Connect with us

Africa & Middle East

အီဂျစ်လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်သမား(၁၄)ဦးကိုပစ်ခတ်ရှင်းလင်းခဲ့

အီဂျစ်လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်သမားများထံမှ သိမ်းဆည်းရမိသော သေနတ်နှင့် ခဲယမ်းမီးကျောက်များအား တွေ့ရစဉ်(ဓာတ်ပုံ- အီဂျစ်လုံခြုံရေးတပ်ဖွဲ့)

ကိုင်ရို၊ မေ ၁၂ ရက် (ဆင်ဟွာ)

အီဂျစ်လုံခြုံရေးတပ်ဖွဲ့က မေ ၁၁ ရက်တွင် ဆိုင်နိုင်းကျွန်းဆွယ်၌အကြမ်းဖက်သမား ၁၄ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အီဂျစ်စစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။

အကြမ်းဖက်သမားတစ်ဖွဲ့က မေ ၁၁ ရက်တွင် ဆိုင်နိုင်းကျွန်းဆွယ်ရှိ စစ်စခန်းတစ်ခုကို တိုက်ခိုက်စဉ် လုံခြုံရေးတပ်ဖွဲ့၏ ပြန်လည်ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမား ၇ ဦးသေဆုံးခဲ့ကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့မှအော်တိုမက်တစ်ခြေမှုန်းရေးရိုင်ဖယ်များ၊လက်ပစ်ဗုံးများနှင့်ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများကိုသိမ်းဆည်းရမိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။အခြား အကြမ်းဖက်သမား ၇ ဦးက ထိုနေ့အစောပိုင်းတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

အီဂျစ်လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်သမားအား လေကြောင်းမှပစ်ခတ်နေစဉ် (ဓာတ်ပုံ- အီဂျစ်လုံခြုံရေးတပ်ဖွဲ့)

အီဂျစ်လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်သမားအား လေကြောင်းမှပစ်ခတ်နေစဉ် (ဓာတ်ပုံ- အီဂျစ်လုံခြုံရေးတပ်ဖွဲ့)

ထို့ပြင်အကြမ်းဖက်အုပ်စုတစ်စုသည် ယခုလ ၇ ရက်တွင်ဆိုင်းနိုင်းကျွန်းဆွယ်အနောက်ဘက်ရှိ ရေစုပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုအတွင်းစစ်ဘက်အဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့သည်။ ထို့နောက် စစ်တပ်မှ အကြမ်းဖက်နှိမ်နင်းရေး လှုပ်ရှားမှုကိုချက်ချင်းစတင်ခဲ့ပြီး ထိုနေ့တွင်ပင် အကြမ်းဖက်သမား ၉ ဦးကို လေကြောင်းတိုက်ခိုက်မှုဖြင့် နှိမ်နင်း သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း အီဂျစ်နိုင်ငံ၌ အကြမ်းဖက်လှုပ်ရှားမှု အခြေအနေမှာ ဆိုးဝါးလာကြောင်း၊ ၂၀၁၈ ခုနှစ်မှစ၍ အီဂျစ်လုံခြုံရေးတပ်ဖွဲ့က နိုင်ငံတစ်ဝှမ်းအကြမ်းဖက်တိုက်ဖျက်ရေး လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမား ထောင်ချီကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)
埃及安全部队打死14名恐怖分子
新华社开罗5月11日电(记者姚兵)埃及军方11日发表声明说,埃及安全部队当天在西奈半岛打死14名恐怖分子。
声明说,一伙恐怖分子11日对西奈半岛一军方哨所发动袭击,安全部队在交火中打死7名恐怖分子,缴获自动步枪、手榴弹和无线通信装置等。另有7名恐怖分子在军方当天早些时候发动的空袭中被打死。
本月7日,一伙恐怖分子对西奈半岛西部一个抽水站发动袭击,负责当地守卫的安全部队进行反击并击退恐怖分子,交火造成军方11人死亡。军方随即开展反恐行动,并在当天空袭中打死9名恐怖分子。
近年来,埃及反恐形势严峻。2018年以来,埃及安全部队在全国范围内展开多次反恐行动,已打死上千名恐怖分子。
图说1- 这张图像显示的是埃及安全部队从恐怖分子手中缴获的枪支弹药。新华社发(埃及安全部队供图)
图说2- 这张图像显示的是埃及安全部队从空中对西奈半岛的恐怖分子进行火力打击。新华社发(埃及安全部队供图)
图说3- 这张图像显示的是埃及安全部队从空中对西奈半岛的恐怖分子进行火力打击。新华社发(埃及安全部队供图)