Connect with us

Europe

ဥရောပတိုက်တွင် တောမီးကြောင့် ပျက်စီးခဲ့သည့် မြေဧရိယာမှာ ယခုနှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

ဂရိနိုင်ငံ အေသင်မြို့အနီး၌ တောမီးလောင်နေသည်ကို ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ဥရောပ သစ်တောမီးသတ်သတင်းအချက်အလက်စနစ်(EFFIS)မှ နောက်ဆုံးရအချက်အလက်များအရ ယခုနှစ်အတွင်း ဥရောပတိုက်တွင် မြေဧရိယာ ဟက်တာပေါင်း ၆၆၀,၀၀၀ နီးပါး တောမီးကြောင့် ပျက်စီးခဲ့ပြီး သက်ဆိုင်ရာ အချက်အလက်များ စတင်မှတ်တမ်းတင်ခဲ့သည့် ၂၀၀၆ ခုနှစ်နောက်ပိုင်း စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခင်က တောမီး အဓိကလောင်ကျွမ်းသောနေရာမှာ မြေထဲပင်လယ်ပတ်ဝန်းကျင်ဒေသဖြစ်ပြီး ယခုနှစ်တွင် သြစတြီးယား၊ ဂျာမနီနှင့် အခြားဥရောပနိုင်ငံများတွင် တောမီးလောင်ကျွမ်းမှု မကြာခဏဖြစ်ပွားခဲ့ရာ အဆောက်အအုံနှင့် အပင်များပျက်စီးခဲ့ပြီး လူအများလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဥရောပ “ဒေသန္တရ” သတင်းဝက်ဘ်ဆိုက်က သြဂုတ် ၁၃ ရက်၌ ပြောကြားခဲ့သည်။သတင်းအချက်အလက်များအရ ယခုနှစ်တွင် စပိန်နိုင်ငံ၌ တောမီးကြောင့် မြေယာပျက်စီးမှုသည် အဆိုးဝါးဆုံးဖြစ်ပြီး မြေဟက်တာပေါင်း ၂၄၀,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

EFFIS ညှိနှိုင်းရေးမှူး Jesus San Miguel ၏ပြောကြားချက်အရ ၂၀၂၂ ခုနှစ်၏ သက်ဆိုင်ရာအချက်အလက်များသည် “၂၀၁၇ ခုနှစ်ထက်အနည်းငယ်သာလျော့ကြောင်း” ၊ ထိုနှစ်တွင် တောမီးကြောင့် ပျက်စီးခဲ့သည့် မြေဧရိယာ ၉၉၀,၀၀၀ ဟက်တာ နီးပါးရှိကြောင်း သိရသည်။ သို့သော် ၂၀၁၇ ခုနှစ် သြဂုတ် ၁၃ ရက်အထိ အချက်အလက်များအရ ဥရောပတွင် တောမီးကြောင့် ပျက်စီးသည့်မြေဧရိယာပေါင်း ၄၂၀,၀၀၀ ဟက်တာ ရှိကြောင်းနှင့် ယခုနှစ် ကာလတူထက်လျော့နည်းကြောင်း သိရသည်။

“ဒီနှစ် မိုးခေါင်ရေရှားမှုနဲ့ အစွန်းရောက် အပူချိန်က ဥရောပတိုက်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ ဒေသတစ်ခုလုံးရဲ့ အခြေအနေဟာ စိုးရိမ်စရာဖြစ်ပြီး ယခုမှာ မီးဘေးရာသီ ကြားကာလသာရှိသေးတယ်” ဟု San Miguel က ပြောကြားခဲ့သည်။
၂၀၁၀ ခုနှစ်မှစ၍ ဥရောပတိုက်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် တောမီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ တိုးလာသည့် အနေအထားတွင်ရှိနေပြီး နိုင်ငံတွင်း၌ ပုံမှန်အားဖြင့် မီးလောင်ကျွမ်းမှု မဖြစ်ပွားတတ်သောနိုင်ငံများတွင်ပင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားလျက်ရှိကြောင်း ၎င်းကဆိုသည်။

EFFIS ကို ဥရောပကော်မရှင်မှ ဖွဲ့စည်းထားပြီး ယင်းစနစ်က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂ ဆိုင်ရာအဖွဲ့အစည်းများအတွက် တောမီးသတိပေးချက်နှင့် တောမီးသက်ရောက်မှု အကဲဖြတ်ခြင်းများ ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
#Europe #Wildfire #Xinhua #Myanmar #XinhuaMyanmar #ဥရောပ #တောမီး #ဆင်ဟွာ
…………………………………………
今年以来欧洲林火毁地面积创同期新高
新华社北京8月15日电 欧洲森林火灾信息系统最新数据显示,今年以来,欧洲已有近66万公顷土地遭林火毁坏,创2006年开始相关记录以来的同期新高。
欧洲“本地”新闻网站14日报道,以往地中海周边地区是林火主要发生地,但今年奥地利、德国等位于欧洲其他地区的国家也发生多场林火,建筑和林木遭殃,不少人被迫疏散。
这是7月19日在希腊雅典拍摄的山火。新华社发(帕纳约蒂斯摄)
系统数据显示,今年西班牙林火毁地情况最严重,已有超过24万公顷土地毁于林火。
依照欧洲森林火灾信息系统协调员赫苏斯•圣米格尔的说法,2022年以来相关数据“仅次于2017年”,当年全年林火毁地面积将近99万公顷。不过,2017年截至当年8月13日的数据显示,欧洲有超过42万公顷土地毁于林火,低于今年同期水平。
圣米格尔说:“今年干旱和极端高温影响了整个欧洲,地区整体情况令人担忧,我们仍处于火灾季中期。”
8月7日,在罗马尼亚泰莱奥尔曼县,高温干旱导致植被着火。新华社发(彼得雷斯库摄)
他还说,自2010年以来,欧洲中部和北部地区的林火有增多趋势,“通常境内不会发生火灾”的国家如今也发生了林火。
欧洲森林火灾信息系统由欧盟委员会建立,负责向欧盟成员国和欧盟有关机构发布森林火警信息、评估林火影响等。(乔颖)