Connect with us

North America

ဒေါ်နယ်ထရမ့်က ရာဇဝတ်မှုများ ချိုးဖောက်နိုင်ခြေရှိကြောင်း အမေရိကန် ရှာဖွေရေးဝရမ်းတွင် ဖော်ပြ

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/AP)

ဝါရှင်တန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ ခရိုင်တရားရုံးမှ တရားသူကြီး၏ ခွင့်ပြုချက်အရ FBI အဖွဲ့ဝင်များက မကြာသေးမီရက်များတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ မာ-အာ-လာဂိုနေအိမ်ကို ဝင်ရောက်ရှာဖွေသည့် ရှာဖွေရေးဝရမ်းကို သြဂုတ် ၁၂ ရက်က ထုတ်ဖော်ခဲ့ပြီး ယင်းဝရမ်းတွင် ဒေါ်နယ်ထရမ့်၏ ဖက်ဒရယ်အစိုးရစာရွက်စာတမ်းများ ကိုင်တွယ်မှု မသင့်လျော်ခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းမှုများ ပေးပို့ခြင်းကို နှောင့်ယှက်ခြင်း အပါအဝင် ရာဇဝတ်မှု ၃ ခုကို ချိုးဖောက်နိုင်ခြေရှိကြောင်း ဖော်ပြထားသည်။ သက်ဆိုင်ရာ စွဲဆိုချက်များ အတည်ပြုခဲ့ပါက ဒဏ်ရိုက်ခြင်း သို့မဟုတ် ထောင်ဒဏ်များချမှတ်ခြင်းများ ခံရနိုင်ကြောင်း သိရသည်။

ထို့ပြင် တရားဝင်ရှာဖွေသိမ်းဆည်းထားသည့် ပစ္စည်းများစာရင်းအရ ရှာဖွေစစ်ဆေးသူများက မာ-အာ-လာဂိုမှ “ထိပ်တန်း လျှို့ဝှက်” တံဆိပ်တပ်ထားသည့် စာရွက်စာတမ်းအပါအဝင် ပစ္စည်း ၃၃ ခု သိမ်းဆည်းခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
美国搜查令列举特朗普可能存在的刑事犯罪行为
新华社华盛顿8月13日电经美国一家联邦地区法院法官批准,联邦调查人员近期突击搜查前总统特朗普住所海湖庄园时所执行的搜查令12日公开,其中列举了特朗普可能存在的3项刑事犯罪行为,包括处理联邦政府文件不当、妨碍司法和传输国防情报。相关罪名如果成立可导致罚款或监禁。
另据公开的查获物品清单,调查人员从海湖庄园带走33项物品,包括一些被标注为“最高机密”的文件。(完)