Connect with us

North America

ရုရှားက အမေရိကန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများအား လဲလှယ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ရန် အသင့်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနပြောကြား

အမေရိကန် ဘတ်စကက်ဘော ကစားသမား Brittney Griner အား ၂၀၂၁ ခုနှစ် သြဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ရုရှားက အမေရိကန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများအား လဲလှယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ပညာရှင်ပီသသော ဆွေးနွေးမှုများပြုလုပ်ရန် အသင့်ဖြစ်ပြီး လက်တွေ့ကျသော စီမံချက်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က သြဂုတ် ၁၄ ရက်တွင် Russia-1 ရုပ်သံလိုင်း၏ မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။အမေရိကန်၌ ဖမ်းဆီးထိန်းသိမ်းထားသည့် ရုရှားစီးပွားရေးပညာရှင် Viktor Bout ကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန်နှင့် လဲလှယ်နိုင်ခြေရှိမရှိနှင့် ပတ်သက်၍ ပြောကြားရာတွင် Zakharova က ဖမ်းဆီးထိန်းသိမ်းထားသူများကို လဲလှယ်ရန်မှာ ကျွမ်းကျင်အဖွဲ့အစည်းများ ညှိနှိုင်းမှု လိုအပ်ကြောင်းနှင့် ယင်းနှင့်ပက်သက်၍ ရုရှားက ကျွမ်းကျင်အဖွဲ့များအကြား ဆွေးနွေးမှုနှင့် လက်တွေ့ကျသော ဆောင်ရွက်ချက်များ အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် နိုင်ငံရေးပူးပေါင်းကြံစည်မှုနှင့် အဓိပ္ပာယ်မရှိသော ငြင်းပွားမှုများ မပြုရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

ရုရှားနိုင်ငံတွင် မူးယစ်ဆေးဝါး မှောင်ခိုမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန် ဘတ်စကက်ဘော ကစားသမား Brittney Griner နှင့် ရုရှား၌ သူလျှိုပြုလုပ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် အမေရိကန် မရိန်းတပ်သားဟောင်း Paul Whelan တို့အား လွှတ်ပေးရန် အမေရိကန်က ရုရှားအား “လက်တွေ့ကျသည့် ကမ်းလှမ်းချက်များ” ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်ဘက်ကြား စေ့စပ်ညှိနှိုင်းမှုများက “ကိုယ်စီ၏ အဓိကအကျိုးစီးပွား” ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း Zakharova က ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
俄外交部:俄方已准备好与美国就交换在押人员进行专业对话
新华社莫斯科8月14日电(记者黄河)俄罗斯外交部发言人扎哈罗娃14日在接受“俄罗斯-1”电视频道采访时表示,俄方已准备好与美方就交换在押人员问题进行专业对话,并采取具体行动。
在谈到是否可能在今年底前与美方交换在美服刑的俄罗斯商人维克托•布特时,扎哈罗娃表示,交换在押人员的谈判需要专业团队,俄方已准备好就此进行专业对话和具体行动,希望美方不要再搞政治阴谋和进行无谓的争吵。
据报道,美国国务卿布林肯7月27日曾表示,美方已向俄罗斯发出“实质性提议”,以争取俄方释放涉嫌走私毒品的美国女子篮球运动员布里特妮•格里纳和在俄被判间谍罪的美前海军陆战队员保罗•惠兰。扎哈罗娃7月28日表示,双方的谈判应“考虑各自核心