Connect with us

Europe

ရုရှားနိုင်ငံအနေဖြင့် မဟာမိတ်နှင့်မိတ်ဖက်များကို ခေတ်မီလက်နက်များ ပံ့ပိုးသွားလိုကြောင်း ပူတင် ပြောကြား

ရုရှားသမ္မတ ပူတင်အား ရုရှားနိုင်ငံ မော်စကိုတွင် ကျင်းပသော နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂ “International Army Games-2022”နှင့် နိုင်ငံတကာစစ်ဘက်ဆိုင်ရာ နည်းပညာ ဖိုရမ်"Army-2022"ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားနေသည်ကို ဩဂုတ် ၁၅ ရက်က တွေ့ရစဉ်(ဓာတ်ပုံ- Kremlin press release)

မော်စကို၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် လက်တင်အမေရိက၊ အာရှနှင့် အာဖရိက နိုင်ငံများအကြား အစဉ်ခိုင်မာ၍ ချစ်ကြည်ရင်းနှီးပြီး အမှန်တကယ်ယုံကြည်ရသောဆက်ဆံရေးကို အထူးအလေးထားရာ မဟာမိတ်နှင့်မိတ်ဖက်များကို စက်သေနတ်၊ အမြောက်၊ သံချပ်ကာယာဉ်၊ တိုက်လေယာဉ်နှင့် ဒရုန်း စသည့် ခေတ်မီလက်နက်များကို ပံ့ပိုးသွားလိုကြောင်း ရုရှားသမ္မတ ပူတင်က ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ရုရှား စစ်လက်နက်ပစ္စည်းများသည် ပြည်ပရှိ အမျိုးအစားတူ ပစ္စည်းများနှင့်နှိုင်းယှဉ်လျှင် သိသာထင်ရှားသော ရှေ့ဆောင်အားသာချက် ရှိကြောင်း၊ အထူးသဖြင့် ပစ်မှတ်တိကျမှုမြင့်မားသော လက်နက်၊ စက်ရုပ်လူသားနည်းပညာနှင့် တိုက်ခိုက်ရေးစနစ်များဖြစ်သည်ဟု ပူတင်က ယင်းနေ့ မော်စကိုပြည်နယ်၊ Odintsovo ဒေသ၊ Patriot ဥယျာဉ်၌ ကျင်းပသော နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂ “International Army Games-2022”နှင့် နိုင်ငံတကာစစ်ဘက်ဆိုင်ရာ နည်းပညာ ဖိုရမ်”Army-2022″ဖွင့်ပွဲအခမ်းအနားအမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက် သတင်းများအရသိရသည်။

ရုရှားအနေဖြင့် လက်နက်ပစ္စည်းအသစ်များကို တည်ဆောက်ရာတွင် တန်းတူညီမျှမှုကို အခြေခံ၍ ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်သလို တစ်ချိန်တည်းတွင်ပင် မဟာမိတ်နိုင်ငံနှင့်မိတ်ဖက်များနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ရှုပ်ထွေးသည့် စစ်ဆင်ရေးတာဝန်များကို သတ်မှတ်ရေးဆွဲခြင်းသည် စစ်ဘက်ဆိုင်ရာနည်းပညာစွမ်းရည်နှင့် စစ်ရေးကွပ်ကဲမှုအရည်အသွေးကို မြှင့်တင်ရာတွင်လည်းကောင်း၊ တပ်ဖွဲ့များအကြား နည်းဗျူဟာ ပေါင်းစပ်ညှိနှိုင်းရာတွင်လည်းကောင်း လေးနက်သည့်အဓိပ္ပါယ်ရှိကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ (Xinhua)

#Russia #MilitaryCooperation #Xinhua #Xinhuamyanmar #ရုရှား #စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု #ဆင်ဟွာ
普京:俄罗斯愿向盟友和伙伴提供现代化武器
新华社莫斯科8月15日电(记者黄河)俄罗斯总统普京15日说,俄罗斯十分重视与拉丁美洲、亚洲和非洲国家之间历来牢固、友好、真正值得信任的关系,愿向盟友和伙伴提供枪械、火炮、装甲车、战斗机和无人机等现代化武器。
据克里姆林宫网站消息,普京当天在莫斯科州奥金佐沃区爱国者公园出席“国际军事比赛-2022”和“军队-2022”国际军事技术论坛开幕式并发表讲话说,许多俄罗斯军事装备领先国外同类装备并在性能上明显占优,特别是高精度武器、机器人技术及战斗系统。
普京说,俄罗斯将打造新型武器装备,在公平、平等的基础上积极开展合作,与此同时俄罗斯主张继续与其盟国和伙伴进行联合军事演习。他强调,制定复杂的作战训练任务对于提高军事技能和军事指挥质量、提高部队间战术协同具有重要意义。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.