Connect with us

Europe

သွားလာရခက်ခဲမှုကြောင့် ဗြိတိန်ဘုရင်မကြီး နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် လွှတ်တော်ဖွင့်ပွဲအခမ်းအနား မတက်ရောက်နိုင်

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(၂)အား ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် လွှတ်တော်ဖွင့်ပွဲအခင်းအနားသို့တက်ရောက်ရန် မြင်းလှည်းစီးသွားသည်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၁၁ ရက်(ဆင်ဟွာ)

သွားလာရခက်ခဲမှုကြောင့် ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် (၂)သည် ဒေသစံတော်ချိန် မေ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ဗြိတိန်လွှတ်တော် နှစ်သစ်ဖွင့်ပွဲအခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ သူမ၏ နှစ်ပေါင်း ၆၀ နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အစဉ်အလာအခမ်းအနားသို့ တက်ရောက်ရန် ပျက်ကွက်ခြင်း ဖြစ်သည်။ဘုရင်မကြီးအနေဖြင့် တစ်ခါတစ်ရံ သွားလာရခက်ခဲမှုကြောင့် ဆရာဝန်၏အကြံပြုချက်ဖြင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က မေ ၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါအခမ်းအနားကို ဘုရင်မကြီး၏ သားကြီး အိမ်ရှေ့စံ ချားလ်စ် ဝေလမင်းသားက တက်ရောက်ခဲ့ပြီး ဘုရင်မကြီးကိုယ်စား မိန့်ခွန်းပြောကြားခဲ့သည်။ မြေးတော် ဝီလီယံကလည်း ၎င်းနှင့်အတူ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းမှာ ဘုရင်မကြီး၏ ထီးနန်းသက်တမ်းနှစ်ပေါင်း ၇၀ အတွင်း လွှတ်တော်ဖွင့်ပွဲအခမ်းအနား တက်ရောက်ရန် တတိယအကြိမ် ပျက်ကွက်ခြင်း ဖြစ်ကြောင်း၊ ပထမ ၂ ကြိမ်မှာ ကိုယ်ဝန်ကြောင့် ၁၉၅၉ ခုနှစ်နှင့် ၁၉၆၃ ခုနှစ်များက ဖြစ်ကြောင်း ရိုက်တာ စသည့် ဗြိတိန် သတင်းမီဒီယာများ က ဖော်ပြခဲ့သည်။ အစဉ်အလာအရ လွှတ်တော်ဖွင့်ပွဲအခမ်းအနားနေ့တွင် ဘုရင်မကြီးက လှည်းယာဉ်စီး၍ ဗြိတိန်လွှတ်တော်အဆောက်အဦသို့ သွားရောက်ခြင်း ဖြစ်ပြီး ထို့နောက် လှေကားထစ်တက်လှမ်းသည့် အခမ်းအနားအစီအစဉ်များရှိရာ သွားလာရခက်ခဲသူအတွက် အဆင်မပြေမှုများ ရှိခြင်းကြောင့် ယခုအကြိမ်အခမ်းအနားကို မတက်ရောက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ဆေးရုံတင် ကျန်းမာရေးစစ်ဆေးမှု ခံယူပြီးနောက် ဘုရင်မကြီးအနေဖြင့် လုပ်ငန်းတာဝန်လှုပ်ရှားမှုများကို ဖျက်သိမ်းခြင်း သို့မဟုတ် နောက်သို့ ရွှေ့ဆိုင်းခြင်းပြုလုပ်ခဲ့ပြီး အွန်လိုင်းဖြင့်သာ အဓိက အလုပ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယခုကာလများအတွင်း ဘုရင်မကြီး အများရှေ့နောက်ဆုံးထွက်လာခြင်းမှာ ယခုနှစ် မတ်လကုန် ကွယ်လွန်သွားပြီဖြစ်သော ကြင်ယာတော် ဖိလစ်မင်းသားကြီး၏အောက်မေ့ဖွယ်အခမ်းအနားတွင် ဖြစ်ကြောင်း ဆိုသည်။

ယခုနှစ်နွေရာသီတွင် ကျင်းပမည့် ဘက်ကင်ဟမ်နန်းတော် ပန်းဥယျာဉ်စုံညီပွဲကိုလည်း ဘုရင်မကြီးအနေဖြင့် တက်ရောက်တော့မည် မဟုတ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကြေညာခဲ့သည်။

ဘုရင်မကြီး အဲလိဇဘက် (၂)သည် ယခုနှစ်တွင် သက်တော် ၉၆ နှစ် ရှိပြီဖြစ်ကာ ဗြိတိန်နိုင်ငံ၏ သက်တော်အရှည်ဆုံးနှင့်ထီးနန်းသက်တမ်းအရှည်ကြာဆုံး ဘုရင်မကြီဖြစ်ကြောင်းနှင့် ယခုနှစ် ဖေဖော်ဝါရီလသည် နန်းစံခြင်း နှစ် ၇၀ ပြည့် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————–
(Chinese Version)

行动不便 英女王近60年来首次缺席议会开幕仪式
2022-05-10 17:18:07 分类: 社会
新华社北京5月10日电 由于行动不便,英国女王伊丽莎白二世将缺席当地时间10日上午举行的英国议会新一年会期开幕仪式。这是她近60年来首次缺席这个传统仪式。
2019年10月14日,在英国伦敦,英国女王伊丽莎白二世乘坐马车前往议会,出席英国新一届议会开幕仪式。新华社发(雷伊·唐摄)
白金汉宫9日发布声明称,女王仍不时有行动困难的问题,咨询医生意见后做出上述决定。女王长子查尔斯王储将出席当天仪式,并代表女王发表演讲。王孙威廉王子也将随同出席。
路透社等英国媒体报道,这是女王在位70年来第三次缺席议会开幕仪式,前两次是在1959年和1963年,均因有孕在身。按照传统,出席议会开幕仪式当天,女王将乘车抵达英国议会大厦。然而,抵达议会后还需要爬楼梯等步骤,对行动困难的人颇为不便,女王只得放弃参加。
自去年10月住院检查后,女王取消或推迟多项公务活动,主要以线上形式开展工作。女王最近一次公开露面在今年3月底,出席亡夫菲利普亲王的追思会。白金汉宫上周还宣布,女王今年夏天将不再出席传统的白金汉宫花园聚会。
伊丽莎白二世现年96岁,是英国最长寿、在位最久的君主,今年2月迎来登基70周年。(袁原)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.