Connect with us

Science & Technology

တရုတ်အာကာသစခန်း ဂြိုဟ်ပတ်လမ်း၌တည်ဆောက်မှု ယခုနှစ်အတွင်း ပြီးမြောက်မည် ဖြစ်

တရုတ်နိုင်ငံ Shenzhou-13 အာကာသယာဉ်မှူး ကျိုက်ကျစ်ကန်းက အာကာသစခန်းပြင်ပ တာဝန်များအပြီး လက်ပြနှုတ်ဆက်နေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက် ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC) မှ ရိုက်ကူးထားသည့်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ဧပြီ ၁၈ ရက်တွင်《Economic Information Daily》မှ သတင်းထောက် ကောချန့်ရေးသားသည့် 《တရုတ်အာကာသစခန်း ဂြိုဟ်ပတ်လမ်း၌ တည်ဆောက်မှု ယခုနှစ်အတွင်း ပြီးမြောက်မည်ဖြစ်》ဟူသော ဆောင်းပါးအား ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ သတင်းနှင့်ပြန်ကြားရေးရုံး၏ ဧပြီ ၁၇ ရက်တွင်ကျင်းပသည့် တရုတ်အာကာသစခန်းတည်ဆောက်ရေးတိုးတက်မှုအခြေအနေ သတင်းစာရှင်းပွဲ၌ China Manned Space Agencyအကြီးအကဲ ဟောင်ချွန်က အာကာသအစီအစဉ်များအရ ၂၀၂၂ ခုနှစ်တွင် ပျံသန်းရေးမစ်ရှင် ၆ ကြိမ် ဖော်ဆောင်ပြီး တရုတ်အာကာသစခန်း ဂြိုဟ်ပတ်လမ်း၌ တည်ဆောက်မှုကို ပြီးမြောက်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု မိတ်ဆက်ပြောကြားခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။ယင်း မစ်ရှင် ၆ ခုမှာ မေလတွင် Tianzhou-4 ကုန်တင်အာကာသယာဉ် စေလွှတ်ခြင်း၊ ဇွန်လတွင် အာကာသယာဉ်မှူး ၃ ဦးအား အာကာသစခန်းပင်မခန်းတွင် ၆ လကြာနေထိုင်ရန်အတွက် Shenzhou-14 လူလိုက်ပါသောအာကာသယာဉ် လွှတ်တင်ခြင်း၊ ဇူလိုင်လတွင် အာကာသစခန်း Wentian စမ်းသပ်ခန်း လွှတ်တင်၍ Tianhe ပင်မခန်းနှင့်ချိတ်ဆက်ခြင်း၊ အောက်တိုဘာလတွင် Mengtian စမ်းသပ်ခန်းလွှတ်တင်၍ အာကာသစခန်ပင်မခန်းနှင့်ချိတ်ဆက်ပြီး အာကာသစခန်း အခန်း ၃ ခန်းအား “ T ”သဏ္ဍာန် အခြေခံပုံစံဖြစ်လာအောင် ဆောင်ရွက်ကာ တရုတ်အာကာသစခန်း ဂြိုဟ်ပတ်လမ်း၌ ပြီးသတ်ဆောင်ရွက်ခြင်း ၊ ထို့နောက် Tianzhou-5 ကုန်တင်အာကာသယာဉ်နှင့် Shenzhou-15 လူလိုက်ပါသောအာကာသယာဉ်များ လွှတ်တင်သွားမည် ဖြစ်ကာ Shenzhou-15 အာကာသယာဉ်မှူးများက Shenzhou-14 အာကာသယာဉ်မှူးများထံမှ တာဝန်လွှဲယူကာ ဂြိုဟ်ပတ်လမ်းတွင် ၆ လကြာ နေထိုင်ခြင်း တို့ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အာကာသစခန်း စက်ရုပ်လက်တံဖြင့် ကုန်တင်အာကာသယာဉ် ရွှေ့ပြောင်းစမ်းသပ်မှုကို ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ ရိုက်ကူးရာ Tianzhou-2 ကုန်တင်အာကာသယာဉ်နှင့် Tianhe အာကာသစခန်းပင်မခန်း ပြန်လည်ချိတ်ဆက်ထားသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“၂၀၂၂ ခုနှစ်က အာကာသစခန်းတည်ဆောက်မှု ပန်းတိုင်ကိုတက်လှမ်းမည့်နောက်ဆုံးနှစ် ဖြစ်သလို တရုတ်အာကာသလုပ်ငန်းစီမံကိန်းများအကောင်အထည်ဖော်သည့် နှစ် ၃၀ ပြည့်အခါသမယနဲ့လည်း ဖြစ်ပါတယ်။ တရုတ်အာကာသစခန်းတည်ဆောက်ရေး၊ အမျိုးသားအာကာသစမ်းသပ်ခန်း ပြီးမြောက်အောင် တည်ဆောက်ခြင်းက လူလိုက်ပါသောအာကာသလုပ်ငန်းများရဲ့ ‘ခြေလှမ်းသုံးရပ်’ မဟာဗျူဟာ အဓိကရည်မှန်းချက်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး အာကာသအင်အားကြီးနိုင်ငံ ၊ သိပ္ပံနည်းပညာ အင်အားကြီးနိုင်ငံ တည်ဆောက်ရေးရဲ့ အရေးကြီးမှတ်တိုင်ဖြစ်တယ်”ဟု China Manned Space Agencyအကြီးအကဲ ဟောင်ချွန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ Shenzhou-13 အာကာသယာဉ်မှူး ကျိုက်ကျစ်ကန်းက တာဝန်ထမ်းဆောင်ရန် အာကာသစခန်းပြင်ပသို့ ထွက်ခွာနေသည့် မြင်ကွင်းအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာကာသစခန်း၏အချက်အချာကျသော နည်းပညာစမ်းသပ်ခြင်းအဆင့် မစ်ရှင်များမှတစ်ဆင့် တရုတ်နိုင်ငံသည် အာကာသစခန်းတည်ဆောက်ရေး အချက်အချာနည်းပညာများကို ဘက်စုံ ပိုင်နိုင်စွာ ထိုးဖောက်နိုင်မည် ဖြစ်ပြီး စီစဉ်ညွှန်ကြားမှုစနစ်များကို ပြီးပြည်စုံကောင်းမွန်အောင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊တရုတ်ဝိသေသလက္ခဏာနှင့်ပြည့်စုံသော လူလိုက်ပါသောအာကာသကဏ္ဍလည်ပတ်ရေး စီမံခန့်ခွဲမှုစနစ်ကို ကနဦးတည်ဆောက်ထားပြီး၊ အရည်အသွေးမြင့် အာကာသသိပ္ပံသုတေသနရလဒ်များနှင့်အတူ ထင်ရှားသည့် ဘက်စုံအကျိုးရလဒ်များကို ဆွတ်ခူးနိုင်ပြီဖြစ်ကြောင်း ကောချွန်က ပြောကြားခဲ့သည်။ (Xinhua)

#China, #SpaceStation, #xinhua, #xinhuamyanmar, #တရုတ်, #အာကာသစခန်း, #ဆင်ဟွာ
—————————-
(ChineseVersion)
今年我国将完成中国空间站在轨建造
2022-04-18 09:40:18 分类: 宏观经济
新华社北京4月18日电 《经济参考报》4月18日刊发记者郭倩采写的文章《今年我国将完成中国空间站在轨建造》。文章称,4月17日,在国新办举行的中国空间站建造进展情况新闻发布会上,中国载人航天工程办公室主任郝淳介绍,根据任务安排,2022年将实施6次飞行任务,完成我国空间站在轨建造。
据介绍,这6次任务分别是:5月发射天舟四号货运飞船;6月发射神舟十四号载人飞船,3名航天员进驻核心舱并在轨驻留6个月;7月发射空间站问天实验舱,与天和核心舱对接;10月发射梦天实验舱与核心舱对接,之后空间站三舱形成“T”字基本构型,完成中国空间站在轨建造;随后将发射天舟五号货运飞船和神舟十五号载人飞船,神舟十五号飞行乘组由3名航天员组成,与神舟十四号航天员在轨轮换后,在轨驻留6个月。
“2022年是完成空间站建造的决战决胜之年,又恰逢中国载人航天工程立项实施30周年。建造中国空间站、建成国家太空实验室是实现载人航天工程‘三步走’战略的重要目标,是建设航天强国、科技强国的重要标志。”郝淳说。