Connect with us

Europe

သြစတြေးလျက ရေငုပ်သင်္ဘောစာချုပ်ချိုးဖျက်မှုအတွက် ယူရို သန်း ၅၅၀ ကျော်ပေးလျော်ရ

ဩစတြေးလျနိုင်ငံ အလုပ်သမားပါတီခေါင်းဆောင် အန်သိုနီအယ်လ်ဘာနိစ်အား ဆစ်ဒနီမြို့၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

သြစတြေးလျ ဝန်ကြီးချုပ်သစ် အန်သိုနီအယ်လ်ဘာနိစ်က သြစတြေးလျ အစိုးရသည် ပြင်သစ် ရေတပ်အုပ်စုနှင့် ပြေလည်မှုတစ်ရပ် ရရှိပြီး သြစတြေးလျက ယင်းအုပ်စုကို ယူရို သန်း ၅၅၀ ကျော် လျော်ကြေးပေးသွားမည်ဟု ဇွန် ၁၁ ရက်က ကြေညာခဲ့သည်။ သြစတြေးလျအစိုးရက ပြင်သစ်နှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရန်အတွက် ပြီးခဲ့နှစ် စက်တင်ဘာတွင် တစ်ဖက်သတ်ချိုးဖျက်ခဲ့သော ရေငုပ်သင်္ဘောသဘောတူစာချုပ်ကြောင့် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုကို အဆုံးသတ်ရန်ဖြစ်ကြောင်း သိရသည်။အယ်လ်ဘာနိစ်က ၎င်းသည် ပြင်သစ်သမ္မတ မက်ခရွန်နှင့်‌ ဆွေးနွေးပြီးနောက် သြစတြေးလျနှင့် ပြင်သစ်ရေတပ်အုပ်စုတို့က “တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော” ဖြေရှင်းချက်တစ်ရပ် ရရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ သြစတြေးလျသည် ရေငုပ်သင်္ဘောစာချုပ်ချိုးဖျက်မှုနှင့် ပတ်သက်သည့် အငြင်းပွားမှုများကို ဖြေရှင်းရန် ပြင်သစ်ရေတပ်အုပ်စုအား ယူရို ၅၅၅ သန်းပေးလျော်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (ဘယ်) နှင့် သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်တို့ ၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်က လန်ဒန်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

သဘောတူညီချက်သည် စီးပွားရေးသဘောသဘာဝဖြစ်သည့်အတွက် အသေးစိတ်အချက်အလက် အချို့ကို လျှို့ဝှက်သွားမည်ဖြစ်ကြောင်း အယ်လ်ဘာနိစ်က ပြောကြားခဲ့သည်။

ရေတပ်အုပ်စုကို ပြင်သစ်အစိုးရက အဓိက ထိန်းချုပ်ထားသည်။ ဩစတြေးလျသည် သမရိုးကျ မောင်းနှင်သည့် အဆင့်မြင့် “တိုက်ခိုက်ရေး” ရေငုပ်သင်္ဘော ၁၂ စင်းကို ဝယ်ယူရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ရေတပ်အုပ်စုနှင့် တရားဝင် စာချုပ်ချုပ်ဆိုခဲ့သည်။ အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံတို့သည် သုံးဖက်ချိတ်ဆက် လုံခြုံရေးမဟာမိတ် ဆက်ဆံမှုသစ် တည်ဆောက်ကြောင်း စက်တင်ဘာ ၁၅ ရက်က ကြေညာခဲ့ရာ အမေရိကန်၊ ဗြိတိန်တို့မှ ဩစတြေးလျရေတပ်အတွက် နျူကလီးယားရေငုပ်သင်္ဘောတည်ဆောက်ရန် ထောက်ပံ့ပေးမည်ဖြစ်ပြီး ဩစတြေးလျက အမေရိကန်၊ ဗြိတိန်နှင့်အတူပူးပေါင်း၍ နျူကလီးယား ရေငုပ်သင်္ဘောများတည်ဆောက်သွားမည်ဖြစ်သည်။ ထိုသို့ ကြေညာပြီး မကြာမီ ဩစတြေးလျအစိုးရက ပြင်သစ်ရေတပ်အုပ်စုဖြင့် ချုပ်ဆိုထားသည့် ရေငုပ်သင်္ဘောဝယ်ယူရေးစာချုပ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့သည်။

ပြင်သစ်သည် ၎င်း၏မဟာမိတ်က နောက်ကွယ်တွင် “အသိုက်အဝန်းငယ်” ဖွဲ့ခြင်းနှင့် သြစတြေးလျ၏ တစ်ဖက်သတ် စာချုပ်ချိုးဖျက်မှု လုပ်ရပ်အပေါ် ဒေါသတကြီးဖြစ်ကာ တချိန်တည်းတွင် အမေရိကန် နှင့် ဩစတြေးလျရှိ ပြင်သစ်သံအမတ်များကို ပြန်လည်ဆင့်ခေါ်ခဲ့သည်။ ထိုအချိန်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian သည် မဟာမိတ်များက “နောက်ကျောကို ဓားထိုး”ခဲ့သည်ဟု ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းမဟာမိတ် သုံးဦး၏ လုပ်ရပ်က “လိမ်လည်မှု၊ “အပြင်ပန်းနှင်စိတ်ရင်း ထပ်တူမကျမှု၊ ယုံကြည်မှုချိုးဖောက်မှုနှင့် မာနကြီးမှု” ကို ထင်ဟပ်နေပြီး ယုံကြည်မှုကို ပျက်ပြားစေခဲ့ကြောင်း ၎င်းကအလေးထား ပြောကြားခဲ့သည်။ ထို့နောက် ပြင်သစ်-သြစတြေးလျ ဆက်ဆံရေးသည်လည်း ရေခဲမှတ်သို့ ရောက်ရှိခဲ့သည်။

အယ်လ်ဘာနိစ် ဦးဆောင်သော လုပ်သမားပါတီက မေ ၂၁ ရက်တွင် ကျင်းပသော ဩစတြေးလျ လွှတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ၎င်းက မေလ ၂၃ ရက်တွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ရာထူးတာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ အယ်လ်ဘာနိစ်သည် သြစတြေးလျနှင့် ပြင်သစ်စသည့်နိုင်ငံများအကြား ဆက်ဆံရေး ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။ “သြစတြေးလျနဲ့ ပြင်သစ်တို့ကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်နေပါတယ်… ပါရီကို အမြန်ဆုံး သွားရောက်လည်ပတ်ဖို့ သမ္မတ မက်ခရွန် ရဲ့ ဖိတ်ကြားချက်ကို မျှော်လင့်နေပါတယ်” ဟု ယခုလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီး Sebastien Lecornu က ဩစတေးလျနှင့် ပြင်သစ်ရေတပ်တို့ကြား ဆက်ဆံရေး တိုးမြှင့်မှု အခြေအနေ ဖန်တီးပေးရန်အတွက် ပြေလည်မှုရရှိခဲ့ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် မျှော်လင့်ကြောင်း ၎င်းက ဇွန် ၁၁ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် Shangri-La Dialogue သို့ တက်ရောက်စဉ် ပြောကြားခဲ့သည်။

(ရေငုပ်သင်္ဘော အငြင်းပွားမှု)သည် ယခင်အစိုးရ၏ ကတိကဝတ် မလိုက်နာမှုကြောင့်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြင်သစ်-ဩစတြေးလျ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မေ့လျော့သွားမည်မဟုတ်ကြောင်း Lecornu က ပြောကြားခဲ့သည်။ “သြစတြေးလျအစိုးရသစ် အာဏာရလာတော့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ် ” ဟု ၎င်းကဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)

赔偿逾5.5亿欧元 澳大利亚为撕毁潜艇合同埋单

新华社北京6月12日电 澳大利亚新总理安东尼·阿尔巴尼斯11日宣布,澳大利亚政府与法国海军集团达成和解,将赔偿这家军工企业超过5.5亿欧元。澳政府有意结束去年9月单方面撕毁潜艇合同引发的纷争,以期改善澳法关系。

阿尔巴尼斯在澳最大城市悉尼举行的记者会上说,在他与法国总统埃马纽埃尔·马克龙讨论过后,澳方与海军集团达成一项“公平合理”的解决方案。澳方将向海军集团支付5.55亿欧元,以了结潜艇合约纷争。

阿尔巴尼斯说,协议为商业性质,一些细节将保密。

海军集团主要由法国政府控股。澳大利亚2019年2月正式与海军集团签订协议,订购12艘先进的“攻击”级常规动力潜艇。2021年9月15日,美国、英国和澳大利亚宣布建立三边安全伙伴关系,美英两国将支持澳海军建立核潜艇部队。澳大利亚随后宣布中止与法方的潜艇采购协议。

法国对盟友背地里拉“小圈子”且澳大利亚擅自违约感到愤怒,一度召回驻美、驻澳大使。法国时任外交部长让-伊夫·勒德里昂指责盟友“背后捅刀”,以“谎言、两面三刀、背信弃义和目中无人”描述这三个盟友的举动,强调信任遭到破坏。法澳关系因此降至冰点。

阿尔巴尼斯领导的工党5月21日赢得澳大利亚联邦议会选举,他5月23日宣誓就职。就任以来,阿尔巴尼斯寻求改善澳大利亚与法国等国家的关系。他本月11日说:“我们正在重建更好的澳法关系……我期待接受马克龙总统的邀请,尽早访问巴黎。”

法国国防部长塞巴斯蒂安·勒科尔尼11日在新加坡出席亚洲安全峰会、即香格里拉对话会期间说,澳方与法国海军集团达成和解为双边关系改善创造了条件,期待两国关系向好发展。

“(潜艇风波)是因为上届政府没有信守承诺,这并不意味着我们忘记了法澳战略伙伴关系,”勒科尔尼说,“澳大利亚新政府上台,我们乐意与他们合作。”(包雪琳)

图说1- 5月21日,在澳大利亚悉尼,工党党首阿尔巴尼斯在竞选集会上挥手致意。新华社记者白雪飞摄

图说2- 2021年6月15日,英国首相鲍里斯·约翰逊(左)在伦敦唐宁街10号首相府门前欢迎澳大利亚总理莫里森。新华社发(英国首相府供图)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.