Connect with us

Politics, Law & Military

ဂျပန်၏ စစ်အင်အား တိုးမြှင့်ခြင်းက အန္တရာယ်ရှိသော အချက်ပြမှုများ ထွက်ပေါ်လာမည်ဟု တရုတ်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ပြော

ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါကို အောက်တိုဘာ ၄ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့၌ တွေ့ရစဉ် (ဆင်ဟွာ)

စင်္ကာပူ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ဂျပန်ပြည်တွင်း၌ စစ်ရေးအင်အား တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ထွက်ပေါ်လာသော အသံများက အန္တရာယ်ရှိသော အချက်ပြမှုဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) စစ်ဘက်ဆိုင်ရာသိပ္ပံအကယ်ဒမီ ဒုတိယဥက္ကဋ္ဌဟောင်း He Lei က ဇွန် ၁၀ ရက် ညပိုင်းတွင် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါ မိန့်ခွန်းပြောကြားပြီးနောက် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ယခုကာလများအတွင်း ဂျပန်အဆင့်မြင့် နိုင်ငံရေးသမားများက နျူကလီးယားကင်းရှင်းရေးဆိုင်ရာ အခြေခံမူ ၃ ရပ်ကို ပြန်လည်ဆန်းစစ်ရန်၊ စစ်ရေးအင်အားတိုးမြှင့်ရန်၊ ၅ နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် အဆိုပြုထားကြောင်း ယင်းအဆိုပြုချက်များမှာ အလွန်ပင် အန္တရာယ်ကြီးကြောင်း ၎င်းကဆိုသည်။

ဂျပန်အစိုးရသည် ယခုနှစ် နှစ်ကုန်ပိုင်းတွင် အမျိုးသားလုံခြုံရေးမဟာဗျူဟာအသစ်ကို ချမှတ်သွားမည်ဖြစ်ပြီး လာမည့် ၅ နှစ်အတွင်း ဂျပန်၏ကာကွယ်ရေးစွမ်းရည်ကို အခြေခံမှ အားကောင်းခိုင်မာစေရန် အားဖြည့်သွားမည်ဖြစ်ကြောင်း ဖူမီအို ခီရှီဒါက ဇွန် ၁၀ ရက်တွင် ကျင်းပသော Shangri-La Dialogue ဖွင့်ပွဲ ညစာစားပွဲ၌ ပြောကြားခဲ့သည်။ အဆိုပါ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် ဂျပန်က ကာကွယ်ရေးအသုံးစရိတ်ကို များစွာ ထပ်တိုးသွားမည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်အတွင်း ဂျပန်က “တန်ပြန်တိုက်ခိုက်နိုင်စွမ်း” အပါအဝင် မည်သည့်ကဏ္ဍကိုမှ ဖယ်ရှားသွားမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

ဖူမီအို ခီရှီဒါက မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံသည် စည်းမျဉ်းများကို ချိုးဖောက်ပြီး စစ်အင်အား သို့မဟုတ် လက်တွေ့စွမ်းရည်ဖြင့် အရှေ့တရုတ်ပင်လယ်၏ လက်ရှိအနေအထားကို ပြောင်းလဲနေသည်ဟု ရည်ညွှန်းပြောဆိုခဲ့ကြောင်း He Lei ကဆိုသည်။ သို့သော် လက်တွေ့တွင် လက်ရှိအခြေအနေကို ဦးစွာပြောင်းလဲနေသည်မှာ ဂျပန်ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဂျပန်က တရုတ်၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို လျစ်လျူရှုကာ Diaoyu ကျွန်းများနှင့် ၎င်း၏ ဆက်စပ် ကျွန်းများကို တရားမဝင် ဝယ်ယူခဲ့ပြီး “နိုင်ငံပိုင်” အဖြစ်လုပ်ဆောင်ခဲ့ရာ ယင်းလုပ်ရပ်က တရုတ်နိုင်ငံ၏ ပိုင်နက်အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်ကာ တရုတ်နှင့် ဂျပန်အကြား အငြင်းပွားမှုများနှင့် ပတ်သက်၍ ရပ်ဆိုင်းထားသည့် သဘောတူညီချက်ကို ဦးစွာပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
“လက်တွေ့စွမ်းရည် သို့မဟုတ် စစ်အင်အားနဲ့ လက်တွေ့အနေအထား ပြောင်းလဲဖို့ အမည်ကို တရုတ်ပြည်သူတွေ့ရဲ့ ခေါင်းပေါ်ပုံချခြင်းကို လက်မခံပါဘူး” ဟု He Lei ကဆိုသည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့ငြိမ်းချမ်းရေးအင်အား၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း၊ တရုတ်စစ်အင်အား တိုးတက်လာမှုက အမျိုးသားအကျိုးစီးပွားကာကွယ်ခြင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းပေးသည့် အင်အားတိုးမြင့်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းကာ မိမိသဘောဖြင့် လွတ်လပ်ပြီး ငြိမ်းချမ်းသော နိုင်ငံခြားရေး မူဝါဒနှင့် ကာကွယ်ရေးစွမ်းရည်ရှိသည့် အမျိုးသားကာကွယ်ရေး မူဝါဒကို လက်ကိုင် ကျင့်သုံးကြောင်း ၎င်းတို့က တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တရုတ် အမျိုးသား ကာကွယ်ရေး ဥပဒေတွင် ရှင်းရှင်းလင်းလင်း ရေးသားပြဌာန်းထားသည်ဟု He Lei က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတော်သစ်တည်ဆောက်သည့်အချိန်မှစ၍ မည်သည့်စစ်ပွဲ သို့မဟုတ် ပဋိပက္ခကို စတင်ခဲ့ခြင်းမရှိသလို အခြားနိုင်ငံ၏မြေ တစ်လက်မကိုမျှ ကျူးကျော်သိမ်းပိုက်ခဲ့ခြင်း မရှိကြောင်း၊ ယခင်က မရှိသလို ၊ ယခုမက အနာဂတ်တွင်လည်း အခြားနိုင်ငံအား ကျူးကျော်ကျွန်ပြုမှု လုပ်မည်မဟုတ်ကြောင်း၊ သူတစ်ပါးအား ကျူးကျော်အနိုင်ကျင့်ဗိုလ်ကျမှုလည်း ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————–
(Chinese Version)
中国军事专家:日本增强军力将释放危险信号
新华社新加坡6月11日电(记者李晓渝 毛鹏飞)中国人民解放军军事科学院原副院长何雷10日晚在日本首相岸田文雄发表主旨演讲后的吹风会上表示,日本国内关于增强军事力量的声音释放了危险信号。
他说,近期日本有高级别政治人物提出要重新审视无核三原则,要增强军力,要在5年内提高国防费至国内生产总值的2%,这些是非常危险的。
10日,岸田文雄在香格里拉对话会开幕晚宴上表示,日本政府将在今年年底制定新的国家安保战略,并在未来5年内从根本上加强日本的防卫能力。为确保实现这一目标,日本将大幅增加国防预算。在此过程中,日本不会排除任何选项,包括拥有“反击能力”。
何雷说,岸田文雄在演讲中暗指中国破坏规则,以武力或以实力改变东海现状。但其实首先改变现状的是日本。2012年日本政府不顾中方强烈反对,非法购买钓鱼岛及其附属岛屿,实行所谓的“国有化”,严重地侵犯了中国的领土主权,首先改变了中日双方搁置争议的默契。
他说:“我们不接受把他所谓的以实力或者以武力改变现状的帽子扣在我们中国人头上。”
何雷表示,中国的发展是世界和平力量的发展,中国军力的增强是捍卫国家利益和维护世界和平力量的增强。中国坚定不移地走和平发展道路,奉行独立自主的和平外交政策和防御性的国防政策,这些早已经旗帜鲜明地写进了中国的宪法和中国的国防法。
他说,新中国成立以后从来没有挑起过任何一场战争和武装冲突,从来没有侵略过任何一个国家,从来没有侵占过别国的一寸领土。过去没有,现在没有,将来也不会侵略和奴役他国,不会“称王称霸”。 (完)
图说- 2021年10月4日,日本首相岸田文雄在东京首相官邸召开记者会。(新华社发,Pool图片/花井亨摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.