Connect with us

Europe

ဗြိတိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် သိမ်းစ်မြစ် မြစ်ဖျားဒေသ မြစ်ရေခန်းခြောက်မှုဖြစ်ပွား

Cirencester ၊ ဗြိတိန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ Cirencester အနီးရှိ မြစ်ရေခန်းခြောက်နေသည့် သိမ်းစ်မြစ် မြစ်ဖျားဒေသနှင့် “သိမ်းစ်မြစ် မြစ်ဖျား” ဟု ရေးသားထားသည့် ကျောက်စာအား သြဂုတ် ၁၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် သီတင်းပတ်များစွာ မိုးအလွန်နည်းပါးခဲ့သည့်အပြင် ဇူလိုင်လအတွင်း အပူချိန်ဆက်လက်မြင့်မားမှုကြောင့် လက်ရှိ၌ သိမ်းစ်မြစ် မြစ်ဖျားဒေသ မြစ်ရေခန်းခြောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သိမ်းစ်မြစ်သည် အင်္ဂလန်၊ Cotswolds တောင်၏ Cirencester မြို့နယ်မှ မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်ကြောင်း တရားဝင် အသိအမှတ်ပြုထားသည်။ လက်ရှိတွင် ယင်းမြစ်ဖျားမှ အောက်ပိုင်းသို့စီးဆင်းသည့် ကီလိုမီတာပေါင်းများစွာရှိသော မြစ်ကြမ်းပြင်မှာ ရေခန်းခြောက်နေပြီး ရံဖန်ရံခါတွင်မူ ရေအနည်းငယ်ဝပ်နေသော ရေအိုင်ကိုသာ တွေ့မြင်နိုင်ကြောင်း သိရသည်။ (Xinhua)

…………………………………………
英国炎热 泰晤士河源头干涸
新华社照片,赛伦塞斯特(英国),2022年8月15日
这是8月14日在英国赛伦塞斯特附近拍摄的干涸的泰晤士河发源地和一块写有“泰晤士河起点”的石碑。
英国英格兰地区接连几周少雨,加上7月份持续高温,泰晤士河的源头眼下已经干涸。官方认定,泰晤士河发源于英格兰科茨沃尔德山区的赛伦塞斯特镇。如今从这条河源头向下游延伸出的数公里河床泥土裸露,偶见水坑。
新华社发(蒂姆•爱尔兰摄)