Connect with us

Asia

ဖိလစ်ပိုင် သမ္မတသစ်က ဖိလစ်ပိုင်-တရုတ်ဆက်ဆံရေး “ပိုမိုခိုင်မာနက်ရှိုင်း” လာမည်ဟု မျှော်လင့်ကြောင်းပြော

ဖိလစ်ပိုင်နိုင်ငံသမ္မတသစ် Ferdinand Romualdez Marcos က ဇွန် ၁၀ ရက်တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် “တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရေးဆု” ချီးမြှင့်ခြင်း အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

မနီလာ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သမ္မတသစ် Ferdinand Romualdez Marcos က ဇွန် ၁၀ ရက်တွင် ဒုတိယအကြိမ်မြောက် “တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရေးဆု” ချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်စဉ် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏ “အခိုင်မာဆုံးမိတ်ဖက်” ဖြစ်ပြီး ၎င်းအနေဖြင့် ပိုမိုခိုင်မာနက်ရှိုင်းသော ဖိလစ်ပိုင်-တရုတ် ဆက်ဆံရေး တည်ဆောက်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ဖိလစ်ပိုင် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကြီးမားသော ထောက်ပံ့မှုများ ပေးပို့ခဲ့ကြောင်း “မိမိတို့ရဲ့ အခိုင်မာဆုံး မိတ်ဖက်ဟာ မိမိတို့ရဲ့ အနီးကပ်ဆုံး အိမ်နီးချင်းနဲ့ မိတ်ဆွေကောင်းဖြစ်တဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့် တရုတ်နှစ်နိုင်ငံ ပူးပေါင်းဖလှယ်ခြင်း ပိုမိုနက်ရှိုင်းလာစေရန်၊ နှစ်နိုင်ငံဆက်ဆံရေးက နယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်၊ ပိုမိုနက်ရှိုင်းခိုင်မာသည့် ဖိလစ်ပိုင်-တရုတ် ဆက်ဆံရေး တည်ဆောက်ရန် ၎င်းအနေဖြင့် အားပေးသွားမည်ဟု Marcos က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သည် မိမိဆန္ဒဖြင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း H.E. Mme. Gloria Macapagal Arroyo က ဗီဒီယို မိန့်ခွန်းပြောကြားရာတွင် ဖိလစ်ပိုင်-တရုတ် ဆက်ဆံရေးသည် “ရွှေရောင်ကာလ” သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံ၏ တူညီသော ရည်မှန်းချက်မှာ “စည်လုံးညီညွတ်ပြီး ငြိမ်းချမ်းသော အနေအထားအောက်တွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ခြောက်နှစ်အတွင်း တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးသည် စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာကာ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏ အကြီးဆုံးကုန်သွယ်ဖက်၊ ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ အဓိကနေရာဖြစ်ကြောင်း၊ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးသည် ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အဆင့်သစ်သို့ ရောက်ရှိမည်မှာ သေချာကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရှီးလျန်က ပြောကြားခဲ့သည်။

“တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရေးဆု”၏ ရည်ရွယ်ချက်မှာ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရေးတိုးမြှင့်လာရန်၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် ယုံကြည်မှု၊ ကွဲလွဲမှုများ ဖြေရှင်းခြင်း၊ ချစ်ကြည်ရေး နက်ရှိုင်းစေရေး၊ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးခြင်း စသည့်ကဏ္ဍများတွင် ပံ့ပိုးလုပ်ဆောင်သည့် ထူးချွန်သူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ကို ပေးအပ်သော ဆုဖြစ်သည်။ ယင်းဆုကို ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံရုံးနှင့် ဖိလစ်ပိုင်-တရုတ် နားလည်မှုအဖွဲ့တို့ ပူးတွဲအဆိုပြုခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ၂၀၂၁ ခုနှစ်တွင် ဖိလစ်ပိုင်သို့ သွားရောက်လည်ပတ်စဉ် Arroyo နှင့် ဖွင့်လှစ်ကြောင်း ပူးတွဲကြေညာခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင် သမ္မတဟောင်း Estrada အပါအဝင် လူပုဂ္ဂိုလ် ၁၁ ဦးက ဇွန် ၁၀ ရက်တွင် ကျင်းပသော ဒုတိယ အကြိမ်မြောက် “တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရေးဆု” ကို ရရှိခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
菲律宾当选总统期待菲中关系“更深入、更强劲”

新华社马尼拉6月10日电(记者闫洁 刘锴)菲律宾当选总统费迪南德•罗慕尔德兹•马科斯10日出席第二届“中菲相知奖”颁奖典礼时表示,中国是菲律宾“最强有力的伙伴”,他将致力于构建“更深入、更强劲”的菲中关系。

马科斯当天在致辞中说,中国为菲律宾抗击新冠疫情提供了巨大支持,“我们最强有力的伙伴一直是我们的近邻和好朋友——中国”。

马科斯表示,他将鼓励菲中两国深化交流合作,推动两国关系在各领域取得发展,构建更深入、更强劲的菲中关系。他说,菲律宾将继续坚持独立自主外交政策。

菲律宾前总统阿罗约在视频致辞中说,菲中关系已经进入“黄金时期”,两国共同目标是“在团结与和平的氛围下实现可持续发展”。

中国驻菲律宾大使黄溪连说,过去6年,中菲关系不断巩固提升,中国成为菲律宾最大贸易伙伴、第二大出口市场和主要外资来源地。“中菲关系必将开启新篇章,提升到新的高度。”

“中菲相知奖”由中国国务委员兼外长王毅2021年访菲时与阿罗约共同宣布设立,中国驻菲大使馆和“菲律宾-中国了解协会”共同倡议发起,旨在表彰为促进中菲两国人民相互了解和友谊作出突出贡献的个人或团体,推动两国和两国民众增进互信、化解分歧、深化友谊、促进合作。包括菲律宾前总统埃斯特拉达在内的11人10日获得第二届“中菲相知奖”。(完)

图说- 6月10日,菲律宾当选总统费迪南德•罗慕尔德兹•马科斯在马卡蒂出席第二届“中菲相知奖”颁奖典礼时发表讲话。新华社发(乌马利 摄)