庄遭到来自乌克兰方向的炮击,造成1人死亡、6人受伤。
格拉德科夫当天在社交媒体发文说,该州索洛希村遭到来自乌克兰一侧炮击。袭击造成1人死亡、6人受伤,一所民房部分损毁。索洛希村居民将被转移至安全地点。
格拉德科夫5日说,别尔哥罗德州茹拉夫廖夫卡和内霍特耶夫卡两个村庄当天遭乌克兰方面炮击,村庄部分房舍受损,但没有人员伤亡。(完)

图说: 4月1日,浓烟在俄罗斯别尔哥罗德市的一处石油设施上空升起。新华社/塔斯社