Connect with us

China

အမျိုးသားလုံခြုံရေး ကာကွယ်ထိန်းသိမ်းခြင်းသည် ဓမ္မလမ်းစဉ်ဖြစ်ပြီး ပြင်ပက စွက်ဖက်ရန် အားထုတ်ခြင်းက အချည်းနှီးသာ ဖြစ်မည်ဟု ဟောင်ကောင်ဒေသရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံး ပြောကြား

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Golden Bauhinia ရင်ပြင်၏ မြင်ကွင်းအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ဟောင်ကောင်ရဲတပ်ဖွဲ့က အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုသောလှုပ်ရှားမှုတွင် ပါဝင်သူအား တရားဥပဒေအရ အရေးယူဆောင်ရွက်ခြင်းအပေါ် အမေရိကန်၊ အနောက်နိုင်ငံများ၏ အချို့သောဌာနနှင့် နိုင်ငံရေးသမားများက လက်တွေ့နှင့်မကိုက်ညီ၊ မလျော်ကန်သော၊ အပုပ်ချအမည်ဖျက် ပြောကြားမှုအပေါ် ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်းနှင့် အခိုင်အမာကန့်ကွက်ကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံး ပြောရေးဆိုခွင့်ရှိသူက မေ ၁၂ ရက်၌ ထုတ်ဖော်ပြောကြားခဲ့သည်။ “လွတ်လပ်ခွင့်” သည် ဥပဒေကို ချိုးဖောက်ရန်၊ဟောင်ကောင်ကို ရှုပ်ထွေးအောင်လှုပ်ရှားရန်အတွက် “ဒိုင်းအကာ”မဟုတ်ကြောင်း ၊ ပြင်ပ စွက်ဖက်မှုများ ချက်ချင်းရပ်တန့်ပြီး လွဲမှားသည့်အမြင်နှင့် သိမ်ဖျင်းသော နိုင်ငံရေးသရုပ်ပြမှုကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းလိုက်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

ဟောင်ကောင်သည် တရားဥပဒေစိုးမိုးသည့် လူမှုအဖွဲ့အစည်းဖြစ်ပြီး ဥပဒေရှိလျှင်လိုက်နာရမည် ဖြစ်သလို ဥပဒေချိုးဖောက်လျှင်လည်း အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဥပဒေအထက် မည်သူမျှ အထူးအခွင့်အာဏာမရှိသလို မည်သည့်ရာထူးအဆင့်အတန်းနောက်ခံရှိသည်ဖြစ်စေ ဥပဒေချိုးဖောက်လျှင် ထိုက်သင့်သည့်အပြစ်ပေးအရေးယူမှုခံရမည် ဖြစ်ကြောင်း၊ ၎င်းမှာ မည်သည့်နိုင်ငံမဆို ဖော်ဆောင်သည့် ဓမ္မလမ်းစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟောင်ကောင်ရဲတပ်ဖွဲ့သည် ဥပဒေအရပေးအပ်သော အခွင့်အာဏာဖြင့် ဥပဒေလုပ်ငန်းစဉ်အတိုင်း အမှုကို ကိုင်တွယ်ဆောင်ရွက်ရာ၌ အမျိုးသားလုံခြုံရေးအန္တရာယ်ဖြစ်စေသည့် လှုပ်ရှားမှုတွင် ပါဝင်သော သံသယရှိသူကို စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းကာကွယ်ခြင်း၊ အထူးဒေသ တရားဥပဒေစိုးမိုးမှုနှင့် တရားမျှတမှုကို ကာကွယ်စောင့်ရှောက်ခြင်း၏ မှန်ကန်၍ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်အပေါ် ကြားဝင်စွက်ဖက်ပြောဆိုခွင့်မရှိကြောင်း ၊ သက်ဆိုင်သူများသည် ပြည်ပနိုင်ငံ သို့မဟုတ် ပြင်ပအင်အားစုများနှင့်ချိတ်ဆက်၍ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးရန် ကြိုးပမ်းသည်ဟု သံသယရှိရာ ဆိုးဝါသည့်အခြေအနေဖြစ်ကြောင်း၊ ထိုလူများသည် ဘယ်ကို သွားခဲ့သလဲ၊ ဘာကိုလုပ်ခဲ့သလဲဆိုသည်မှာ ပြည်ပ စွက်ဖက်သည့်အင်အားစုများ အသိဆုံး ဖြစ်ရာ သိလျက်နှင့် မသိချင်ယောင်ဆောင်နေစရာမလိုအပ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေ အကောင်အထည်ဖော် ကျင့်သုံးဆောင်ရွက်ပြီးနောက် အမျိုးသားလုံခြုံရေး၊ လူမှုအသိုက်အဝန်း တည်ငြိမ်အေးချမ်းရေး၊ မြို့နေပြည်သူများ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးများ လမ်းကြောင်းမှန်သို့ ပြန်လည်တည့်မတ်လာခဲ့ရာ ဟောင်ကောင်ဒေသခံများ၏ တရားဝင်အခွင့်အရေးနှင့် လွတ်လပ်မှုသည့်အပြည့်အဝ အကာအကွယ်ရှိခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထောက်ပြ ပြောကြားခဲ့သည်။

ကာလကြာရှည် ပြင်ပအင်အားစုများက “ဒီမိုကရေစီ”၊ “ဥပေဒေစိုးမိုးရေး”ဟူသော အလံကို ကိုင်ဆောင်၍ ဖြစ်စေ၊ “လူအခွင့်အရေး” ၊ “လွတ်လပ်ရေး”ဟူသည်ကို အကြောင်းပြ၍ ဖြစ်စေ ဟောင်ကောင်ရေးရာကို ပြောင်ပြောင်တင်းတင်း စွက်ဖက်ခဲ့ခြင်း၊ “ဟောင်ကောင်ဟူသော ဖဲချပ်”ဖြင့် တရုတ်ဖွံ့ဖြိုးရေးကို ဟန့်တားခြင်းများသည် အများက ဆောလျင်စွာ သိရှိပြီးဖြစ်သော ကြောင်သူတော်လုပ်ရပ်မှာ ခဝါကျပြီး ဖြစ်ကြောင်း ၊ ယခုအခါ ပြင်ပအင်အားစုများက မစောင့်ဆိုင်းနိုင်၍ ထွက်ပေါ်လာသောလုပ်ရပ်က ၎င်းတို့ စိတ်တိုင်းကျမွေးမြူထားသော “နိုင်ငံရေးကိုယ်စားလှယ်” တစ်ယောက်ပြီးတစ်ယောက် ဥပဒေ၏အရေးယူခြင်း ခံရမှုကို တွေ့မြင်ရသည့်အခါ ဂနာမငြိမ် ခြောက်ခြားလာခြင်းကို ပို၍ပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။

ကိုယ်တိုင်လမ်းဆုံးကို ရွေးချယ်သူသည် လူထု၏ပစ်ပယ်မှုကို ခံရမည်သာ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက အလေးထားပြောကြားခဲ့သည်။ ပြင်ပအင်အားစုများ မည်သို့ပင် အပုပ်ချပြောဆိုစေကာမူ ဟောင်ကောင်ရှုပ်ထွေးမှုမှ စီမံအုပ်ချုပ်ရေးအခြေအနေ၊ စီမံအုပ်ချုပ်ရေးအခြေအနေမှ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသို့ လျှောက်လှမ်းသည့် သမိုင်းကို တားဆီး၍ရမည် မဟုတ်သလို ဟောင်ကောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၏ တောက်ပသည့်အလားအလာကို ပြောင်းလဲ၍ရမည် မဟုတ်ကြောင်းနှင့် တရုတ်နိုင်ငံ ကြီးမားစွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးသို့ လျှောက်လှမ်းနေသော ခိုင်မာသည့်ခြေလှမ်းများကို တုံ့ဆိုင်းအောင် လုပ်ဆောင်၍ ရမည်မဟုတ်ကြောင်း ၊ မိမိတို့အနေဖြင့် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံရေးသမားများကို အခြေအနေမှန်သိမြင်ပြီးအန္တရာယ်ကိုအချိန်မီ ရပ်တန့်ရန်၊ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေနှင့် အထူးဒေသတရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုအား အပုပ်ချအမည်ဖျက်ခြင်းကို ချက်ချင်းရပ်တန့်ရန်၊ ဟောင်ကောင်ရေးရာနှင့် တရုတ်နိုင်ငံပြည်တွင်းရေး စွက်ဖက်မှုကို ချက်ချင်းရပ်တန့်ရန်၊ အရှုံးလမ်းဆုံးသို့ လျှောက်လေဝေးလေမဖြစ်ရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………………………..
(Chinese Version)
外交部驻港特派员公署:维护国家安全天经地义,外部干预纯属枉费心机
2022-05-12 17:15:32
新华社香港5月12日电(记者孔维一)针对美西方个别机构和政客信口雌黄,污蔑抹黑香港警方对涉嫌从事危害国家安全活动人员的正当执法行动,外交部驻港特派员公署发言人12日表示强烈不满和坚决反对,强调“权利自由”不是违法乱港活动的“挡箭牌”,敦促外部干预势力立即停止充斥意识形态偏见的拙劣政治表演。
发言人表示,香港是法治社会,有法必依,违法必究。任何人没有凌驾于法律之上的特权,无论是何身份背景,只要违反法律,就必须受到应有惩治,这在任何国家都是天经地义的。香港警方依照法定职权和法定程序秉公办案,调查拘捕涉嫌从事危害国家安全活动分子,是维护国家安全、捍卫特区法治与正义的正当必要之举,不容置喙。相关人员涉嫌串谋勾结外国或境外势力危害国家安全,性质恶劣。这些人去过哪里、做过什么,外部干预势力心知肚明,不要揣着明白装糊涂!
发言人指出,香港国安法实施以来,国家安全、社会安定、市民安心,法治秩序重回正轨,港人合法权利与自由受到充分保护。长期以来,外部干预势力无论是打着“民主”“法治”的旗号,还是“人权”“自由”的幌子,卖的始终是粗暴干预香港事务、打“香港牌”遏制中国发展的私货,世人早已看清其伪善面目,“西洋镜”早已被拆穿。外部势力此次急不可耐地跳将出来,更暴露出他们看到自己精心扶植的“政治代理人”一个接一个面临法律制裁后无法掩饰的狂躁与不安。
发言人强调,自选绝路者,众必弃之。外部干预势力任何污蔑抹黑都阻挡不了香港由乱转治、由治及兴的历史大势,都改变不了香港繁荣发展的光明前景,都迟滞不了中华民族伟大复兴的铿锵步伐。我们敦促有关国家和政客认清形势、悬崖勒马,立即停止诋毁抹黑香港国安法和特区执法行动,立即停止干预香港事务和中国内政,不要在注定失败的绝路上越走越远!(完)

图说1:香港金紫荆广场(资料图片)。新华社记者 吴晓初 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.