Connect with us

International Organizations

ကုလသမဂ္ဂအကြီးအကဲက သီရိလင်္ကာနိုင်ငံရှိအခြေအနေများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆို

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ပဋိပက္ခများအတွင်း ပျက်စီးသွားသော ယာဉ်တစ်စီးအား ရဲတပ်ဖွဲ့က စစ်ဆေးကြည့်ရှုနေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မေ ၁၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သီရိလင်္ကာနိုင်ငံရှိ အခြေအနေများနှင့်ပတ်သက်၍ အလွန်စိုးရိမ်နေကြောင်း ၎င်း၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်ပြောနိုင်တာကတော့ သီရိလင်္ကာနိုင်ငံရှိ အကြမ်းဖက်မှုတွေ တစ်စထက်တစ်စ ကျယ်ပြန့်လာတာနဲ့ ပတ်သက်လို့ အထွေထွေအတွင်းရေးမှူးချုပ်ဟာ အလွန်အမင်းစိုးရိမ်ပူပန်နေခဲ့ပါတယ်ဆိုတာပဲ ဖြစ်ပါတယ်။ သူက အကြမ်းဖက်မှုတွေအားလုံးကို ပြစ်တင်ရှုတ်ချပြီးတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ သက်ဆိုင်သူတွေအားလုံးကို တောင်းဆိုနေပါတယ်။”ဟု လက်ထောက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သီရိလင်္ကာနိုင်ငံတွင် ပါဝင်ပတ်သက်သူအားလုံးကို တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် လက်ရှိစိန်ခေါ်မှုများအား အဖြေရှာရေး ဆက်လက်တိုက်တွန်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၌ အကြမ်းဖက်ဆန္ဒပြမှုများကြောင့် မေ ၉ ရက်တွင် ဝန်ကြီးချုပ် Minister Mahinda Rajapaksa သည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ နိုင်ငံအနှံ့ညမထွက်ရအမိန်လည်း ထုတ်ပြန်ခဲ့သည်။ သီရိလင်္ကာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက အများပိုင်ပစ္စည်းဥစ္စာအား တိုက်ခိုက်လုယူခြင်း သို့မဟုတ် သူတစ်ပါးအား ထိခိုက်နစ်နာစေရန် ပြုလုပ်သူ မည်သူကိုမဆို ပစ်ခတ်ရန် မေ ၁၀ ရက်တွင် လက်နက်ကိုင်တပ်ဖွဲ့များအား အမိန့်ပေးထားကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားငွေကြေးပြတ်လပ်မှုမှ အရင်းခံသည့် စီးပွားရေးအကျပ်အတည်းများဖြင့် တွေ့ကြုံနေရသည်။ နိုင်ငံခြားငွေကြေးပြတ်လပ်မှုကြောင့် လောင်စာဆီ ၊ အစားအစာ နှင့် ဆေးဝါးကဲ့သို့သော မရှိမဖြစ်လိုအပ်သော ပစ္စည်းများ ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
UN chief voices concern over situation in Sri Lanka
UNITED NATIONS, May 11 (Xinhua) — UN Secretary-General Antonio Guterres is gravely concerned about the situation in Sri Lanka, said Farhan Haq, his deputy spokesman on Wednesday.
“What I can say is that the secretary-general is deeply concerned about the escalation of violence in Sri Lanka. He condemns all violence and calls on all parties to exercise restraint,” said Haq.
Guterres continues to encourage all Sri Lankan stakeholders to find a solution to the current challenges through dialogue, said the spokesman.
Violent protests in Sri Lanka led to the resignation of Prime Minister Mahinda Rajapaksa on Monday. A nationwide curfew was then imposed. Sri Lanka’s Defense Ministry on Tuesday ordered the armed forces to open fire on anyone looting public property or causing harm to others.
Sri Lanka has been plunged into weeks of economic crisis stemming from a foreign exchange shortage, which has led to a shortage in essential supplies such as fuel, food and medicines. ■
Photo – Police inspect the scene of a vehicle destroyed during clashes in Colombo, Sri Lanka, on May 10, 2022. (Photo by Ajith Perera/Xinhua)